■ လာလီဂါပွဲစဉ် (၃၅) ပွဲကြိုသုံးသပ်ချက် 

■ လာလီဂါပွဲစဉ် (၃၅) ပွဲကြိုသုံးသပ်ချက် 
Published 10 May 2024

မာယော့ကာ - လက်ပါမားစ် (မြန်မာစံတော်ချိန် မေလ ၁၁ ရက် ည ၆:၃၀ နာရီ)

တန်းဆင်းဇုန်ထဲမှ ကာဒစ်ဇ်နဲ့ အထက်နဲ့အောက်ဖြစ်လာလို့ မာယော့ကာသရေပွဲတွေချည်း ကစားနေလို့ မရတော့ပါဘူး။ အမှတ်ပြည့်ရအောင်ကစားဖို့လိုနေပါပြီ။ လက်စ်ပါမားစ်ကလည်း အမှတ်သိပ်မလိုတော့တဲ့အပြင် ခုတလောကစားပုံပါကျနေလို့ ဒီတစ်ပွဲတော့ အိမ်ရှင်မာယော့ကာ အနိုင်မရရအောင်ယူထားတော့မယ် ထင်တယ်။ မာယော့ကာနဲ့ ဂိုးအများပဲ ပိုကြိုက်တယ်။



ဗီလာရီးယဲလ် - ဆီဗီလာ (မြန်မာစံတော်ချိန် မေလ ၁၁ ရက် ည ၉:၄၅ နာရီ)

(၂)သင်းစလုံးပူပင်စရာတွေ၊ မျှော်လင့်စရာတွေသိပ်မရှိ ကြတော့ပါဘူး။ ဒါကြောင့် ပေါ့ပေါ့ပါးပါးကစားရင်း ရာသီသိမ်းကာလကိုကျော်ဖြတ်သွားဖို့များနေတယ်။ အခုပွဲလည်း သရေနဲ့ ဂိုးအနည်းလို့ပဲ မှန်းထားကြည့်လိုက်တယ်။



ဂရန်နာဒါ - ရီးယဲလ်မက်ဒရစ် (မြန်မာစံတော်ချိန် မေလ ၁၁ ရက် ည ၁၁:၀၀ နာရီ)

ရီးယဲလ်မက်ဒရစ်က ချန်ပီယံဖြစ်နေပါပြီ။ ဂရန်နာဒါကလည်း တန်းဆင်းရဖို့ တည်းတည်းလေးသာကျန်တော့တယ်ဆိုတော့ ဒီတစ်ပွဲများရီးယဲလ်က ဂရန်နာဒါကိုမျှော်လင့်ချက်ဆက်ပေးသွားမလားဆိုတာပဲစောင့်ကြည့်ရမလိုဖြစ်နေတယ်။ ဂရန်နာဒါကတော့ ဒီပွဲကိုအနိုင်မရခဲ့ရင် တန်းဆင်းရတော့မှာဖြစ်လို့ အိမ်ကွင်းမှာ ချန်ပီယံရီးယဲလ်ကို မထူးဇာတ်ခင်းပြီး ဖွင့်တိုက်မှာတော့ သေချာပါတယ်။ ရီးယဲလ်မက်ဒရစ်ကလည်း ချန်ပီယံလိဂ်အဆုံးအဖြတ်ပွဲအပြီး ဒီပွဲကိုဆက်နွှဲရမှာဆိုတော့ အင်ပြည့်အားပြည့်ရှိမယ့်ပုံမပေါ်နိုင်ဘူး။ ပွဲထွက်ကစားသမားစာရင်းအပြောင်းအလဲများနိုင်ပြီး အရန်ကစားသမားအများစုနဲ့ သာမန်ပွဲအဖြစ်လောက်ပဲ ထိန်းကစားသွားဖို့ရှိနေလို့ ဂရန်နာဒါအတွက် မျှော်လင့်ချက်ရှိနိုင်တဲ့ပွဲလို့ပဲထင်မိတယ်။ အိမ်ရှင်ဂရန်နာဒါနဲ့ ဂိုးအနည်းပဲ ရွေးထားကြည့်ချင်တယ်။



ဘီလ်ဘာအို - အိုဆာဆူနာ (မြန်မာစံတော်ချိန် မေလ ၁၂ ရက် နံနက် ၁:၃၀ နာရီ)

ဘီလ်ဘာအိုကလည်း လက်ကျန်ရာသီသိမ်းပွဲတွေကို သိက္ခာတရားနဲ့ကစားပြီး ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက်အတွက် အက်သလက်တီကိုကိုပါ ဖိအားဆက်ပေးနိုင်ဖို့ ကြိုးစားလာနိုင်သေးတယ်။ အစဉ်အလာအရ အိုဆာဆူနာကလည်း ဘီလ်ဘာအိုကို ခံကစားတတ်နိုင်လေ့ရှိတယ်ဆိုပေမယ့် လက်ရှိလျော့ကျနေတဲ့ခြေစွမ်းအရတော့ ဘီလ်ဘာအိုကို အနိုင်ရအောင်တားဆီးနိုင်မယ့်အစွမ်းမျိုး အိုဆာဆူနာမှာမရှိနိုင်ပါဘူး။ ဘီလ်ဘာအိုနဲ့ ဂိုးအနည်းပဲ ရွေးထားသင့်တယ်။

Most Read

Most Recent