တနင်္သာရီမြစ်ရေ အန္တရာယ်ရေအမှတ်သို့ ရောက်ရှိပြီဖြစ်ပြီး တနင်္သာရီမြို့နယ်ရှိ ကျေးရွာ ၁၀ ရွာကျော် ရေနစ်မြုပ်နေကာ ပြည်ထောင်စုလမ်းမကြီးလည်း ရေနစ်မြုပ်

တနင်္သာရီမြစ်ရေ အန္တရာယ်ရေအမှတ်သို့ ရောက်ရှိပြီဖြစ်ပြီး တနင်္သာရီမြို့နယ်ရှိ ကျေးရွာ ၁၀ ရွာကျော် ရေနစ်မြုပ်နေကာ ပြည်ထောင်စုလမ်းမကြီးလည်း ရေနစ်မြုပ်
တနင်္သာရီမြို့နယ်ရှိ ပြည်ထောင်စုလမ်းမကြီး ရေကျော်နေသည်ကို တွေ့ရစဉ်
တနင်္သာရီမြို့နယ်ရှိ ပြည်ထောင်စုလမ်းမကြီး ရေကျော်နေသည်ကို တွေ့ရစဉ်
Published 28 July 2024
ဇော်မိုးဦး (မြိတ်)

တနင်္သာရီမြစ်ရေသည် အန္တရာယ်ရေအမှတ်သို့ ရောက်ရှိသွားပြီဖြစ်ပြီး ကျေးရွာ ၁၀ ရွာကျော် ရေနစ်မြုပ်နေကာ ပြည်ထောင်စု လမ်းမကြီးလည်း ရေနစ်မြုပ်နေပြီဖြစ်ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ တ နင်္သာရီမြစ်ရေမှာ ဇူလိုင် ၂၇ ရက် နံနက် တိုင်း ထွာချက်အရ အန္တရာယ်ရေအမှတ်ဖြစ်သည့် ၂၄ ပေသို့ ရောက်ရန် ခြောက်လက်မသာလို တော့ပြီး မွန်းလွဲပိုင်းတွင် အန္တရာယ်ရေအမှတ် သို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။ အန္တ ရာယ်ရေအမှတ်သို့ ရောက်ရှိလာသည့်အတွက် မြို့ပေါ်ရှိ ရပ်ကွက်များ၊ တနင်္သာရီမြို့နှင့်ပတ် ဝန်းကျင် ကျေးရွာ ၁၀ ကျော်မှာ ရေနစ်မြုပ်မှု ကြုံတွေ့နေရပြီဖြစ်ကြောင်း သိရသည်။

ထို့အတူ မြိတ်-ကော့သောင်းပြည်ထောင် စုလမ်းမကြီး အစိတ်အပိုင်းများဖြစ်သည့် ဘန်း လမွတ်ကျေးရွာလမ်း၊ လယ်တောင်ယာရွာ လမ်းများတွင်ရေနစ်မြုပ်မှုဖြစ်ပေါ်နေကာကားငယ်များသွားလာ၍ မရတော့ကြောင်း သိရသည်။

“ထားဝယ်ဘက်မှာ မိုးအရမ်းကောင်းနေ တော့ ချောင်းဖျားမြစ်ရေနဲ့အတူ တနင်္သာရီမြစ် ရေ ဆက်တိုက်တက်လာနေတယ်။ တစ်ရက် အတွင်း စိုးရိမ်ရေမှတ် ကျော်လာတယ်။ နောက် ရက်မှာ အန္တရာယ်ရေမှတ်ကို ချက်ချင်းရောက် လာတော့တယ်။ တနင်္သာရီမြို့ပေါ်က ချောင်း ကြီး၊ ချောင်းငယ်၊ မွန်စုရပ်ကွက်တွေ ရေနစ်မြုပ် သွားပြီ။ စျေးဘက်နဲ့ တောင်ပေါ်ပိုင်းတွေပဲ ကျန်တော့တယ်။ ရွာ ၁၀ ရွာ ကျော်လောက် တော့ ရေနစ်မြုပ်နေပြီ။ လူတစ်ယောက် မတော် တဆဖြစ်တယ်လို့တော့ ကြားရတယ်။ ရွာသား တွေကတော့ တောင်ပေါ်မှာရှိတဲ့ ဥယျာဉ်တဲ တွေ၊ ဘုန်းကြီးကျောင်းတွေနဲ့ ရေလွတ်တဲ့   ဆွေမျိုးအိမ်တွေကို ရွှေ့ပြောင်းနေကြရတယ်” ဟု တနင်္သာရီမြို့မှဒေသခံတစ်ဦးက ပြောကြား သည်။

တနင်္သာရီမြစ်ရေကြီးလာမှုကြောင့်  ပဝ၊ မော်တုန်း၊ ညောင်ပင်ကွင်း၊ မြေမအုံကျေးရွာ အုပ်စုများရှိ ကျေးရွာ ၁၀ ရွာကျော်မှာ ရေနစ် မြုပ်နေပြီဖြစ်ကြောင်း သိရသည်။ လယ်တောင် ယာရွာရှိ ပြည်ထောင်စုလမ်းမကြီးမှာလည်းရေနစ်မြုပ်နေပြီဖြစ်ရာ ကားငယ်များသွားလာ ရန်မဖြစ်သေးကြောင်း ခရီးသွားတစ်ဦးက ပြောကြားသည်။

တနင်္သာရီမြစ်ရေ၏စိုးရိမ်ရေမှတ်မှာ ၁၇ ပေဖြစ်ပြီးအန္တရာယ်ရေအမှတ်မှာ ၂၄ ပေ ဖြစ်ကြောင်း၊ လက်ရှိအနေထားတွင် အန္တရာယ် ရေမှတ်အထိ ရောက်ရှိနေသလို မိုးဆက်လက် ရွာသွန်းနေသည့်အတွက် ထိုထက်မြစ်ရေအန္တ ရာယ်ကြီးမားလာနိုင်ကြောင်း သိရသည်။

Most Read

Most Recent