ကမ္ဘာ့အပူဆုံးမြို့ ၁၅ မြို့တွင် မကွေးတိုင်းချောက်မြို့မှာ ထိပ်ဆုံးသို့ ပြန်ရောက်လာပြီး အပူချိန် ၄၇ ဒီဂရီစင်တီဂရိတ်တွင် ရှိနေ

ကမ္ဘာ့အပူဆုံးမြို့ ၁၅ မြို့တွင် မကွေးတိုင်းချောက်မြို့မှာ ထိပ်ဆုံးသို့ ပြန်ရောက်လာပြီး အပူချိန် ၄၇ ဒီဂရီစင်တီဂရိတ်တွင် ရှိနေ
Published 27 April 2024

ကမ္ဘာ့အပူဆုံးမြို့ ၁၅ မြို့တွင် မကွေး တိုင်းချောက်မြို့မှာ ထိပ်ဆုံးသို့ ပြန်ရောက် လာပြီး အပူချိန် ၄၇ ဒီဂရီစင်တီဂရိတ်တွင် ရှိ နေကြောင်း မိုးလေဝသ သတင်းများဖော်ပြ လျက်ရှိသည့် Eldorado Weather ၌ ဖော်ပြ ထားသည်။

ဧပြီ ၂၇ ရက် မြန်မာ စံတော်ချိန် မွန်းတည့် တစ်နာရီတွင်  ထုတ်ပြန်ထားသည့် စာရင်းအရ ကမ္ဘာ့အပူဆုံးမြို့ ၁၅ မြို့တွင် မြန် မာနိုင်ငံမှ ချောက်မြို့နှင့် ညောင်ဦးမြို့များ ပါ ဝင်နေပြီး ချောက်မြို့မှာ အပူချိန် ၄၇ ဒသမ ၁ ဒီဂရီစင်တီဂရိတ်ဖြင့် နံပါတ် ၂ နေရာသို့ ပြန်လည်ရောက်ရှိလာခြင်းဖြစ်သည်။ 

ညောင်ဦးမြို့မှာ ၄၄ ဒသမ ၇ ဒီဂရီစင်တီ ဂရိတ်ဖြင့် နံပါတ် ၈ နေရာတွင် ရောက်ရှိနေ သည်ကို တွေ့ရသည်။

ချောက်မြို့မှာ ဧပြီ ၂၆ ရက်က အဆင့် ၄ သို့ ပြန်လည်ကျဆင်းခဲ့ရာမှ နောက်တစ်ရက် တွင် အပူချိန်ပြန်လည်မြင့်တက်လာကာ အဆင့် ၂ သို့ ပြန်လည်ရောက်ရှိလာခြင်းလည်း ဖြစ်သည်။

သို့သော် ဧပြီလပိုင်းမှစတင်ကာ ကမ္ဘာ့အ ပူဆုံးမြို့များစာရင်းတွင် ချောက်မြို့မှာပါဝင် လာခဲ့ပြီး ထိပ်ဆုံးနေရာတွင် တည်ရှိခဲ့သည်မှာ ဧပြီတစ်လလုံးနီးပါးရှိခဲ့သည်ဟု ဆိုရမည်ဖြစ် သည်။

မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒ ညွန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်များအ ရ ဧပြီလ တတိယပတ်အတွင်း မြန်မာနိုင်ငံအ လယ်ပိုင်းဒေသများတွင် ဧပြီလ ပျမ်းမျှအပူ ချိန်၏ ၁ ဒသမ ၅ ဒီဂရီ ဆဲလ်စီးယပ်နှင့်အထက် နေ့အပူချိန်ပိုနိုင်ကြောင်း ထုတ်ပြန်ခဲ့သည်။

နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသ ကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသ ကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ် နှင့် မွန်ပြည်နယ်တို့တွင် ဧပြီလ ပျမ်းမျှအပူ ချိန်၏ ၁ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ်နှင့်အထက် ပိုနိုင်ပြီး ကချင်၊ ချင်း၊ ရခိုင်နှင့် ကရင်ပြည် နယ်တို့တွင် ဧပြီလ ပျမ်းမျှအပူချိန်ခန့်သာ ရှိနိုင်ကြောင်း မိုးဇလက ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒ ညွန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ မကွေးတိုင်းဒေသကြီး ချောက်မြို့သည်  ဧပြီ ၆ ရက်တွင် နှစ်ပေါင်း ၅၆ နှစ်အတွင်း အပူ ချိန် စံချိန်သစ်တင်ခဲ့သည်ဟု သိရသည်။

နှစ်ပေါင်း ၅၆ နှစ်အတွင်း အမြင့်ဆုံးအပူ ချိန် စံချိန်ဟောင်း ၄၇ ဒီဂရီဆဲလ်စီးယပ်မှ အမြင့်ဆုံးအပူချိန် စံချိန်သစ် ၄၇ ဒသမ ၄ ဒီဂရီဆဲလ်စီးယပ်အထိ စံချိန်သစ်တင်ခဲ့ ကြောင်း၊ အလားတူ ညောင်ဦးမြို့၌ စခန်းဖွင့် သည့်နှစ်မှစ၍ နှစ်ပေါင်း ၅၉ နှစ်အတွင်းအ မြင့်ဆုံးအပူချိန်စံချိန်ဟောင်း ၄၅ ဒီဂရီ ဆဲလ် စီးယပ်မှ အမြင့်ဆုံးအပူချိန်စံချိန်သစ် ၄၅ ဒသမ ၂ ဒီဂရီဆဲလ်စီးယပ်အထိ စံချိန်သစ် တင်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွန် ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရ သည်။ အလားတူ ဟဲဟိုးမြို့၌ စခန်းဖွင့်သည့်နှစ် မှစ၍ နှစ်ပေါင်း ၄၅ နှစ်အတွင်း အမြင့်ဆုံးအပူ ချိန်စံချိန်ဟောင်း ၃၇ ဒသမ ၄ ဒီဂရီဆဲလ်စီး ယပ်မှ အမြင့်ဆုံးအပူချိန်စံချိန်သစ် ၃၇ ဒသမ ၈ ဒီဂရီဆဲလ်စီးယပ်အထိ စံချိန်သစ်တင်ခဲ့ ကြောင်း၊ လွိုင်လင်မြို့၌ စခန်းဖွင့်သည့်နှစ်မှ စ၍ နှစ်ပေါင်း ၅၇ နှစ်အတွင်း အမြင့်ဆုံးအပူ ချိန်စံချိန်ဟောင်း ၃၆ ဒီဂရီဆဲလ်စီးယပ်မှ အမြင့်ဆုံးအပူချိန်စံချိန်သစ် ၃၆ ဒသမ ၆ ဒီဂရီဆဲလ်စီးယပ်အထိ စံချိန်သစ်တင်ခဲ့ ကြောင်း သိရသည်။

ဧပြီလဆန်းပိုင်းမှ စတင်ကာမြန်မာနိုင်ငံ ရှိ မြို့များတွင် အပူချိန်များမြင့်တက်မှုကြောင့် လူသေဆုံးမှုများလည်း ရှိလာခဲ့သည်။

 

Most Read

Most Recent