■ ကိုပါအမေရိကပြိုင်ပွဲ အုပ်စုအဆင့် ပွဲကြိုသုံးသပ်ချက်

■ ကိုပါအမေရိကပြိုင်ပွဲ အုပ်စုအဆင့် ပွဲကြိုသုံးသပ်ချက်
Published 28 June 2024

အာဂျင်တီးနား - ပီရူး (မြန်မာစံတော်ချိန် ဇူလိုင်လ ၁ ရက် နံနက် ၆:၃၀ နာရီ)

လက်ရှိချန်ပီယံ အာဂျင်တီးနားအသင်းက အုပ်စုပွဲ(၂)ပွဲစလုံး အနိုင်ကစားပြီး နောက်တစ်ဆင့်ကို တက်ရောက်သွား နိုင်ခဲ့တယ်။ အခုပွဲက အာဂျင်တီးနားအသင်းအဖို့ ပထမနေရာအတွက်သာ အရေးပါနေပေမဲ့ ဖိအားတော့ မရှိလှဘူး။ အာဂျင်တီးနားရဲ့ လက်ရှိကစားသမားပိုင်းက ယုံကြည်မှု မြင့်မားလွန်းပြီး နည်းပြ စကာလိုနီအနေနဲ့ ပုံစံအမျိုးမျိုး ပွဲထုတ်နေပေမဲ့ ပြဿနာလည်း မရှိပါဘူး။ ဒါပေမဲ့ တိုက်စစ်ပိုင်းက အပိုင်အခွင့်အရေးတွေကို ဖြုန်းတီးမှုများနေတာကိုတော့ ပြင်ဆင်ဖို့ လိုအပ်ပါတယ်။ နှစ်ပွဲကစားပြီး တစ်မှတ်သာရထားတဲ့ ပီရူးအသင်းအနေနဲ့ ဖောင်ဖျက်ကစားရမယ့် ပွဲမျိုးဖြစ်ပေမဲ့ အာဂျင်တီးနားကို ဒုက္ခပေးနိုင်မယ့် အရိပ်အယောင် မရှိပါဘူး။ အာဂျင်တီးနား အနိုင်သေချာပါတယ်။



ကနေဒါ - ချီလီ (မြန်မာစံတော်ချိန် ဇူလိုင်လ ၁ ရက် နံနက် ၆:၃၀ နာရီ)

ကနေဒါနဲ့ ချီလီအသင်းတို့ဟာ နှစ်ပေါင်း(၃၀)လောက် ကြာမှ ပြန်လည်ဆုံတွေ့တာဖြစ်တယ်။ ကနေဒါအသင်း ကွာတားတက်ဖို့ တစ်မှတ်ပဲ လိုပါတယ်။ ချီလီ သမ္ဘာသာပေမဲ့ ကနေဒါ အမှတ်ရလိမ့်မယ်။

Most Read

Most Recent