ဒဂုံ မြို့သစ် (အရှေ့ပိုင်း) မြို့နယ်တွင် မောင်နှမ နှစ်ဦး၊ ညီအကို နှစ်ဦး စုစုပေါင်းကလေးငယ် လေးဦး တပြိုင်တည်း ပျောက်ဆုံးနေပြီး တပတ်နီးပါးခန့်အကြာအထိ မတွေ့ရှိသေး

ဒဂုံ မြို့သစ် (အရှေ့ပိုင်း) မြို့နယ်တွင် မောင်နှမ နှစ်ဦး၊ ညီအကို နှစ်ဦး စုစုပေါင်းကလေးငယ် လေးဦး တပြိုင်တည်း ပျောက်ဆုံးနေပြီး တပတ်နီးပါးခန့်အကြာအထိ မတွေ့ရှိသေး
Published 23 March 2024

ရန်ကုန်တိုင်း ဒေသကြီး ဒဂုံ မြို့သစ် (အရှေ့ပိုင်း) မြို့နယ်တွင် မောင်နှမ နှစ်ဦး အပါအဝင် ကလေးငယ် လေးဦး တပြိုင်တည်း ပျောက်ဆုံးနေပြီး တပတ်နီးပါးခန့်အကြာအထိ မတွေ့ရှိသေးကြောင်း ကလေးငယ်များ၏ မိဘများက ပြောကြားသည်။

မောင်မြင့်မြတ်နိုင်နှင့် မအင်ကြင်းခင် အမည်ရှိ မောင်နှမ နှစ်ဦးနှင့်အတူ အခြားကလေးငယ် နှစ်ဦးမှာ မတ် ၁၇ ရက် နံနက်ပိုင်းမှ စတင်ကာ ပျောက်ဆုံးနေခြင်းဖြစ်ကာ မတ် ၂၃ ရက် မွန်းလွဲပိုင်းအထိ မည်သည့်သတင်းမျှ မရရှိသေးကြောင်း ပျောက်ဆုံးနေသည့် မောင် နှမနှစ်ဦး၏ မိခင်ဖြစ်သူက ပြောကြားသည်။

မတ် ၁၇ ရက် နံနက် ၈ နာရီနဲ့ ၉ နာရီ လောက်က အိမ်ကထွက်သွားတာ။ အဲဒီကတည်းက ဘာသတင်းမှ မကြားရသေးဘူး။ မတွေ့သေးပါဘူး။ ကျေးဇူးပြုပြီး သတင်းကြားရင် ပြောပေးကြပါ  ဟု ပျောက်ဆုံးနေသည့် မောင်နှမနှစ်ဦး၏ မိခင်ဖြစ်သူက ပြောကြား သည်။

မောင်မြင့်မြတ်နိုင်မှာ အသက် ၁၁ နှစ် အရွယ်ရှိပြီး ညီမဖြစ်သူ မအင်ကြင်းခင်မှာ ကိုးနှစ်အရွယ်ရှိကြောင်း သိရသည်။

“မနေ့က ဖုန်းတခုဝင်လာတယ်။ ကလေး တွေကို မြဝတီဘက်မှာ တွေ့တယ်ဆိုပြီး လာပို့ ပေးမယ် ခရီးစရိတ်လွှဲပေးရမယ်ဆိုတာတွေ လည်းပြောတယ်။ ကျွန်မတို့က ကလေးတွေရဲ့ အခုပုံလေးတွေ ကြည့်ချင်တယ်ဆိုပြီးပြော တော့ မကိုင်တော့ဘူးဟု ပျောက်ဆုံးနေသည့် မောင်နှမနှစ်ဦး၏ မိခင်ဖြစ်သူက ပြောကြား သည်။

မတ် ၂၃ ရက်အထိ ကလေးငယ်များ၏ သတင်းကို တိတိကျကျ မသိရှိရသေးဘဲ မိခင် ဖြစ်သူမှာ အဝတ်လျှော်ဖွတ်ခြင်းလုပ်ကိုင်ကို လုပ်ကိုင်နေသူဖြစ်ကာ ပျောက်ဆုံးနေသည့် မောင်နှမနှစ်ဦးမှာ အမှိုက်ကောက်သည့်အ လုပ်ကို လုပ်ကိုင်နေသူများလည်းဖြစ်သည်။

ကလေးတွေနဲ့ ပတ်သက်ပြီး သတင်း သိရရင် ပြောပေးကြပါဟု မိခင်ဖြစ်သူက ပြောကြားသည်။

ကလေးငယ်များတွေ့ရှိပါက ဆက်သွယ် နိုင်သည့် ဖုန်းနံပါတ်များနှင့်အတူ ကလေးငယ် နှစ်ဦး၏ ဓာတ်ပုံများကိုလည်း ကားမှတ်တိုင် များတွင် ကပ်ထားကာ ဖြန့်ဝေထားသည်ဟု သိရသည်။

ထို့ပြင် မောင်လမင်းမောင်နှင့် မောင်ဇွဲ ပြည့်မောင်အမည်ရှိ ညီအကိုနှစ်ဦးမှာလည်း ပျောက်ဆုံးနေသည်ဟု အဆိုပါကလေးငယ် နှစ်ဦး၏ မိခင်ဖြစ်သူက ပြောကြားသည်။

 

ဇွဲပြည့်မောင်က ၁၁ နှစ်ကျော်ကျော်ပဲ ရှိပါသေးတယ်။ လမင်းမောင်က ခြောက်နှစ် ကျော်ကျော်ပဲ ရှိပါသေးတယ်။ ၁၇ ရက်နေ့က တည်းက ပျောက်သွားတာပါ။ အခုထိ ဘာသ တင်းမှ မကြားရသေးဘူး။ တွေ့ရင်အကြောင်း ကြားပေးကြပါဟု ပျောက်ဆုံးညီအကို နှစ်ဦး ၏ မိခင်ဖြစ်သူက ပြောကြားသည်။

အဆိုပါ ကလေးငယ်လေးဦးမှာ မတ် ၁၇ ရက်က တပြိုင်တည်းပျောက်ဆုံးနေခြင်း ဖြစ်ပြီး မည်သည့်သတင်းမျှမကြားရသေး ကြောင်း မိခင်ဖြစ်သူများ၏ ပြောကြားချက်အ ရ သိရသည်။

Most Read

Most Recent