ယူရို ၂၀၂၄ တွင် အင်္ဂလန်အသင်း ဗိုလ်စွဲမည်ဟု ဗြိတိန်ရှိ ပရိသတ် (၄၀) ရာခိုင်နှုန်း ယုံကြည်

ယူရို ၂၀၂၄ တွင် အင်္ဂလန်အသင်း ဗိုလ်စွဲမည်ဟု ဗြိတိန်ရှိ ပရိသတ် (၄၀) ရာခိုင်နှုန်း ယုံကြည်
Photo: England
Photo: England
Published 13 June 2024

ယူရို ၂၀၂၄ ပြိုင်ပွဲတွင် နာမည်ကျော် အင်္ဂလန်အသင်း ဗိုလ်စွဲမည်ဟု ဗြိတိန်ရှိ ပရိသတ် (၄၀) ရာခိုင်နှုန်း ယုံကြည်နေကြကြောင်း သိရသည်။

ယူရို ၂၀၂၄ ပြိုင်ပွဲကို ဂျာမနီနိုင်ငံတွင် (ဇွန် ၁၄ ရက်)မှ ဇူလိုင် (၁၄) ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။

အင်္ဂလန်အသင်းသည် ယူရိုပြိုင်ပွဲသမိုင်းတစ်လျှောက် တစ်ကြိမ်တစ်ခါမှ ဗိုလ်စွဲဖူးခြင်းမရှိဘဲ ပြီးခဲ့သည့် ယူရို ၂၀၂၀ ပြိုင်ပွဲတွင် ဗိုလ်လုပွဲတက်ရောက်ဖူးသည်မှာ အသင်းသမိုင်းတစ်လျှောက် အမြင့်ဆုံးအောင်မြင်မှုဖြစ်သည်။

အင်္ဂလန်အသင်းအနေဖြင့် ယူရိုပြိုင်ပွဲတွင် ဗိုလ်စွဲဖူးခြင်းမရှိသော်လည်း ထိပ်တန်းကစားသမားများကို ပိုင်ဆိုင်ထားခြင်းကြောင့် ယူရို ၂၀၂၄ ပြိုင်ပွဲတွင် ဗိုလ်စွဲရန် ထိပ်ဆုံးမှ ရေပန်းစားနေကြောင်း သိရသည်။

ယခုအခါ bet365 နှင့် Research Without Barriers တို့သည် ဗြိတိန်ရှိ ဘောလုံးပရိသတ်များကို ယူရို ၂၀၂၄ ပြိုင်ပွဲတွင် ဗိုလ်စွဲမည့်အသင်းကို မေးမြန်းခဲ့ရာ ပရိသတ် (၄၀) ရာခိုင်နှုန်းက အင်္ဂလန်အသင်း ဗိုလ်စွဲလိမ့်မည်ဟု ဖြေဆိုခဲ့ကြောင်း သိရသည်။

bet365 နှင့် Research Without Barriers တို့သည် အဆိုပါစစ်တမ်းကို မေလ (၃၁) ရက်မှ ဇွန်လ (၂) ရက်အထိ ပြုလုပ်ပြီး ပရိသတ် (၂၀၀၈) ဦး၏ အမြင်များကို မေးမြန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းထဲတွင် ပရိသတ် (၄၀) ရာခိုင်နှုန်းက အင်္ဂလန်အသင်း ဗိုလ်စွဲမည်ဟု မဲပေးခဲ့ခြင်းဖြစ်ပြီး အင်္ဂလန်အသင်းနောက်တွင် ပြင်သစ်အသင်းက (၁၉ ရာခိုင်နှုန်း)၊ အိမ်ရှင် ဂျာမနီအသင်းက (၁၂ ရာခိုင်နှုန်း)နှင့် စပိန်အသင်းက (၈ ရာခိုင်နှုန်း)ဖြင့် အစဉ်လိုက်ရပ်တည်ခဲ့ကြောင်း သိရှိရသည်။ 

 

Most Read

Most Recent