ဒယ်လာဖွန်တေရဲ့ စပိန်၊ ဂျာမနီနဲ့တွေ့မယ့် စပိန်

ဒယ်လာဖွန်တေရဲ့ စပိန်၊ ဂျာမနီနဲ့တွေ့မယ့် စပိန်
Photo : Getty Images
Photo : Getty Images
Published 4 July 2024
Hein Thant

ဂျော်ဂျီယာကိုအနိုင်ရတဲ့ပွဲအပြီးမှာ စပိန်နည်းပြ ဒယ်လာဖွန်တေကပြောတယ်။ သူ့အနေနဲ့ တခြားပြိုင်ဘက်အသင်းတွေကို တိုက်ခိုက်ပြောဆိုတာမျိုးမလုပ်ချင်ပါဘူး။ ဒါပေမဲ့ သူတို့ဟာ ဒီပြိုင်ပွဲရဲ့အကောင်းဆုံးအသင်းတစ်သင်းအဖြစ် ရှိနေပါပြီ လို့ဆိုခဲ့တယ်။ ဒယ်လာဖွန်တေပြောသလိုပဲ စပိန်အသင်းဟာ ယူရို-၂၀၂၄ ပြိုင်ပွဲမှာ တစ်ပွဲပြီး တစ်ပွဲပိုကောင်းအောင်ကစားပြနေတယ်။ အီတလီ၊ ခရိုအေးရှား၊ အယ်လ်ဘေးနီးယားတို့နဲ့ရင်ဆိုင်ခဲ့ရတဲ့ အုပ်စုကျပ်ထဲကနေ ရာနှုန်းပြည့်အနိုင်၊ ပေးဂိုးလုံးဝမရှိဘဲနဲ့ ရှုံးထွက် (၁၆)သင်းအဆင့်ဆီ တက်ရောက်လာတယ်။ ရှုံးထွက်အဆင့်မှာလည်း ဂျော်ဂျီယာကိုဂိုးပြတ်အနိုင်ယူပြီး အခုဆိုကွာတားဖိုင်နယ်ကိုရောက်လာပါပြီ။

 

Most Read

Most Recent