ရွှေစျေးကွက်တွင် စနစ်တကျရောင်းဝယ်နိုင်ရန်၊ စံချိန်စံနှုန်းနှင့် စျေးနှုန်းအခြေခံသတ်မှတ်နိုင်ရေး၊ တရားဝင်ဆောင်ရွက်နိုင်သည့်စျေးကွက်ဖော်ဆောင်ရန် ဆောင်ရွက်လျက်ရှိ

ရွှေစျေးကွက်တွင် စနစ်တကျရောင်းဝယ်နိုင်ရန်၊ စံချိန်စံနှုန်းနှင့် စျေးနှုန်းအခြေခံသတ်မှတ်နိုင်ရေး၊ တရားဝင်ဆောင်ရွက်နိုင်သည့်စျေးကွက်ဖော်ဆောင်ရန် ဆောင်ရွက်လျက်ရှိ
ရွှေနှင့်ငွေကြေးစျေးကွက်စောင့်ကြည့်၊ထိန်းသိမ်း၊ ကြပ်မတ် ရေးလုပ်ငန်းကော်မတီအစည်းအဝေးကို တွေ့ရစဉ်
ရွှေနှင့်ငွေကြေးစျေးကွက်စောင့်ကြည့်၊ထိန်းသိမ်း၊ ကြပ်မတ် ရေးလုပ်ငန်းကော်မတီအစည်းအဝေးကို တွေ့ရစဉ်
Published 8 March 2024

ရွှေစျေးကွက်တွင် စနစ်တကျရောင်း ဝယ်နိုင်ရန်၊ စံချိန်စံနှုန်းနှင့် စျေးနှုန်းအခြေခံသတ်မှတ်နိုင်ရေး၊ တရားဝင်ဆောင်ရွက်နိုင်သည့် စျေးကွက်ဖော်ဆောင်ရန် ဆောင်ရွက်လျက်ရှိကြောင်း ဗဟိုဘဏ်ဥက္ကဋ္ဌ  ဒေါ်သန်းသန်းဆွေက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေသည် ရွှေနှင့်ငွေကြေး စျေးကွက်စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ် ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များအား မတ် ၆ ရက်က နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌများနှင့် ဌာနဆိုင်ရာညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ကြသည်။

ယင်းသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌက ရွှေစျေးကွက်တွင် စနစ်တကျရောင်းဝယ်နိုင်ရန်၊ စံချိန်စံနှုန်းနှင့် စျေးနှုန်းအခြေခံသတ်မှတ်နိုင်ရေး၊ တရားဝင် ဆောင်ရွက်နိုင်သည့် စျေးကွက်ဖော်ဆောင်ရန် ဆောင်ရွက်လျက်ရှိကြောင်း၊ ရွှေစျေး၊ ငွေစျေးကစားပြီး စျေးနှုန်းမတည်မငြိမ်ဖြစ်အောင် ဆောင်ရွက်သူများကို ဥပဒေနှင့်အညီ ကြီးကြပ်အရေးယူသွားမည် ဖြစ်ကြောင်း၊ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုအဖြစ် သတ်မှတ်ပါက ဥပဒေပါပြဋ္ဌာန်းချက်များကို ဆက်လက်အကောင်အထည်ဖော်ရန် လိုအပ်ကြောင်း၊ အဖွဲ့ဝင်များ အနေဖြင့် လက်ရှိ လုပ်ဆောင်ချက်များ၊ ကြီးကြပ်မှုများကို ပြန်လည်စိစစ်ရန်နှင့် စနစ်တကျ ထိန်းကျောင်း သွားရန်လိုအပ်ကြောင်း ဆွေးနွေးခဲ့သည်။

ထို့နောက် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ရွှေရောင်းဝယ်ရာ၌ မသမာမှုပြုလုပ်၍ စျေးကစားမှုများအပေါ် ကြီးကြပ် အရေးယူမှုများဆောင်ရွက်နိုင်ရန် တည်ဆဲ ဥပဒေများနှင့်အညီ အမိန့် ထုတ်ပြန်ရာတွင် အ‌ရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုအဖြစ် သတ်မှတ်နိုင်ရေးအတွက် အမိန့်၊ ညွှန်ကြား ချက်များထုတ်ပြန်ရန် လည်းကောင်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက သက်ဆိုင်ရာဌာနများ အနေဖြင့် ရည်ညွှန်းရွှေစျေးနှုန်း ထုတ်ပြန်ပြီး ကျော်လွန်ရောင်းချသူများအား အရေးယူ နိုင်မည့် နည်းလမ်းများကို လည်းကောင်း၊ အစည်းအဝေးတက်ရောက်လာသူများက လို အပ်သည့် အမိန့်များ ထုတ်ပြန်ရာတွင် ဦးစီးဆောင်ရွက်မည့် ဝန်ကြီးဌာန၊ ဆက်လက် ထိန်းချုပ်ကြီးကြပ်ကွပ်ကဲမည့် နည်းလမ်းများ၊ လုပ်ငန်းစဉ်များကို သေချာစွာ စနစ်တကျ ချမှတ်ဆောင်ရွက်သွားရမည့် အခြေအ နေများကိုလည်းကောင်း ဆွေးနွေးခဲ့ကြသည်။

ထို့နောက် အစည်းအဝေးတက်ရောက်လာကြသူများက တည်ဆဲဥပဒေပြဋ္ဌာန်းချက်များ၊ ထုတ်ပြန်ထားသည့်အမိန့် ကြော်ငြာစာများ၊ ညွှန်ကြားချက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြပြီး လက်ရှိဆောင်ရွက်ချက်များ၊ ထိရောက်စွာ အရေးယူနိုင်ရေးအ တွက် လိုအပ်သည့်အမိန့်ကြော်ငြာစာများ ထုတ်ပြန်နိုင်ရန် ဆက်လက်တင်ပြဆောင်ရွက်သင့်သည့် အချက်များကို ရှင်းလင်းဆွေးနွေးကြကြောင်း သိရသည်။

ထို့နောက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများနှင့် ညွှန်ကြားရေးမှူးချုပ်များက ရွှေစျေးကွက်တည် ငြိမ်ခိုင်မာရေးအတွက်အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေနှင့် စပ်လျဉ်း၍ ထုတ် ပြန်ဆောင်ရွက်သင့်သည့် အစီအစဉ်များကို လည်းကောင်း၊ တရားမဝင်ရောင်းဝယ်သူများကို သက်ဆိုင်ရာ တည်ဆဲဥပဒေများနှင့် ထိရောက်စွာအရေးယူနိုင်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်ရန် အစီအမံများကိုလည်းကောင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Most Read

Most Recent