မန်ယူတိုက်စစ်မှူး ဟွိုင်လန်းသည် ဟာလန်းကဲ့သို့ အလွန်ထူးချွန်သည့် တိုက်စစ်မှူးမျိုး ဖြစ်လာမည်မဟုတ်ကြောင်း ဂယ်ရီနဗီးလ် သုံးသပ်

မန်ယူတိုက်စစ်မှူး ဟွိုင်လန်းသည် ဟာလန်းကဲ့သို့ အလွန်ထူးချွန်သည့် တိုက်စစ်မှူးမျိုး ဖြစ်လာမည်မဟုတ်ကြောင်း ဂယ်ရီနဗီးလ် သုံးသပ်
Photo: Football 365
Photo: Football 365
Published 15 May 2024

 

မန်ယူတိုက်စစ်မှူး ဟွိုင်လန်းသည် ဟာလန်းကဲ့သို့ အလွန်ထူးချွန်သည့်တိုက်စစ်မှူးမျိုး ဖြစ်လာမည်မဟုတ်ကြောင်း အသင်းနောက်ခံလူဟောင်း ဂယ်ရီနဗီးလ်က သုံးသပ်ခဲ့သည်။

ဟွိုင်လန်းသည် ရာသီအစောပိုင်းကာလက ရုန်းကန်ခဲ့ရပြီးနောက် နှစ်ကူးကာလအတွင်း ပရီးမီးယားလိဂ် ခြောက်ပွဲတွင် ခုနစ်ဂိုး သွင်းယူနိုင်ခဲ့သော်လည်း ယင်းနောက်ပိုင်း၌ တစ်ဂိုးသာ သွင်းယူနိုင်ခဲ့သည်။ ၎င်းအနေဖြင့် ပြီးခဲ့သည့်နွေရာသီကာလက အတ္တလန်တာ အသင်းမှ ပေါင် ၇၂ သန်းဖြင့် ရောက်ရှိလာသူ ဖြစ်ပြီး ဒဏ်ရာပြဿနာများနှင့်အတူ ခြေစွမ်း တစ်သမတ်တည်းမရှိဘဲ ရုန်းကန်ခဲ့ရသည်။  

Sky Sports ရုပ်သံ၏ Monday Football Night အစီအစဉ်အတွင် ဂယ်ရီနဗီးလ်က ယခုကဲ့သို့ ဝေဖန်ခဲ့ခြင်းဖြစ်သည်။ "သူဟာ လူငယ်လေးတစ်ယောက်သာဖြစ်ပြီး ဇွဲရှိဖို့တော့ လိုပါတယ်။ အရင်က အိုလီဝက်ကင်စ် ကို မြင်ခဲ့ရသလိုပေါ့။ ဟာလန်း ဒါမှမဟုတ် အဂွဲရိုးတို့လို ပရီးမီးယားလိဂ်သမိုင်းထဲက အကြီးကျယ်ဆုံးတိုက်စစ်မှူးတွေထဲက တစ်ယောက်ဖြစ်လာမယ်လို့တော့ ကျွန်တော် မထင်ပါဘူး။ ဒါပေမဲ့ သူဟာ အိုလီဝက်ကင်စ် လိုတော့ ဖြစ်လာနိုင်တယ်။ သူဟာ ဂိုး ၂၀ လောက်တော့ သွင်းနိုင်ပါတယ်။ ပြီးခဲ့တဲ့အပတ်က အဲရစ်တန်ဟက်ဂ်နဲ့ ကျွန်တော် အင်တာဗျူးခဲ့တယ်။ သူက ဟာရီကိန်းအကြောင်း ပြောခဲ့တယ်။ သူ့အနေနဲ့ ဟာရီကိန်းထံက သင်ယူရင်၊ ဒါမှမဟုတ် အတူတွဲကစားခွင့်ရ ရင် လုံးဝကွဲပြားခြားနားတဲ့ ကစားသမားတစ်ယောက်ဖြစ်လာမယ်လို့ ကျွန်တော် ယူဆပါတယ်။ ဒုတိယတစ်ချက်က သူဟာ အသက် ၂၁ နှစ်ပဲ ရှိပါသေးတယ်။ သူ့ရဲ့ ပထမဆုံး ပရီးမီးယားလိဂ်ရာသီမှာ အနည်းငယ်တော့ ပေါ့တန်တန်နိုင်ပါတယ်။ သူက ကျွန်တော့်ကို ဒါဝင်နူးနက်ဇ်၊ နီကိုးလက်စ်ဂျက်ဆန်တို့ကို သတိရစေပါတယ်။ မန်ချက်စတာယူနိုက်တက်မှာ တိုက်စစ်မှူးတစ်ဦးသာရှိပြီး မာစီယဲလ်ကို မေ့ထားလိုက်ပါ။ သူသာ အခွင့်အရေးရရင် ဂျက်ဆန်၊ နူးနက်ဇ်တို့ထက်တော့ ပိုကောင်းနိုင်ပါတယ်"ဟု ဂယ်ရီနဗီးလ်က ပြောကြားခဲ့သည်။ 

ဟွိုင်လန်းသည် ဒဏ်ရာမှ ပြန်လာပြီးကတည်းက အာဆင်နယ်နှင့်ပွဲ အပါအဝင် ပရီးမီးယားလိဂ် ရှစ်ပွဲဆက်တိုက် ပွဲထွက်ကစားခွင့်ရခြင်းဖြစ်သည်။ သို့သော်  ဟွိုင်လန်းသည် တိုက်စစ်တွဲဖက်များဖြစ်သော Wide Player များလည်းဖြစ်သည့် ဂါနာချို၊ ရပ်ရှ်ဖို့ဒ်တို့ထံမှ လုံလောက်သည့်ပေးပို့မှုများ မရရှိကြောင်း ယူနိုက်တက်ပရိသတ်များက ယူဆနေကြသည်။

 

Most Read

Most Recent