Nations League ပွဲစဉ်များကစားမည့် ခရိုအေးရှားအသင်း လူစာရင်းတွင် ၀ါရင့်ကစားသမား မိုဒရစ် ပါဝင်လာ

Nations League ပွဲစဉ်များကစားမည့် ခရိုအေးရှားအသင်း လူစာရင်းတွင် ၀ါရင့်ကစားသမား မိုဒရစ် ပါဝင်လာ
Photo: Blueprint Newspapers
Photo: Blueprint Newspapers
Published 21 August 2024

 

လာမည့်စက်တင်ဘာလ၌  Nations League  ပွဲစဉ်များကစားမည့် ခရိုအေးရှားအသင်း၏လူစာရင်းကို ထုတ်ပြန်ခဲ့ရာတွင် ၀ါရင့်ကွင်းလယ်ကစားသမား မိုဒရစ်လည်း ပါဝင်လာခဲ့ကြောင်း သိရသည်။

စက်တင်ဘာလအတွင်း အသက် ၃၉ နှစ်ပြည့်တော့မည့် မိုဒရစ်သည် နွေရာသီကာလအတွင်း ယူရို-၂၀၂၄ ပြိုင်ပွဲ အုပ်စုအဆင့်မှ ထွက်ခဲ့ရပြီးနောက် သူ၏လက်ရွေးစင်ကစားသမားဘဝ အနာဂတ်မှာလည်း မသေမချာ ဖြစ်ခဲ့ရသည်။ 

သို့သော် မိုဒရစ်အနေဖြင့် သူ၏ အသင်းဖော်များဖြစ်သည့် ဗီဒါနှင့် ဘရိုဇိုဗစ် တို့နှစ်ဦး လက်ရွေးစင်ကစားသမားဘဝမှ အနားယူသွားခဲ့ပြီဖြစ်သော်လည်း ၎င်းက နိုင်ငံအသင်းအတွက် ဆက်လက်ကစားပေးရန် ဆုံးဖြတ်ခဲ့သည်။ 

"ကျွန်တော်တို့ရဲ့အသင်းခေါင်းဆောင် ဆက်ရှိနေလို့ ပျော်ရွှင်မိပါတယ်။ သူဟာ ကျွန်တော်တို့ရဲ့ကြီးမားတဲ့ ခွန်အားပါပဲ။ ကွင်းတွင်းကွင်းပြင် နှစ်ခုစလုံးမှာပေါ့"ဟု ခရိုအေးရှားအသင်းနည်းပြဖြစ်သူ ဒါလစ်က ပြောကြားခဲ့သည်။ 

မိုဒရစ်သည် လက်ရွေးစင်အသင်းနှင့် အသက် ၂၀ နှစ်အရွယ် ၂၀၀၆ ခုနှစ်တွင် ပွဲဦးထွက်ခဲ့ပြီး အသင်းသမိုင်းတစ်လျှောက် နိုင်ငံတကာပွဲအများဆုံးအဖြစ် ၁၇၈ ပွဲအထိ ကစားပေးထားကြောင်း သိရသည်။

Most Read

Most Recent