အာဒါဂူလာအား ရီးယဲလ်အငှားချမည်မဟုတ်ဘဲ အသင်း၏ အနာဂတ်အစီအစဉ်များအတွက် အရေးပါသူအဖြစ်သတ်မှတ်ထား

အာဒါဂူလာအား ရီးယဲလ်အငှားချမည်မဟုတ်ဘဲ အသင်း၏ အနာဂတ်အစီအစဉ်များအတွက် အရေးပါသူအဖြစ်သတ်မှတ်ထား
Photo: Getty Images
Photo: Getty Images
Published 29 July 2024

 

ရီးယဲလ်မက်ဒရစ်အသင်း၏ အသင်း၏ တူရကီလက်ရွေးစင်ဆယ်ကျော်သက်တောင်ပံကစားသမား အာဒါဂူလာအား ယခုနွေရာသီတွင် အငှားချသွားမည်မဟုတ်ဘဲ အသင်း၏ အနာဂတ်အစီအစဉ်များအတွက် အရေးပါသူတစ်ဦး အဖြစ်သတ်မှတ်ထားကြောင်း စပိန်မီဒီယာများက ဖော်ပြခဲဲ့ကြသည်။ 

အသက် (၁၉)နှစ်အရွယ်သာရှိသေးသည့် အာဒါဂူလာသည် ပြီးခဲ့သည့် ၂၀၂၃ နွေရာသီ အပြောင်းအရွှေ့ကာလအတွင်း တူရကီကလပ် ဂါလာတာစာရေးအသင်းမှ ရီးယဲလ်အသင်းထံ ပြောင်းရွှေ့လာသူဖြစ်သည်။

အာဒါဂူလာသည် ရီးယဲလ်အသင်းတွင် ဒဏ်ရာပြဿနာများနှင့် ရုန်းကန်ခဲ့ရသော်လည်း ရာသီအဆုံးသတ်ပိုင်းတွင် အကောင်းဆုံးခြေစွမ်းပြကာ လာလီဂါ (၁၀)ပွဲကစားရာ၌ (၆) ဂိုးအထိ သွင်းယူပေးနိုင်ခဲ့သူဖြစ်သည်။

ထို့ပြင် အာဒါဂူလာသည် ပြီးခဲ့သည့် ယူရို-၂၀၂၄ ပြိုင်ပွဲတွင်လည်း တူရကီအသင်းအတွက် ခြေစွမ်းပြနိုင်ခဲ့ပြီး ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ဂျာမန်ကလပ် လေဗာကူဆင်အသင်းထံ အငှားသွားရောက်ကစားမည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။ 

သို့သော် လက်ရှိတွင် ရီးယဲလ်အသင်းတာဝန်ရှိသူများတွင် အာဒါဂူလာအား အသင်းအနာဂတ်အတွက်အရေးပါသည့် ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ကာ အသင်းတွင်ဆက်ထားရန် ဆုံးဖြတ်ထားကြောင်း သိရသည်။

Most Read

Most Recent