အသင်းကို ကူညီရန် နေရာစုံတွင်ကစားနိုင်ကြောင်း ဂျေးဇူး ဆို

အသင်းကို ကူညီရန် နေရာစုံတွင်ကစားနိုင်ကြောင်း ဂျေးဇူး ဆို
Photo: afcstuff
Photo: afcstuff
Published 4 April 2024

အာဆင်နယ်တိုက်စစ်ကစားသမား ဂျေးဇူးက အသင်းကိုကူညီရန်အတွက် မိမိအနေဖြင့် နေရာစုံတွင် ကစားနိုင်ကြောင်း ပြောကြားခဲ့သည်။

ဂျေးဇူးသည် မန်စီးတီး (၀-၀) အာဆင်နယ်ပွဲတွင် တောင်ပံထွက်ကစားခဲ့ရပြီးနောက် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ဂျေးဇူးက ''ကျွန်တော်ကတော့ အသင်းကို ကူညီဖို့အတွက် အရာအားလုံးကို ကျွန်တော် လုပ်ဆောင်နေပါတယ်။ အသင်းအတွက် အကူအညီဖြစ်မယ်ဆိုရင် ကျွန်တော့်အနေနဲ့ ဘယ်နေရာမှာပဲ ကစားရ ကစားရ ကိစ္စမရှိပါဘူး။ ကျွန်တော့်အနေနဲ့ မန်စီးတီးနဲ့ပွဲမှာ တောင်ပံထွက်ကစားပြီး အခွင့်အရေးအချို့ ဖန်တီးပေးနိုင်ခဲ့ပါတယ်။ အဲဒီလိုကစားရတာက အသင်းအတွက် အကူအညီဖြစ်တယ်လို့လည်း ထင်ပါတယ်''ဟု ပြောကြားခဲ့သည်။ 

Most Read

Most Recent