၂၀၂၃ ခုနှစ်တွင် စံချိန်တင် ပမာဏအဖြစ် မက်သာဖက်တမင်း တန်ချိန် ၁၉၀  ဖမ်းဆီးရမိပြီး ရှမ်းပြည်နယ်သည် စိတ်ကြွ ဆေးပြား အဓိကထုတ်လုပ်သည့်နေရာဖြစ်ကြောင်း  UNODC ဆို

၂၀၂၃ ခုနှစ်တွင် စံချိန်တင် ပမာဏအဖြစ် မက်သာဖက်တမင်း တန်ချိန် ၁၉၀  ဖမ်းဆီးရမိပြီး ရှမ်းပြည်နယ်သည် စိတ်ကြွ ဆေးပြား အဓိကထုတ်လုပ်သည့်နေရာဖြစ်ကြောင်း  UNODC ဆို
ရန်ကုန် ၊ မန္တလေး နှင့် တောင်ကြီးတို့တွင် ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများအား၂၀၂၃ ခုနှစ် ဇွန်လ ၂၆ ရက် က  မီးရှို့ဖျက်ဆီးနေစဉ်။ - (Photo: MOI)
ရန်ကုန် ၊ မန္တလေး နှင့် တောင်ကြီးတို့တွင် ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများအား၂၀၂၃ ခုနှစ် ဇွန်လ ၂၆ ရက် က  မီးရှို့ဖျက်ဆီးနေစဉ်။ - (Photo: MOI)
Published 29 May 2024

စနစ်တကျ ဖွဲ့စည်းထားသော ရာဇဝတ်အုပ်စုများက မက်သာဖက်တမင်းများကို တိုးမြှင့် ထုတ်လုပ်နေခြင်းကြောင့် ၂၀၂၃ ခုနှစ်အတွင်း အရှေ့အာရှနှင့် အရှေ့တောင်အာရှ ဒေသတွင် မက်သာဖက်တမင်းမူးယစ်ဆေး ၀ါးများကို စံချိန်တင်ဖမ်းမိခဲ့သည်ဟု ကုလသမဂ္ဂက မေ ၂၈ ရက်တွင်ထုတ်ပြန်ခဲ့သည်။

၂၀၂၃ ခုနှစ်က အရှေ့အာရှနှင့် အရှေ့တောင်အာရှတွင် စံချိန်တင် ပမာဏအဖြစ် မက်သာဖက်တမင်း တန်ချိန် ၁၉၀ ဖမ်းဆီးရ မိကြောင်း မူးယစ်ဆေးဝါးနှင့်ရာဇဝတ်မှုဆိုင်ရာ ကုလသမဂ္ဂရုံး (UNODC) က ထုတ်ပြန် ခဲ့သည်။

၂၀၂၂ ခုနှစ် တွင် အနည်းငယ်ကျဆင်း ခဲ့ပြီးနောက် ၂၀၂၃ ခုနှစ်တွင် မက်သာဖက် တမင်း ဖမ်းဆီးရမှုသည် စံချိန်တင်မြင့်တက် ခဲ့သည်ဟု UNODC ၏ ဒေသတွင်း မူး ယစ်ဆေးဝါးတုနှင့်သက်ဆိုင်သောနှစ်ပတ်လည် အစီရင်ခံစာတွင် ဖော်ပြထားသည်။

မူးယစ်ကုန်ကူးမှုများသည် အရှေ့တောင် အာရှဒေသကို ထိခိုက်စေသည်မှာဆယ်စုနှစ် များစွာရှိပြီဖြစ်ပြီး မြန်မာနိုင်ငံရှိ ရှမ်းပြည်နယ် သည် ဒေသတွင်း၌ လူလုပ် မူးယစ်ဆေးဝါးများ ၏ အဓိကထုတ်လုပ်သည့်နေရာဟု ဆိုသည်။

အဆိုပါ မူးယစ်ဆေး အမြောက်အမြား ကို ထိုင်းနယ်စပ်အနီး တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များ ထိန်း ချုပ်ရာ ဒေသများရှိ တရားမဝင် ဓာတ်ခွဲခန်း များတွင်ထုတ်လုပ် လျက်ရှိသည်။

