ယူရိုအကြို၊ ကိုပါအကြို ရင်ခုန်စိတ်လှုပ်ရှားဖွယ် အချိန်အခါ

ယူရိုအကြို၊ ကိုပါအကြို ရင်ခုန်စိတ်လှုပ်ရှားဖွယ် အချိန်အခါ
Photo : Getty Images
Photo : Getty Images
Published 21 March 2024
Wai Yan Aung

၂၀၂၄ နွေရာသီက ဘောလုံးပရိသတ်တွေအတွက် ရင်ခုန်စရာကောင်းပါတယ်။ ကမ္ဘာ့အကောင်းဆုံး ဘောလုံးပြိုင်ပွဲနှစ်ခု အပြိုင်အဆိုင် ကျင်းပသွားမှာကြောင့်ပါ။ ဘောလုံးစွမ်းရည်အပြည့်ဝဆုံးလို့ သတ်မှတ်ထားကြတဲ့ တောင်အမေရိကဒေသရဲ့ ကိုပါအမေရိကပြိုင်ပွဲကို ၂၀၂၄ ဇွန်-ဇူလိုင်မှာ ကျင်းပသွားမှာဖြစ်သလို၊ ဘောလုံးအားကစားအဖွံ့ဖြိုးဆုံးဖြစ်တဲ့ ဥရောပဒေသရဲ့ ယူရိုပြိုင်ပွဲကိုလည်း ၂၀၂၄ ဇွန်-ဇူလိုင်မှာပဲ ကျင်းပသွားမှာပါ။ ၂၀၂၄ ကိုပါအမေရိကပြိုင်ပွဲကို ဇွန်(၂၀)ကနေ ဇူလိုင်(၁၄)အထိ ကျင်းပသွားမှာဖြစ်ပြီး ယူရို-၂၀၂၄ ပြိုင်ပွဲကို ဇွန်(၁၄)ကနေ ဇူလိုင်(၁၄)အထိ ကျင်းပသွားမှာဖြစ်တာကြောင့် အခမ်းနားဆုံးဘောလုံးပြိုင်ပွဲနှစ်ခုရဲ့ ဗိုလ်လုပွဲတွေကို  နာရီပိုင်းသာခြားပြီး ကြည့်ရှုခံစားရဖို့လည်း ရှိနေပါတယ်။

 

Most Read

Most Recent