ရွှေစျေးကွက်အတွင်း လေပတ်ကား ရောင်းဝယ်ဆောင်ရွက်နေသည်ဟု သံသယရှိသူများကို တာဝန်ရှိ အဖွဲ့အစည်းများကခေါ်ယူစစ် ဆေးနေ

ရွှေစျေးကွက်အတွင်း လေပတ်ကား ရောင်းဝယ်ဆောင်ရွက်နေသည်ဟု သံသယရှိသူများကို တာဝန်ရှိ အဖွဲ့အစည်းများကခေါ်ယူစစ် ဆေးနေ
Published 30 March 2024

ရွှေစျေးကွက်အတွင်း လေပတ်ကား ရောင်း ဝယ်ဆောင်ရွက်နေသည်ဟု သံသယရှိ သူများကို တာဝန်ရှိအဖွဲ့အစည်းများကခေါ်ယူ စစ် ဆေးလျက်ရှိသည်ဟု ရန်ကုန်တိုင်းရွှေလုပ် ငန်းရှင်များအသင်းက မတ် ၃၀ ရက်တွင် ထုတ်ပြန်သည်။

ရွှေစျေးကွက်ကို ကမောက်ကမ ဖြစ်စေ လိုသော မသမာသူများနှင့် လေပတ်ကား ရောင်းဝယ်သူများ၊ ပွဲစားများသည် ရွှေစျေး နှုန်းများ အဆမတန်မြင့်တက်စေရန် စျေး ကွက်အတွင်းအရောင်းအဝယ်မရှိသော စျေး နှုန်းများကို သတင်းထုတ်လွှင့်ပြီး စျေးကစား လျက်ရှိသည်ကို တွေ့ရှိရသည်ဟု ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းက ထုတ်ပြန်သည်။

မသမာသောဆောင်ရွက်ချက်များကို ကန့်ကွက်ရှုတ်ချကြောင်း၊ ရွှေအသင်းဝင်များ အနေဖြင့်လည်း မသမာမှုများတွေ့ရှိပါက သက်ဆိုင်ရာ တရားဥပဒေစိုးမိုးရေးအဖွဲ့များ ထံ သတင်းပေးပို့ရမည်ဖြစ်ကြောင်း အသင်း ၏ ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထား သည်။

ရန်ကုန်မြို့ရှိ ရွှေစျေးကွက်တွင် လေပတ် ကားရောင်းဝယ်ဆောင်ရွက်နေသည်ဟု သံသ ယရှိသူများကို တာဝန်ရှိအဖွဲ့အစည်းများက ခေါ်ယူစစ်ဆေးလျက်ရှိသည်ကို သိရှိရ ကြောင်း၊ ရွှေဆိုင်များ၊ မိဘပြည်သူများအနေ ဖြင့်လည်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက ထုတ်ပြန်သော စျေးကွက်ရွှေစျေး နှုန်းအတိုင်းသာ ရောင်းဝယ်ကြရန်နှင့် လေ ပတ်ကားရောင်းဝယ်သူများ၊ ပွဲစားများ၏ မသ မာသောစိတ်ဓာတ်ဖြင့် ရွှေစျေးနှုန်းကမောက် ကမဖြစ်စေရန် ဆောင်ရွက်မှုများတွင် ပါဝင် ပတ်သက်ခြင်းမရှိစေရေး ထိန်းသိမ်းဆောင် ရွက်ကြရန် သတင်းထုတ်ပြန်အပ်သည်ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက ထုတ် ပြန်သည်။

ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း အနေဖြင့် ရန်ကုန်ရှိ ရွှေဆိုင်ကြီး ခုနစ်ဆိုင်ထံ မှ စျေးနှုန်းများကို စုစည်းရယူပြီး နေ့စဉ် ရွှေ စျေးကွက်စျေးနှုန်းအဖြစ် တစ်ရက်လျှင် သုံး ကြိမ် ထုတ်ပြန်ပေးလျက်ရှိသည်။

Most Read

Most Recent