နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ်တွင် အရပ်ဘက် နိုင်ငံ့ဝန်ထမ်း အရာရှိကြီးများကို တက်ရောက်ခွင့်ပြုထားကြောင်း နစကဥက္ကဋ္ဌ ပြောကြား

နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ်တွင် အရပ်ဘက် နိုင်ငံ့ဝန်ထမ်း အရာရှိကြီးများကို တက်ရောက်ခွင့်ပြုထားကြောင်း နစကဥက္ကဋ္ဌ ပြောကြား
Published 28 February 2024

နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်တွင် အရပ်ဘက်နိုင်ငံ့ဝန်ထမ်း အရာရှိကြီးများကို တက်ရောက်ခွင့်ပြုထားကြောင်းနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ဖေဖော်ဝါရီ ၂၇ ရက်နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်မှ နည်းပြအရာရှိကြီးများနှင့် သင်တန်းသားအရာရှိကြီးများအား Video Conferencing ဖြင့် အမှာစကားပြောကြားရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ထိုသို့ထည့်သွင်းပြောကြားခြင်းဖြစ်သည်။

နစကဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်တက်ရောက်ရန်အတွက် သင်တန်းသားများ ရွေး ချယ်ရာတွင် ယခင်ကတပ်မတော်အရာရှိကြီးများကိုသာရွေးချယ်ခဲ့သော်လည်း ယခုအချိန် တွင် အရပ်ဘက်နိုင်ငံ့ဝန်ထမ်း အရာရှိကြီးများကိုလည်းတက်ရောက်စေခဲ့ကြောင်း၊ လုပ်ငန်း များ ဆောင်ရွက်ရာတွင် နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးနှင့် ကာကွယ်ရေး စသည့် အမြင် ၄ မြင်ဖြင့် ပြည့်စုံစွာထည့်သွင်းစဉ်းစား တွက်ချက်ဆောင်ရွက်နိုင်ခြင်း မရှိပါက နိုင်ငံတော်အတွက် လိုအပ်ချက်များဖြစ်ပေါ်လာနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံ့ ဝန်ထမ်း အကြီးအကဲများ သည် တာဝန်ထမ်းဆောင်ရာတွင် အထက်ပါ အမြင် ၄ မြင်ဖြင့် စဉ်းစားဆောင်ရွက်တတ် ရန်လိုကြောင်း၊ သင်တန်းသားများအနေဖြင့် အချင်းချင်း ဆွေးနွေးခြင်း၊ ဖတ်ရှုလေ့လာခြင်း တို့ကို တစ်နှစ်တာကာလအတွင်း ဆွေးနွေးလေ့ကျင့် ပေးခြင်းဖြစ်သဖြင့် တန်ဖိုးရှိသည့် သင်တန်းတစ်ခုဖြစ်ပြီး နိုင်ငံတော်အတွက် အကျိုးပြု နိုင်သည့် အရာရှိကြီးများဖြစ်အောင် ကြိုးပမ်းကြစေလိုကြောင်း၊ သင်တန်းသားများ အနေဖြင့် မိမိတို့တွေ့ရှိချက်များကို မိမိဘဝအတွက်၊ နိုင်ငံ့အတွက် အထောက်အကူ ရအောင် အလေးအနက်ထား၍ ဆောင်ရွက်ကြရန် လိုကြောင်း ပြောကြားသည်။

ထို့ပြင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံရေးအပိုင်းနှင့်ပတ် သက်၍ မိမိတို့နိုင်ငံ၏ သမိုင်းကြောင်းကို ပြန်ကြည့်မည်ဆိုပါက မိမိတို့နိုင်ငံသည် အ ချုပ်အခြာအာဏာပိုင် တည်တံ့ခိုင်မြဲသည့် ရေမြေပိုင်နက် နယ်နိမိတ်နှင့် ခိုင်မာသည့် သမိုင်းကြောင်းရှိသည့် နိုင်ငံဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် ခေတ်အလိုက်တိုးတက် မှုများရှိခဲ့သော်လည်း ခေတ်ပြိုင်နိုင်ငံများဖြစ် သည့် အခြားနိုင်ငံများနှင့် အိမ်နီးချင်းနိုင်ငံအ ချို့တို့၏နောက်တွင် တဖြည်းဖြည်းကျန်ခဲ့ သည်ကို တွေ့မြင်ရကြောင်း၊ ပညာရေးနှင့် ပတ်သက်၍ အားနည်းချက်များရှိခဲ့ပြီး အ တွက်အချက်ပညာရပ်နှင့် စက်မှုပညာရပ်တို့ တွင် အခြားနိုင်ငံများနှင့် ရင်ပေါင်တန်းနိုင်မှု မရှိခဲ့ဘဲ နောက်တွင် ကျန်နေခဲ့ကြောင်း၊ ယင်းအချက်အလက်များကို အခြေခံ၍ သင် ခန်းစာဖော်ထုတ်ကာ နိုင်ငံ့အကျိုးအတွက် ဆောင်ရွက်ကြရန် ပြောကြား သည်။

