အီတလီချန်ထားခဲ့တဲ့ ဘောလုံးအမွေ သို့မဟုတ် အန်ဒရီယာပီယာလို

အီတလီချန်ထားခဲ့တဲ့ ဘောလုံးအမွေ သို့မဟုတ် အန်ဒရီယာပီယာလို
Photos: Getty Images
Photos: Getty Images
Published 14 August 2024
Chan Myae

ဘာလူစကိုနီက အေစီမီလန်ရဲ့ ဂန္ထဝင်တစ်ဦးဖြစ်တဲ့ အန်ဆယ်လော့တီကို သူ့အသင်းဆီလာဖို့ ကမ်းလှမ်းလိုက်ပြီး အန်ဆယ်လော့တီကလည်း ချက်ချင်းလက်ခံလိုက်တယ်။ ဒီအချိန်မှာပဲ အင်တာမီလန်က ထွက်ဖို့ စီစဉ်နေတယ်ဆိုတဲ့ ပီယာလိုကို အန်ဆယ်လော့တီက အေစီမီလန်ကိုလာဖို့ ကမ်းလှမ်းလိုက်တယ်။ အန်ဆယ်လော့တီနဲ့ ပီယာလိုတို့က အေစီမီလန်ကို အတူတူရောက်လာခဲ့ကြတယ်။ ဂတ်တူဆိုကတော့ အေစီမီလန်ကို ရောက်တာ အန်ဆယ်လော့တီနဲ့ ပီယာလိုတို့ထက် ၂ နှစ် စောတယ်။ ပီယာလိုအေစီမီလန်အသင်းကို ရောက်လာချိန်မှာ လေ့ကျင့်ရေးကွင်းကို ရောက်လာကတည်းက အားလုံးအံ့အားသင့်စရာ ကစားပုံကို ပြသခဲ့တယ်။ ဂတ်တူဆိုက "ပီယာလို ကစားတာကို ကြည့်နေရင်း ကျွန်တော် မျောသွားတယ်။ ပီယာလို ခြေထောက်နဲ့ ဘောလုံးထိပုံကို ကြည့်နေရင်းလည်း ငါက ဘောလုံးကစားတတ်တာရော ဟုတ်ရဲ့လားလို့ ကိုယ့်ကိုယ်ကိုမေးခွန်းထုတ်မိတယ်"လို့ သူ့ ဘော်ဒါကြီးအကြောင်းကို ပြောပြတယ်။

 

Most Read

Most Recent