ထိုင်းနိုင်ငံအရှေ့ပိုင်း ရယောင်းပြည်နယ်ရှိ သံထည်ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် ကရိန်းပြိုကျပြီး သေဆုံးခဲ့သည့် မြန်မာလုပ်သားခြောက်ဦးအတွက် ဥပဒေနှင့်အညီ အကျိုးခံစားခွင့်များရရှိအောင် ဆောင်ရွက်နေ

ထိုင်းနိုင်ငံအရှေ့ပိုင်း ရယောင်းပြည်နယ်ရှိ သံထည်ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် ကရိန်းပြိုကျပြီး သေဆုံးခဲ့သည့် မြန်မာလုပ်သားခြောက်ဦးအတွက် ဥပဒေနှင့်အညီ အကျိုးခံစားခွင့်များရရှိအောင် ဆောင်ရွက်နေ
Published 1 April 2024

ထိုင်းနိုင်ငံအရှေ့ပိုင်း ရယောင်းပြည်နယ်ရှိ သံထည်ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် ကရိန်းပြိုကျပြီး သေဆုံးခဲ့သည့် မြန်မာလုပ်သားခြောက်ဦးအတွက် ဥပဒေနှင့်အညီ အကျိုးခံစားခွင့်များရရှိအောင် ဆောင်ရွက်နေကြောင်း အလုပ်သမားသံအရာရှိရုံးက သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ မတ် ၂၉ ရက် ညနေ ၄ နာရီခန့်က လုပ်ငန်းခွင်အတွင်း ကရိန်းပြိုကျပြီး မြန်မာလုပ်သားခြောက်ဦးနှင့် တရုတ်နိုင်ငံသားတစ်ဦး သေဆုံးခဲ့ခြင်းဖြစ်သည်။

သေဆုံးမှုနှင့် ပတ်သက်ပြီး သက်ဆိုင်ရာနယ်မြေအုပ်ချုပ်ရေးအဖွဲ့များ၊ နယ်မြေအလုပ်အကိုင်ဌာနနှင့် အာဏာပိုင်အဖွဲ့များနှင့် ကြိုတင်ချိတ်ဆက်ခြင်း၊ လူမှုကူညီရေးအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ သေဆုံးမိသားစုဝင်များနှင့် မတ် ၃၀ ရက်တွင် ဆောင်ရွက်ခဲ့သည်ဟု အလုပ်သမားသံအရာရှိရုံးက သတင်းထုတ်ပြန်သည်။

ယင်းနောက် ထိခိုက်နစ်နာသေဆုံးခဲ့သည့် မြန်မာနိုင်ငံသားခြောက်ဦးအတွက် ထိုင်းနိုင်ငံ လူမှုဖူလုံရေးခံစားခွင့်များကို ဥပဒေနှင့်အညီ အကျိုးခံစားခွင့်ရရှိစေရေး ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံရှိ အလုပ်သမားသံအရာရှိရုံးက သတင်းထုတ်ပြန်သည်။

ရယောင်းပြည်နယ် သံထည်ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ အလုပ်သမားများလည်း သေဆုံးသွားသည့် လုပ်သားများအတွက် တစ်ဦးလျှင်ဘတ်ငါးသန်း လျော်ကြေးပေးရန် ဆန္ဒပြတောင်းဆိုမှုများရှိခဲ့ကြောင်း သိရသည်။

ရယောင်းပြည်နယ် ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် မြန်မာအပါအဝင် ကမ္ဘောဒီးယားအလုပ်သမား၊ အခြားနိုင်ငံသား အလုပ်သမားများအပါအဝင် စုစုပေါင်းရွှေ့ပြောင်းလုပ်သား ၅၀၀ ကျော် ဝင်ရောက်လုပ်ကိုင်လျက်ရှိကြောင်းနှင့် အများစုမှာ မြန်မာလုပ်သားများဖြစ်ကြောင်း ထိုင်းနိုင်ငံဘက်မှ လာသောသတင်းများအရ သိရသည်။

Most Read

Most Recent