ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ပထမအကျော့ ပွဲကြိုသုံးသပ်ချက်

ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ပထမအကျော့ ပွဲကြိုသုံးသပ်ချက်
Photo: X
Photo: X
Published 29 April 2026

အက်သလက်တီကို - အာဆင်နယ် (ဧပြီ ၃၀ ရက် နံနက် ၁း၃၀ နာရီ)

နောက်ဆုံး(၅)ပွဲ တွေ့ဆုံမှု

၂၀၀၉-၁၀ (EMI)အာဆင်နယ် ၂-၁ အက်သလက်တီကို

၂၀၁၇-၁၈ (EL)အာဆင်နယ် ၁-၁ အက်သလက်တီကို၊ အက်သလက်တီကို ၁-၀ အာဆင်နယ်

၂၀၁၈-၁၉ (ICC)အက်သလက်တီကို ၂-၁ အာဆင်နယ်

၂၀၂၅-၂၆ (UCL)အာဆင်နယ် ၄-၀ အက်သလက်တီကို

အာဆင်နယ်က အခုနောက်ပိုင်းမှာ အရင်လောက် ခြေစွမ်းမကောင်းတော့တာကြောင့် ချန်ပီယံဆုအတွက် ရေပန်းစားမှု လျော့ကျလာခဲ့ပေမဲ့ ဒီဆီမီးဖိုင်နယ်အတွဲအဖက်မှာတော့ ဗိုလ်လုပွဲတက်ဖို့ အလားအလာပိုကောင်းတဲ့အသင်းအဖြစ် သတ်မှတ်ခံထားရပါတယ်။ ဒီပွဲက အက်သလက်တီကိုကွင်းမှာ ယှဉ်ပြိုင်ကစားရမှာဖြစ်ပေမဲ့လည်း အာဆင်နယ်ကို အပေါ်အသင်းအဖြစ် သတ်မှတ်ထားပါတယ်။ ဒါကတော့ အက်သလက်တီကိုအသင်းအနေနဲ့ ပြိုင်ပွဲစုံနောက်ဆုံး(၅)ပွဲမှာ နောက်ဆုံးတစ်ပွဲပဲ အနိုင်ရခဲ့ပြီး ခြေစွမ်းတည်ငြိိမ်မှုမရှိတာကြောင့် ဖြစ်နိုင်ပါတယ်။ အက်သလက်တီကိုအသင်းရဲ့ လတ်တလောအိမ်ကွင်းစွမ်းဆောင်ရည်ကလည်း အာဆင်နယ်အသင်းကို ခြောက်လှန့်နိုင်စွမ်း ရှိမနေပါဘူး။ ဒီရာသီ League Phase အဆင့်မှာ ဆုံတွေ့တုန်းက (၄-၀)ဂိုးနဲ့ ဂိုးပြတ်အနိုင်ရခဲ့တဲ့ အာဆင်နယ်အသင်း အဝေးကွင်းမှာ မရှုံံးအောင် စွမ်းဆောင်နိုင်ခြေရှိပါတယ်။

 

Most Read

Most Recent