ဂီမာရေ့စ်၏ ပြောင်းရွှေ့ကြေးမြင့်မားခြင်းကြောင့် ကင်မစ်ချ်အား ပြောင်းလဲခေါ်ယူရန် မန်စီးတီးအသင်း စီစဉ်

ဂီမာရေ့စ်၏ ပြောင်းရွှေ့ကြေးမြင့်မားခြင်းကြောင့် ကင်မစ်ချ်အား ပြောင်းလဲခေါ်ယူရန် မန်စီးတီးအသင်း စီစဉ်
Photo : Getty Images
Photo : Getty Images
Published 18 July 2024

မန်စီးတီးအသင်းသည် နယူးကာဆယ်ကွင်းလယ်ကစားသမား ဂီမာရေ့စ်အား ခေါ်ယူလိုသော်လည်း ပြောင်းရွှေ့ကြေးမြင့်မားခြင်းကြောင့် ၎င်းအစား ဘိုင်ယန်မြူးနစ်စွယ်စုံရကစားသမား ကင်မစ်ချ်အား ပြောင်းလဲ ခေါ်ယူရန်စီစဉ်နေကြောင်း သိရသည်။

The Athletic ၏ ဖော်ပြမှုအရ မန်စီးတီးအသင်းသည် ယခုနွေရာသီတွင် နံပါတ်(၁) ပစ်မှတ်အဖြစ် နယူးကာဆယ်အသင်းမှ ဘရာဇီးလ်ကွင်းလယ်ကစားသမား ဂီမာရေ့စ်အားခေါ်ယူရန် ပြင်ဆင်ခဲ့ကြောင်းသိရသည်။

သို့သော် နယူးကာဆယ်အသင်းသည် ဂီမာရေ့စ်(၂၆ နှစ်)အတွက် ပြောင်း ရွှေ့ကြေးပေါင်သန်း (၁၀၀)တောင်း ဆိုထားရာ မန်စီးတီးအသင်းက အဆိုပါပြောင်းရွှေ့ကြေးကို ပေးချေလိုခြင်းမရှိကြောင်း သိရသည်။

ထို့ကြောင့် မန်စီးတီးအသင်းသည် ဈေးချိုချိုဖြင့် ရရှိနိုင်သည့် ဘိုင်ယန်မြူးနစ်စွယ်စုံရကစားသမား ကင်မစ်ချ်ကို ခေါ်ယူရန် စီစဉ်လာခြင်းဖြစ်သည်။

ဂျာမနီလက်ရွေးစင်ကင်မစ်ချ် (၂၉ နှစ်)သည် ညာနောက်ခံလူအဖြစ်သာမက ကွင်းလယ်အဖျက်ကစားသမားအဖြစ်ပါ ကစားနိုင်သူဖြစ်သည်။

ထို့ပြင် ဘိုင်ယန်မြူးနစ်အသင်းနှင့် ချုပ်ဆိုထားသည့် ကင်မစ်ချ်၏လက် ရှိစာချုပ်မှာ တစ်နှစ်သာ ကျန်ရှိတော့သည်။ ကင်မစ်ချ်သည် လက်ရှိ မန်စီးတီးနည်းပြ ဂွါဒီယိုလာနှင့် ဘိုင်ယန်မြူးနစ်အသင်းတွင် လက်တွဲအလုပ်လုပ်ဖူးသူလည်း ဖြစ်သည်။

Most Read

Most Recent