ဒေါ်အောင်ဆန်းစုကြည် နေထိုင်ခဲ့သည့် ရန်ကုန်မြို့တက္ကသိုလ်ရိပ်သာ လမ်းရှိ ခြံအမှတ် (၅၄) အား လေလံတင်ရောင်းချပွဲ ပြုလုပ်ရာ လေလံဆွဲမည့်သူမရှိ

ဒေါ်အောင်ဆန်းစုကြည် နေထိုင်ခဲ့သည့် ရန်ကုန်မြို့တက္ကသိုလ်ရိပ်သာ လမ်းရှိ ခြံအမှတ် (၅၄) အား လေလံတင်ရောင်းချပွဲ ပြုလုပ်ရာ လေလံဆွဲမည့်သူမရှိ
Published 20 March 2024

ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ  ခြံအမှတ် (၅၄) အား  လေလံတင်ရောင်းချပွဲ ကို မတ်လ  ၂၀ ရက်က အဆိုပါခြံရှေ့တွင် ပြု လုပ်ရာ လေလံဆွဲ မည့်သူမရှိသဖြင့် လေလံပွဲ အောင်မြင်ခြင်းမရှိ ကြောင်းသိရသည်။

အဆိုပါခြံအမှတ်(၅၄)ကို လေလံဖွင့် ကြောင်း ကမာရွတ်ခရိုင် တရားရုံးမှတာဝန်ရှိ သူများက ကြေညာခဲ့သော်လည်း     လေလံဆွဲ မည့်သူမရှိသဖြင့် လေလံပွဲကိုရုပ်သိမ်းခဲ့ကြောင်းသိရသည်။

ခြံအမှတ်(၅၄)အား လေလံတင် ရောင်းချ ရန် ကြမ်းခင်းစျေးကို ကျပ်သိန်းပေါင်း ၃,၁၅၀,၀၀၀ (ကျပ် ၃၁၅ ဘီလျံ) ဖြင့် သတ် မှတ် ကြောင်း ကမာရွတ်ခရိုင်တရားရုံးက ၂၀၂၄ ခုနှစ် ဇန်န ၀ါရီ ၂၅ ရက်တွင် အမိန့်ချ မှတ်ခဲ့ကြောင်းသိရသည်။

ခြံအမှတ် (၅၄) အား ဦးအောင်ဆန်းဦး နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ အမွေခွဲဝေမှု အပေါ် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်ကတည်းက ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ဦး အောင်ဆန်းဦး လျှောက်ထားတောင်းဆိုသည့် အတိုင်း ခြံအမှတ် (၅၄) တစ်ခုလုံးအား လေလံ တင်ရောင်းချပြီး ရရှိလာသည့်တန်ဖိုး ကို ခွဲဝေ ရယူရန်အမိန့်ချမှတ်ထားကာ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၅ ရက်တွင် ကမာရွတ်ခရိုင် တရားရုံးက လေလံကြမ်းခင်းစျေး သတ်မှတ် သည့် အမိန့်ချမှတ်ပေးခြင်းဖြစ်သည်။

ခြံအမှတ် ၅၄ ၏ ဧရိယာအကျယ်အဝန်း မှာ ၁ ဒသမ ၉၂၃ ဧကကျယ်ဝန်းပြီး စတုရန်း ပေ ၈၃၇၆၅ ဒသမ ၈၈ ပေရှိသည်။

လက်ရှိတွင် တက္ကသိုလ်ရိပ်သာလမ်းအ နီးတစ်ဝိုက်တွင် ကာလမြေပေါက်စျေးအရ ခြံအမှတ် (၅၄) ၏ လေလံစျေးမှာ များပြား လျက်ရှိကြောင်း အိမ်ခြံမြေကျွမ်းကျင်သည့် စီးပွားရှင်လုပ်ငန်းရှင်တစ်ဦးကပြောကြား သည်။

ယခုလေလံကြမ်းခင်းစျေးမှာ မူလပေါက် စျေးထက် များပြားနိုင်သဖြင့် ယင်းငွေပမာဏ အား ဝယ်ယူနိုင်မည့် ငွေဖြူကိုင်ဆောင်ထားသူ ပြည်တွင်း၌မရှိသလောက်နည်းပါးနိုင် ကြောင်း အထက်ပါစီးပွားရေးလုပ် ငန်း ရှင်က ပြောကြားသည်။          

အဆိုပါခြံအမှတ် (၅၄) သည် ဒေါ်ခင် ကြည်အမည်ပေါက်ပိုင်ဆိုင်ပြီး ယင်းခြံအား ဒေါ်အောင်ဆန်းစုကြည်၏ အစ်ကိုဖြစ်သူ ဦး အောင်ဆန်းဦးက အမွေခွဲဝေရန် လျှောက် ထားမှုအပေါ် ၂၀၁၆ ခုနှစ်၌ ရန်ကုန်အ နောက်ပိုင်း ခရိုင်တရားရုံးက နှစ်ထပ်တိုက်နှင့် မြေတစ် ဝက်အား ဒေါ်အောင်ဆန်းစုကြည်နှင့် တစ်ထပ်တိုက်နှင့် ခြံတစ်ဝက်အား ဦးအောင် ဆန်း ဦးဟူ၍ ခွဲဝေရန် အမိန့်ချမှတ်ထားသည်။

သို့ရာတွင် ဦးအောင်ဆန်းဦးက တရား  ရုံး၏ ဆုံးဖြတ်ချက်အတိုင်းမဟုတ်ဘဲ ခြံဝင်း တစ်ခုလုံးအား လေလံပစ်ပြီး ရရှိသည့်တန်ဖိုး ကို တစ်ယောက်တစ်ဝက်ခွဲဝေယူရန် အယူခံ တက်ခဲ့သော်လည်း ထိုစဉ်က ယခင်အမိန့်အ တိုင်းသာ အပြီးသတ် အမိန့်ချမှတ်ခဲ့သည်။

ထို့နောက် အမွေဆိုင်အမှုအပေါ် တရား ရုံး၏ အပြီးသတ်ဒီဂရီကို ကျေနပ်မှုမရှိ၍ ဦး အောင်ဆန်းဦးက ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁၇ ရက်တွင် ပြည်ထောင်စုတရားလွှတ်တော် ချုပ်တွင် အယူခံလျှောက်ထားခဲ့ရာ ဒီဇင်ဘာ ၁၂ ရက်တွင် ပြည်ထောင်စုတရားလွှတ်တော် ချုပ်က အယူခံအား ပလပ်ခဲ့သည်။

ယင်းနောက် ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁၁ ရက်တွင် ဦးအောင်ဆန်းဦးက ပြည်ထောင်စု တရားလွှတ်တော်ချုပ်တွင် အထူးအယူခံ လျှောက်ထားခဲ့ပြီး ၂၀၂၂ ခုနှစ် သြဂုတ် ၂၂ ရက်တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် က ခြံအမှတ် ၅၄ နှင့်ပတ်သက်၍ အမွေခွဲဝေမှု ကို ဦးအောင်ဆန်းဦး တောင်းဆိုသည့်အတိုင်း ခွင့်ပြုကြောင်း အမိန့်ပြန်လည်ချမှတ်ခဲ့သည်။

Most Read

Most Recent