ထိုင်းနိုင်ငံသည် ရွှေတြိဂံဒေသမှ တရား မဝင်မူးယစ်ဆေးဝါးများ ဖြတ်သန်းသယ် ဆောင်ရာ အဓိကလမ်းကြောင်းဖြစ်သည်ဟု ဆိုသည်။ ထိုင်းမြောက်ပိုင်း၊ လာအို၊ မြန်မာတို့ ဆုံ တွေ့ရာနေရာကို ရွှေတြိဂံဒေသဟု ခေါ် သည်။

မက်သာဖက်တမင်းမူးယစ်ဆေးဝါး တစ် တန်အထက် ပမာဏအများအပြားတင်ပို့မှု များကို ၂၀၂၃ ခုနှစ်တစ်လျှောက်လုံးတွင် လည်းကောင်း၊ ၂၀၂၄ ခုနှစ် နှစ်စပိုင်းကာလ တွင်လည်းကောင်း ကုန်းလမ်းခရီးသို့မဟုတ် ရေကြောင်းခရီးတို့တွင် ဖမ်းဆီးမိသည်ဟု UNODCက ဖော်ပြခဲ့သည်။

ယခုလအစောပိုင်းတွင် ထိုင်းအာဏာ ပိုင်များသည် စိတ်ကြွ ဆေးပြားတစ်တန်ကျော် ကို ဖမ်းဆီးခဲ့ရာ ယင်းသည် ထိုင်း၏တရားမ ဝင်မူးယစ်ဆေးဝါး အများဆုံး ဖမ်းဆီးရမိမှု များထဲတွင် တစ်ခုအပါအဝင်ဖြစ်ခဲ့သည်။

မူးယစ်းဆေးဝါးဂိုဏ်းများသည် ၎င်းင်းတို့ ၏ထုတ်လုပ်မှုကို တိုးမြှင့်ရန် နည်းလမ်းများ ကို အပြောင်းအလဲလုပ်နေကြသည်ဟု ထုတ် ပြန်ချက်တွင် ဆက်လက် ဖော်ပြထားသည်။

“စနစ်တကျဖွဲ့ထားတဲ့ ရာဇဝတ်အုပ်စု တွေဟာ ထုတ်လုပ်စရိတ်တွေကို လျှော့ချနေ ကြပြီး ထိန်းချုပ်ထားခြင်းမရှိတဲ့ ဓာတုပစ္စည်း တွေကို အသုံးပြုခြင်းဖြင့် ထုတ်လုပ်မှုကို တိုး မြှင့်နေကြပါတယ်”ဟု UNODC ၏ အရှေ့ တောင်အာရှနှင့် ပစိဖိတ်ကိုယ်စားလှယ် မာဆွတ်ခရီမီပွားက ထုတ်ပြန်ချက်တွင် ဖော် ပြခဲ့သည်။

များများထုတ်လုပ်ခြင်းသည် များများ တင်ပို့နိုင်စေပြီး များများတင်ပို့ခြင်းက စျေး နှုန်းများကို ကျဆင်းသွားစေသည်ဟု ထုတ် ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ပမာဏအများအပြားဖမ်းဆီးမိခြင်းနှင့် ငွေကြေးဖောင်းပွမှုတို့ရှိနေလင့်ကစား မက် သာဖက်တမင်းနှင့်ကက်တာမင်းတို့၏ စျေး နှုန်းများသည် ဆက်လက်ကျဆင်းနေသည်ဟု ဆိုသည်။

မက်သာဖက်တမင်း၏လက်ကားစျေး သည် ထုတ်လုပ်ရာဒေသတွင် ယခုအခါ တစ် ကီလိုကို အမေရိကန်ဒေါ်လာ ၄၀၀ ခန့်အထိ ကျဆင်းနေသည်ဟု ထုတ်ပြန်ချက်တွင် ဆက် လက်ဖော်ပြထားသည်။

လူဖန်တီးသော မူးယစ်ဆေးဝါး ထုတ် ကုန်အသစ်များသည် အသက်ငယ်ရွယ်သော သုံးစွဲသူများကို ရည်ရွယ်သည့် စျေးကွက်၌ ထွက်ပေါ်နေသည်ဟု ကုလသမဂ္ဂက သတိ ပေးထားသည်။         

Ref: AFP

Most Read

Most Recent