ပရီးမီးယားလိဂ်မှာ ဒီရာသီ ဘယ်သူအကောင်းဆုံးလဲ

ပရီးမီးယားလိဂ်မှာ ဒီရာသီ ဘယ်သူအကောင်းဆုံးလဲ
Photos: X
Photos: X
Published 15 May 2024
Wai Yan Aung

မေ(၁၈)ရက်၊ စနေနေ့မှာ ရင်ခုန်ရမယ့် အကြောင်းအရာတစ်ခု ရှိနေပါတယ်။ ဒီရာသီအတွက် ပရီးမီးယားလိဂ်အကောင်း ဆုံးကစားသမားဆုကို ဘယ်သူရရှိမလဲ ဆိုတာပါ။ ပရီးမီးယားလိဂ်အဖွဲ့ချုပ်က ၂၀၂၃-၂၄ ရာသီအတွက် အကောင်းဆုံးကစားသမားဆုရွေးချယ်ဖို့ ဆန်ခါတင်စာရင်းနဲ့အတူ အကောင်းဆုံးလူငယ်ကစားသမားဆုနဲ့ အကောင်းဆုံးနည်းပြဆုအတွက် ဆန်ခါတင်စာရင်းတွေကို ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ အကောင်းဆုံးကစားသမားဆုနဲ့ အကောင်းဆုံးလူငယ် ကစားသမားဆုတွေကို ရာသီမပြီးဆုံးခင် မေ(၁၈)မှာ ထုတ်ပြန်ကြေညာပေးမှာဖြစ်ပြီး အကောင်းဆုံးနည်းပြဆုကိုတော့ မေ (၂၁)မှာမှ ကြေညာမှာပါ။ ဒါကြောင့် မေ(၁၉)မှာ အဆုံးအဖြတ်ပွဲစဉ်တွေကို မခံစားခင် ဒီရာသီမှာ ဘယ်သူအကောင်းဆုံးလဲဆိုတာ ရင်ခုန်ကြည့်ကြရမှာပါ။ ဒီရာသီမှာ ထူးထူးခြားခြားခြေစွမ်းပြနေတာကြောင့် ပရိသတ်အများစု အကြိုက်တွေ့နေကြတဲ့ မန်စီးတီးတိုက်စစ်ကစားသမား ဖိုဒန်ပဲ ဖြစ်လာမလား။

 

Most Read

Most Recent