ယူရို-၂၀၂၄ ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်

ယူရို-၂၀၂၄ ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
Photo: UEFA EURO 2024
Photo: UEFA EURO 2024
Published 14 July 2024

စပိန် - အင်္ဂလန် (မြန်မာစံတော်ချိန် တနင်္လာနံနက် ၁း၃၀ နာရီ)

■ Current Form

Spain WWWWW

England DDWWW

■ Head to Head

၁၇-၁၁-၂၀၀၄    စပိန်    ၁-ဝ    အင်္ဂလန်    (FRI)

၇-၂-၂၀၀၇    အင်္ဂလန်    ဝ - ၁ စပိန် (FRI)

၁၁-၂-၂၀၀၉    စပိန်    ၂- ဝ    အင်္ဂလန် (FRI)

၁၂-၁၁-၂၀၁၁    အင်္ဂလန်    ၁- ဝ    စပိန်     (FRI)

၁၃-၁၁-၂၀၁၅    စပိန်    ၂- ဝ    အင်္ဂလန် (FRI)

၁၅-၁၁-၂၀၁၆    အင်္ဂလန်    ၂-၂    စပိန်     (FRI)

၈-၉-၂၀၁၈    အင်္ဂလန်    ၁-၂    စပိန်    (UNL)

၁၅-၁၀-၂၀၁၈    စပိန်    ၂-၃    အင်္ဂလန် (UNL)

■ -စပိန်အသင်းသည် ယခု ယူရို-၂၀၂၄ ပြိုင်ပွဲတွင် ရာနှုန်းပြည့်နိုင်ပွဲရယူထားသည့် တစ်သင်းတည်းသောအသင်းဖြစ်ပြီး (၁၃)ဂိုးအထိသွင်းယူနိုင်ခဲ့ ကာ သွင်းဂိုးအများဆုံးအသင်းအဖြစ်လည်း ရပ်တည်နေသည်။

■ စပိန်အသင်းသည် ယခုပြိုင်ပွဲတွင် ဗိုလ်စွဲပါက ပြိုင်ပွဲသမိုင်းတစ်လျှောက် အအောင်မြင်ဆုံးအသင်းဖြစ်လာမည်ဖြစ်သည်။

    

■ ယင်း(၂)သင်းမှာ (၂၁)ရာစုအတွင်း အဓိကမေဂျာပြိုင်ပွဲများတွင် ပထမဆုံးတွေ့ဆုံခြင်းဖြစ်သည်။

စပိန်နဲ့ အင်္ဂလန်တို့က ယူရို-၂၀၂၄ ပြိုင်ပွဲရဲ့နောက်ဆုံး ပွဲစဉ်ဖြစ်တဲ့ ဗိုလ်လုပွဲကို ကစားကြတော့မှာဖြစ်တယ်။ နှစ်သင်းစ လုံးက ပြိုင်ပွဲမတိုင်ခင် ဗိုလ်စွဲဖို့ ရေပန်းစားနေကြတဲ့ အသင်း(၉) သင်းထဲက အသင်းတွေဖြစ်ပြီး လက်ရှိအချိန်မှာတော့ စပိန်အ သင်းက အားအကောင်းဆုံးအခြေအနေမှာ ရှိနေတယ်။ 

    

စပိန်အသင်းက ဒီပြိုင်ပွဲမှာ ကစားခဲ့တဲ့ ပွဲစဉ် (၆)ပွဲစလုံးကို ဆက်တိုက် အနိုင်ရရှိထားသလို၊ ပြိုင်ပွဲမတိုင်ခင်ကတည်းက စ တွက်ရင် (၈)ပွဲဆက်တိုက် အနိုင်ရထားတယ်။ ဒါ့အပြင် နောက် ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ (၁၈)ပွဲမှာလည်း (၁၅)ပွဲနိုင်၊ (၂ )ပွဲသရေ ကျ ပြီး (၁)ပွဲသာ ရှုံးခဲ့တာကို တွေ့ရတယ်။ တကယ်လို့ ဗိုလ်လုပွဲ မှာသာ အနိုင်ရခဲ့ရင် ယူရိုပြိုင်ပွဲသမိုင်းတစ်လျှောက်မှာ ပြိုင်ပွဲ အစအဆုံး ရာနှုန်းပြည့်နိုင်ပွဲရတဲ့ (ပယ်နယ်တီမပါ) ပထမဆုံးအ သင်းအဖြစ်လည်း ရပ်တည်နိုင်မှာဖြစ်တယ်။ ဒါ့အပြင် ပြိုင်ပွဲသ မိုင်းမှာ ဂျာမနီအသင်းနဲ့အတူ (၃)ကြိမ်စီ ဗိုလ်စွဲပြီး အကြိမ်အများ ဆုံးချန်ပီယံနေရာကို ပူးတွဲရပ်တည်နေရာက (၄)ကြိမ်မြောက် ဗိုလ်စွဲပြီး တစ်သင်းတည်း လွတ်လွတ်ကျွတ်ကျွတ် ဦးဆောင်နိုင် မှာဖြစ်တယ်။ 

    

