■ လူစီဘရွန့်ဇ်နှင့် လမ်းခွဲလိုက်ကြောင်း ဘာစီလိုနာ အတည်ပြု

■ လူစီဘရွန့်ဇ်နှင့် လမ်းခွဲလိုက်ကြောင်း ဘာစီလိုနာ အတည်ပြု
Photo: Sky Sports
Photo: Sky Sports
Published 28 June 2024

ဘာစီလိုနာအသင်းက အင်္ဂလန်အမျိုးသမီးနောက်ခံလူ လူစီဘရွန့်ဇ်(၃၂ နှစ်)နှင့် လမ်းခွဲလိုက်ပြီဖြစ်ကြောင်း အတည်ပြုကြေညာခဲ့သည်။ 

လူစီဘရွန့်ဇ်သည် ၂၀၂၂ ခုနှစ်တွင် မန်စီးတီး နှင့် စာချုပ်သက်တမ်းကုန်ဆုံးခဲ့ပြီးနောက် ဘာစီလိုနာအသင်းထံ ပြောင်းရွှေ့ခဲ့သူဖြစ်သည်။ 

ဘာစီလိုနာအသင်းသည် ယခုအခါ အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးသည့်အတွက် လူစီဘရွန့်ဇ်နှင့် လမ်းခွဲခဲ့ခြင်းလည်းဖြစ်သည်။  

ဘာစီလိုနာအသင်းနှင့်အတူ အောင်မြင်မှုများစွာရယူနိုင်ခဲ့ပြီး ခြေစွမ်းပြနိုင်ဆဲဖြစ်သည့် လူစီဘရွန့်ဇ်ကို ချယ်လ်ဆီးအမျိုးသမီးအသင်းက ခေါ်ယူရန် ချိန်ရွယ်နေကြောင်း သိရသည်။

Most Read

Most Recent