ထို့နောက် ကိုလိုနီနယ်ချဲ့နိုင်ငံများအ နေဖြင့် မိမိတို့နိုင်ငံ၏ သယံဇာတရင်းမြစ် များကို ရယူလိုမှုဖြင့် နယ်ချဲ့ခဲ့မှုနှင့် လွတ် လပ်ရေးပြန်လည်ရရှိရန်အတွက် ကြိုးပမ်း ဆောင်ရွက်ခဲ့မှု အခြေအနေများ၊ လွတ်လပ် ရေးမရမီကာလနှင့် လွတ်လပ်ရေးရပြီးကာ လတွင် ဆိုရှယ်လစ်စနစ်နှင့် အရင်းရှင်စနစ် တို့၏ အားပြိုင်ခဲ့မှုအခြေအနေများ၊ ကိုလိုနီ အစိုးရ ၏ သွေးခွဲအုပ်ချုပ်မှုနှင့် နိုင်ငံရေးအရ အယူဝါဒကွဲပြားမှုများကြောင့်ဖြစ်ပေါ်လာသည့် တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခများ၊ လွတ်လပ်ရေးရရှိပြီး နောက်ပိုင်းကာလ များ၌ လက်နက်ကိုင်ပဋိပက္ခများနှင့် စီးပွား ရေး အယူဝါဒကွဲပြားခဲ့မှု အခြေအနေများ၊ ဆိုရှယ်လစ်စနစ်၌ စီမံခန့်ခွဲမှုအားနည်းချက် တို့ကြောင့် စီးပွားရေးကျဆင်းခဲ့ကာ အရေး အခင်းများဖြစ်ပေါ်ခဲ့ပြီး တိုင်းပြည်၏အခြေ အနေယိမ်းယိုင်လာခဲ့ကာ အချုပ်အခြာအာဏာပြိုကွဲမည့်အခြေအနေနှင့် ရင်ဆိုင်လာခဲ့ ရသဖြင့် ၁၉၈၈ ခုနှစ် စက်တင်ဘာလတွင် တည်ဆဲအစိုးရ၏လုပ်ငန်းများ ရပ်တန့်ခဲ့ရ သောကြောင့် တပ်မတော်က ဝင်ရောက်ထိန်း သိမ်း တာဝန်ယူဆောင်ရွက်ခဲ့ရသည့် အခြေ အနေများကို ၎င်းင်းက ရှင်းလင်းပြောကြား သည်။

နောက်ပိုင်းတွင် ပြည်သူလူထု၏ဆန္ဒ နှင့်အညီ ပါတီစုံဒီမိုကရေစီစနစ်သွားနိုင် ရေး ဦးတည်ဆောင်ရွက်ခဲ့သည့်အခြေအနေ များ၊ ဒီမိုကရေစီစနစ်ကို ကျင့်သုံးနိုင်ရေးအ တွက် ကိုက်ညီသည့်ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲနိုင်ရေးဆောင်ရွက်ခဲ့ပြီး တိုင်းရင်းသား ပြည်သူလူထုနှင့် အလွှာပေါင်းစုံမှအစုအဖွဲ့ များပါဝင်သော အမျိုးသားညီလာခံ၌ အချေ အတင်ဆွေးနွေးပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ၂၀၀၈ ခုနှစ်၌ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ဖြင့် အတည်ပြုနိုင်ခဲ့သည့် အခြေအနေများ၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေ ထွေရွေးကောက်ပွဲတွင် မဲမသမာမှုများဖြစ် ပွားခဲ့ချိန်၌ ဥပဒေနှင့်အညီဖြေရှင်းမှုများ ဆောင်ရွက်ပေးခဲ့ခြင်းမရှိခြင်းကြောင့ ်နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဖွဲ့ စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အ ညီ နိုင်ငံ့တာဝန်များကို ထမ်းဆောင်ခဲ့ရမှု အခြေအနေများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် နိုင်ငံရေးရည်မှန်းချက် နှစ်ရပ်၊ အမျိုးသားရေးရည်မှန်းချက် နှစ်ရပ် ချမှတ်၍ အကောင်အထည်ဖော် ဆောင် ရွက်လျက်ရှိမှု အခြေအနေများ၊ နိုင်ငံတော် အား ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ် တွင် ခိုင်မာစွာ ဆက်လက်လျှောက်လှမ်း လျက်ရှိမှုနှင့် လွတ်လပ်၍တရားမျှတသည့် ရွေးကောက်ပွဲကျင်းပပေးနိုင်ရေး ကြိုတင်ပြင် ဆင်ဆောင်ရွက်နေမှု အခြေအနေများ၊ နိုင် ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်မှန်းချက် များနှင့် ဦးတည်ချက်များ ချမှတ်အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိမှု အခြေ အနေများ၊ ပညာတတ်လူသားအရင်းအ မြစ်ကောင်းများ မွေးထုတ်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ နိုင်ငံ တော်အတွက် အဓိကကျသည့် နိုင်ငံရေး မောင်းနှင်အား၊ စီးပွားရေးမောင်းနှင်အား နှင့် ကာကွယ်ရေး မောင်းနှင်အားများ ကောင်းမွန်စေရေး ဆက်လက်အကောင် အထည်ဖော် ဆောင်ရွက်ရမည့်အခြေအနေ များနှင့် ပတ်သက်၍လည်း ၎င်းက ပြော ကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ် ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာ ကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်ကျောင်းအုပ်ကြီး၊ နည်းပြအရာရှိကြီးများနှင့် သင်တန်းသားအရာရှိကြီးများ တက်ရောက်ခဲ့သည်။

Most Read

Most Recent