■ ဆန်ချိုကို အငှားခေါ်ယူရန် ဘာစီလိုနာအသင်း စိတ်ဝင်စား     

■ ဆန်ချိုကို အငှားခေါ်ယူရန် ဘာစီလိုနာအသင်း စိတ်ဝင်စား     
Photo: Getty Images
Photo: Getty Images
Published 28 June 2024

ဘာစီလိုနာအသင်းသည် ပြီးခဲ့သည့်ရာသီက ဒေါ့မွန်အသင်းတွင် အငှားသွားရောက်ကစားခဲ့သော မန်ယူတောင်ပံ ကစားသမား ဆန်ချိုကို အငှားခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သိရသည်။ 

ဆန်ချိုသည် နည်းပြ တန်ဟက်ဂ်နှင့် ဆက်ဆံ ရေးအဆင်မပြေသဖြင့် ဒေါ့မွန်အသင်း၌ အငှားကစားခဲ့ခြင်းဖြစ်သည်။ 

ယခုအခါ မန်ယူအသင်းက တန်ဟက်ဂ်ကို သက်တမ်းတိုးရန်ပင် စီစဉ်နေသည့်အတွက် ဆန်ချိုသည် အသင်းထံ ပြန်မလာလိုတော့ကြောင်း သိရသည်။ 

ထို့ကြောင့် ဘာစီလိုနာအသင်းက ၎င်းကို ခေါ်ယူ ရန် စိတ်ဝင်စားနေခြင်းဖြစ်ပြီး ဘဏ္ဍာရေးအခြေအနေအရ အငှားဖြင့်သာ ကမ်းလှမ်းဖွယ်ရှိကြောင်း သိရသည်။

Most Read

Most Recent