၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အင်းစိန်ဗဟိုအကျဉ်းထောင်မှ အကျဉ်းသား အကျဉ်းသူ ခုနစ်ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး ဂုဏ်ထူးများဖြင့် ရာနှုန်းပြည့်အောင်မြင်

၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အင်းစိန်ဗဟိုအကျဉ်းထောင်မှ အကျဉ်းသား အကျဉ်းသူ ခုနစ်ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး ဂုဏ်ထူးများဖြင့် ရာနှုန်းပြည့်အောင်မြင်
Published 11 June 2024

၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အင်းစိန်ဗဟိုအကျဉ်းထောင်မှ အကျဉ်းသား အကျဉ်းသူ ခုနစ်ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး လေးဘာသာဂုဏ်ထူးရှင်တစ်ဦး၊ သုံးဘာသာဂုဏ်ထူးရှင် လေးဦးနှင့် နှစ်ဘာသာဂုဏ်ထူးရှင် နှစ်ဦးတို့ဖြင့် ရာနှုန်းပြည့်အောင်ခဲ့ကြောင်း သိရသည်။

၂၀၂၃ -၂၀၂၄ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ဇွန် ၁၁ ရက်တွင် ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့သည်။

၂၀၂၃ - ၂၀၂၄ တက္ကသိုလ်ဝင်စာမေးပွဲတွင် အင်းစိန်ဗဟိုအကျဉ်းထောင်မှ  အကျဉ်းသား အကျဉ်းသူ ခုနစ်ဦး ဝင်ရောက်ဖြေဆိုခဲ့ခြင်းဖြစ်ပြီး လေးဘာသာ ဂုဏ်ထူးရှင်တစ်ဦး၊ သုံးဘာသာဂုဏ်ထူးရှင် လေးဦးနှင့် နှစ်ဘာသာဂုဏ်ထူးရှင့် နှစ်ဦးတို့ဖြင့် ရာနှုန်းပြည့်အောင်မြင်ခဲ့ခြင်းဖြစ်သည်။

ထိုသို့အောင်မြင်ခဲ့သည့် အကျဉ်းသား အကျဉ်းသူ ခုနစ်ဦးအနက် တစ်ဦးမှာ ဝိဇ္ဇာဘာသာတွဲဖြင့် မြန်မာတစ်နိုင်ငံလုံးတွင် တတိယ အမှတ်အများဆုံးရရှိခဲ့ကြောင်း သိရသည်။

၂၀၂၃- ၂၀၂၄ တက္ကသိုလ်ဝင်စာမေးပွဲ၌ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖြေဆိုသူပေါင်း ၁၂၈၈၂၀ ဦးရှိရာတွင် ၇၄၅၉၂ ဦး အောင်မြင်ခဲ့သည့်အတွက် အောင်ချက်ရာခိုင်နှုန်း ၅၇ ဒသမ ၉၀ ရာခိုင်နှုန်းရှိခဲ့သည်။

Most Read

Most Recent