မန်စီးတီးတွင် ပျော်ရွှင်သော်လည်း အနာဂတ်အတွက် မဆုံးဖြတ်ရသေးဟု အီဒါဆန် ပြောကြား

မန်စီးတီးတွင် ပျော်ရွှင်သော်လည်း အနာဂတ်အတွက် မဆုံးဖြတ်ရသေးဟု အီဒါဆန် ပြောကြား
Photo: Getty Images
Photo: Getty Images
Published 29 July 2024

မန်စီးတီးအသင်း၏ ဂိုးသမား အီဒါဆန်က အနာဂတ်အတွက် ယတိပြတ်မဆုံးဖြတ်ရသေးကြောင်း ပြောကြားခဲ့သည်။

အီဒါဆန်သည် ဂွါဒီယိုလာနှင့်အတူ မန်စီးတီးအသင်း၌ (၇)ရာသီကြာ လက်တွဲခဲ့သူဖြစ်ပြီး ယခုအခါ ဆော်ဒီလိဂ်သို့ ပြောင်းရွှေ့တော့မည်ဟု သတင်းကြီးနေသည်။

အယ်လ်အစ်တီဟတ်အသင်းက အီဒါဆန်ကို ခေါ်ယူရန် ကြိုးပမ်းနေပြီး မန်စီးတီးအသင်းတာဝန်ရှိသူများကလည်း ပြောင်းရွှေ့ကြေး ပေါင်သန်း(၅၀)ဝန်းကျင်ရရှိပါက လက်လွှတ်ဖွယ်ရှိနေကြောင်း သိရသည်။

ယင်းအခြေအနေတွင် အီဒါဆန်က ''ကျွန်တော် ဒီမှာ ပျော်ရွှင်ပါတယ်။ အသင်းမှာ ဆက်ရှိစေချင်တယ်ဆိုတဲ့ ပက်(ဂွါဒီယိုလာ)ရဲ့ စကားကလည်း အရမ်းကျေနပ်စရာပါ။ အနာဂတ်ကို ကျွန်တော် မဆုံးဖြတ်ရသေးပါဘူး။ ဘုရားသခင်ရဲ့ အလိုအတိုင်းပဲ ဖြစ်လာမှာပါ''ဟု ပြောကြားခဲ့သည်။

Most Read

Most Recent