ခွာရတ်စကယ်လီယာအား ရောင်းချမည်မဟုတ်ဟု နာပိုလီအသင်းနည်းပြသစ် ကွန်တီအတည်ပြု

ခွာရတ်စကယ်လီယာအား ရောင်းချမည်မဟုတ်ဟု နာပိုလီအသင်းနည်းပြသစ် ကွန်တီအတည်ပြု
Photo: Corriera dello Sport
Photo: Corriera dello Sport
Published 29 June 2024

 

နာပိုလီအသင်း၏ နည်းပြသစ်ဖြစ်သူ ကွန်တီသည် အသင်း၏ဂျော်ဂျီယာကြယ်ပွင့်တောင်ပံကစားသမား ခွါရတ်စကယ်လီယာ (၂၃ နှစ်)အား လုံးဝရောင်းချမည်မဟုတ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။

ခွါရတ်စကယ်လီယာသည် နာပိုလီအသင်းနှင့်အတူ အကောင်းဆုံးခြေစွမ်းပြနေနိုင်သူဖြစ်ပြီး ၂၀၂၂-၂၃ ရာသီအသင်း၏ သမိုင်းဝင်စကူဒက်တို ချန်ပီယံအောင်ပွဲတွင် အဓိကနေရာမှ  ပါဝင်ခဲ့သူဖြစ်သည်။ 

လက်ရှိတွင်ခွါ ရတ်စကယ်လီယာအားခေါ်ယူရန်အတွက် ပြင်သစ်ထိပ်သီးကလပ် PSG အသင်းကစိတ်ဝင်စားနေပြီး ချဉ်းကပ်မှုများပြုလုပ်နေခြင်းအပေါ် နာပိုလီအသင်းနည်းပြ ကွန်တီက တုံ့ပြန်ခဲ့ခြင်း ဖြစ်သည်။ 

ကွန်တီက "ဒါဟာ (ခွါရတ်စကယ်လီယာ၏ အနာဂတ်နှင့်ပတ်သက်၍) အငြင်းပွားဖွယ်ရာမရှိပါဘူး။ အဖြေကရိုးရှင်းပါတယ်။ ခွါရတ်ဟာ ဒီအသင်းမှာပဲ ဆက်ရှိနေမှာပါ" ဟိုဆိုခဲ့သည်။  ခွါရတ်စကယ်လီယာသည် နာပိုလီအသင်းအတွက် (၂)ရာသီအတွင်းပြိုင်ပွဲစုံ (၈၈)ပွဲကစားရာတွင် (၂၅) ဂိုးသွင်းယူပေးထားနိုင်သည်။

Most Read

Most Recent