စကော့တလန်တိုက်စစ်မှူး လင်ဒန်ဒိုက်စ် ယူရို-၂၀၂၄ ပြိုင်ပွဲနှင့် လွဲချော်

စကော့တလန်တိုက်စစ်မှူး လင်ဒန်ဒိုက်စ် ယူရို-၂၀၂၄ ပြိုင်ပွဲနှင့် လွဲချော်
Photo: X
Photo: X
Published 3 June 2024

QPR အသင်းမှ စကော့တလန်လက်ရွေးစင်တိုက်စစ်မှူး လင်ဒန်ဒိုက်စ်သည် လေ့ကျင့်ရေးကွင်းတွင် ရရှိခဲ့သည့် ဒဏ်ရာပြဿနာကြောင့် လူစာရင်းမှ နုတ်ထွက်ခဲ့ပြီး ယူရို- ၂၀၂၄ ပြိုင်ပွဲနှင့် လွဲချော်ခဲ့ရပြီဖြစ်ကြောင်း သိရသည်။

လင်ဒန်ဒိုက်စ်(၂၈ နှစ်)သည် ယူရို-၂၀၂၄ ခြေစစ်ပွဲကာလ၌ ပွဲထွက်ကစားသမားအဖြစ် (၅)ပွဲကစားခွင့်ရခဲ့ပြီး (၁)ဂိုးသွင်းယူနိုင်ခဲ့သူဖြစ်သည်။

ယခုကဲ့သို့ လင်ဒန်ဒိုက်စ် ဒဏ်ရာရရှိခဲ့သည့်အတွက် အသင်းဖော်အားလုံး ဝမ်းနည်းခဲ့ရကြောင်း ကွင်းလယ်လူ ရိုင်ယန်ခရစ္စတီးက ပြောကြားခဲ့သည်။

Most Read

Most Recent