ချယ်လ်ဆီးကွင်းလယ်ကစားသမား ဂယ်လက်ဂါကို စပါးနှင့် ဗီလာ အပြိုင်စိတ်ဝင်စား

ချယ်လ်ဆီးကွင်းလယ်ကစားသမား ဂယ်လက်ဂါကို စပါးနှင့် ဗီလာ အပြိုင်စိတ်ဝင်စား
Photo: Sky Sports
Photo: Sky Sports
Published 8 June 2024

 

ပရီးမီးယားလိဂ်အသင်းများဖြစ်သည့် စပါးနှင့် အက်စတွန်ဗီလာအသင်းတို့သည် ချယ်လ်ဆီးကွင်းလယ်ကစားသမား ဂယ်လက်ဂါကို ခေါ်ယူရန်အပြိုင် စိတ်ဝင်စားနေကြောင်း သိရှိရသည်။ 

ချယ်လ်ဆီးအသင်းသည် ဘဏ္ဍာရေးစည်းမျဉ်းနှင့် ကိုက်ညီရန်အတွက် ယခုနွေတွင် အသင်းကစားသမားများကို ရောင်းထုတ်ရန်စီစဉ်နေပြီး ဂယ်လက်ဂါလည်း တစ်ဦးအပါအဝင်ဖြစ်ကြောင်း သိရသည်။ 

ချယ်လ်ဆီးအသင်းသည် အသင်းနှင့် စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့သည့် ဂယ်လက်ဂါအတွက် ပေါင် (၅၅)သန်းအထက် အလိုရှိနေသည်။

ဂယ်လက်ဂါကို ခေါ်ယူရန် စပါးနှင့် ဗီလာအပြင် လာလီဂါထိပ်သီးကလပ်ဖြစ်သည့် အက်သလက်တီကိုအသင်းကလည်း စိတ်ဝင်စားနေသည်။ 

Most Read

Most Recent