ဖရန့်ဖတ်တိုက်စစ်မှူး အိုမာမာမွတ်ရှ်ကို လီဗာပူးလ်အသင်း ခေါ်ယူရန် စီစဉ်နေ

ဖရန့်ဖတ်တိုက်စစ်မှူး အိုမာမာမွတ်ရှ်ကို လီဗာပူးလ်အသင်း ခေါ်ယူရန် စီစဉ်နေ
Photo: X
Photo: X
Published 18 March 2024

လီဗာပူးလ်အသင်းသည် ဖရန့်ဖတ်အသင်းမှ အီဂျစ်တိုက်စစ်ကစားသမား အိုမာမာမွတ်ရှ်ကို ယူရိုသန်း (၅၀)ဖြင့် ခေါ်ယူရန် စီစဉ်နေကြောင်း Bild က ဖော်ပြခဲ့သည်။

မာမွတ်ရှ်(၂၅ နှစ်)သည် ပြီးခဲ့သည့် နွေရာသီတွင် ဝုလ်ဖ်ဘတ်အသင်းမှ ဖရန့်ဖတ်အသင်းသို့ ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ရောက်ရှိခဲ့သူဖြစ်ပြီး ယခုရာသီ၌ ဖရန့်ဖတ်အသင်းတွင် ခြေစွမ်းပြနိုင်သည့်အတွက် လီဗာပူးလ်အသင်းအပြင် အာဆင်နယ်အသင်းကလည်း ၎င်းကို ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သိရသည်။

၎င်း၏ အေးဂျင့်ကုမ္ပဏီဖြစ်သော CAA ၏ ဘောလုံးဒါရိုက်တာက ''သူက ဂျာမန်လိဂ်ရဲ့ အကောင်းဆုံးတိုက်စစ်မှူးတွေထဲက တစ်ယောက်ပါ။ သူ့အတွက် ကောင်းမွန်တဲ့အနာဂတ် ရရှိအောင် ကျွန်တော်တို့ စီစဉ်ထားပါတယ်''ဟု ဆိုခဲ့သည်။

Most Read

Most Recent