စပိန်အသင်းရဲ့ ကွင်းလယ်မှာ အဓိက ကစားသမားဖြစ် တဲ့ ပတ်ဒရီက ဂျာမနီနဲ့ပွဲမှာ ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် ပြိုင်ပွဲတစ် ခုလုံး လွဲချော်တော့မှာ ဖြစ်ပေမယ့် ပြန်စဉ်းစားကြည့်ရင် စပိန်အ တွက် ပိုကောင်းသွားတာက တိုက်စစ်အရည်အသွေး ပိုမြင့်တဲ့ ဒန်နီအော်လ်မို ဝင်ရောက်လာခြင်းဖြစ်တယ်။ အော်လ်မိုက ဂျာ မနီအသင်းနဲ့ပွဲတုန်းက ပတ်ဒရီအစား လူစားဝင်လာပြီး အရေးပါ တဲ့ သွင်းဂိုးတစ်ဂိုးကို သွင်းယူပေးခဲ့သလို၊ ပြင်သစ်အသင်းနဲ့ က စားခဲ့တဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်မှာလည်း အဖွင့်ဂိုးက သူ့ရဲ့ Built up Play ကနေ ရခဲ့တာဖြစ်သလို ဒုတိယဂိုးကလည်း သူ့ ရဲ့ ကန် ချက်ကြောင့်လမ်းကြောင်းပြောင်းပြီး ဂိုးရသွားခဲ့ခြင်းဖြစ်တယ်။ ဒါကြောင့် အော်လ်မိုအသင်းကို ပါဝင်လာခြင်းက စပိန် အသင်း ရဲ့ တိုက်စစ်ကစားဟန်ကို အပြောင်းအလဲ ဖြစ်စေခဲ့သလို ပိုပြီး ထက်မြက်တဲ့ ပုံစံကိုလည်း မြင်လာရတယ်လို့ ဆိုရမယ်။ 

အင်္ဂလန်အသင်းက ဗိုလ်လုပွဲအထိ ကံကြမ္မာကောင်းတွေ နဲ့ တက်လှမ်းလာတယ်လို့ ပြောနိုင်ပါတယ်။ (၁၆)သင်းအဆင့်၊ ကွာတားဖိုင်နယ်နဲ့ ဆီမီးဖိုင်နယ် (၃)ပွဲစလုံး နောက်ကလိုက် ကစားခဲ့ရပြီး ကံကောင်းထောက်မစွာ ဗိုလ်လုပွဲ ရောက်ရှိခဲ့တာ ဖြစ်တယ်။ ချန်ပီယံလောင်းလျာအသင်းတစ်သင်းအတွက် ကံ ကြမ္မာကောင်းရဖို့လည်း လိုအပ်ပြီး အင်္ဂလန်အသင်းက ဒီအ ချက်မှာ ရာနှုန်းပြည့်ကိုက်ညီနေတယ်။ ပြိုင်ပွဲတစ်ခုလုံး ခြုံကြည့် ရင် နာမည်ကြီးကစားသမားများစွာရှိတဲ့ အင်္ဂလန်အသင်းက ပြီး ခဲ့တဲ့ (၆)ပွဲစလုံး မျှော်လင့်သလောက် မဟုတ်သေးဘူး။ ဒါပေမဲ့ တစ်ပွဲထက်တစ်ပွဲ ပိုကောင်းလာပြီး ယုံကြည်မှုရှိလာတာကိုတော့ တွေ့ရတယ်။ အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်က ၄-၂-၃-၁ ကနေ ဆာကာကို Wing Back ဆန်ဆန် ကစားစေတဲ့ပုံစံက တဖြည်းဖြည်း အလုပ်ဖြစ်လာခဲ့တယ်။ 

    

ဗိုလ်လုပွဲ အခြေအနေကို ကြည့်ရင် စပိန်အသင်းရဲ့ တိုက် စစ်ကို အင်္ဂလန်အသင်းက တောင့်ခံနိုင်ဖို့ ရုန်းကန်ကစားရင်းနဲ့ ပဲ တန်ပြန်တိုက်စစ်ကနေပဲ ပြန်ခြိမ်းခြောက်ဖို့ များနေတဲ့ အခြေ အနေဖြစ်တယ်။ လက်ရှိခြေစွမ်းမှာ စပိန်က ချန်ပီယံနဲ့ထိုက်တန် ကြောင်း ပြသထားပြီး အင်္ဂလန်အသင်းထက်လည်း အတော် လေးသာနေတယ်။ စပိန်အသင်းရဲ့ ကွင်းလယ်မှာ ရိုဒရီက ဦး ဆောင်နေပြီး အင်္ဂလန်အသင်းအနေနဲ့ ယှဉ်ကစားဖို့ ခက်ခဲတဲ့ အခြေအနေလည်းဖြစ်တယ်။ ဒါ့အပြင် ယမားလ်၊ နီကိုဝီလီယံစ် တို့နဲ့ ထက်မြက်နေတဲ့တိုက်စစ်က ဒီပြိုင်ပွဲမှာ အကောင်းဆုံး ဖြစ်နေလို့ စပိန်အသင်းကို  နိုင်ပွဲရစေမယ့် အခြေအနေလည်း ဖြစ်နေတာ တွေ့ရတယ်။ 

Most Read

Most Recent