မြန်မာနိုင်ငံ၏ အာဆီယံ-တရုတ်လွတ်လပ်သော ကုန်သွယ်မှုနယ်မြေဆိုင်ရာ အကောက်ခွန်နှုန်းလျှော့ချမှုအစီအစဉ် ၂၀၂၄ ခုနှစ် ဧပြီ ၁ ရက်တွင် စတင်မည်

မြန်မာနိုင်ငံ၏ အာဆီယံ-တရုတ်လွတ်လပ်သော ကုန်သွယ်မှုနယ်မြေဆိုင်ရာ အကောက်ခွန်နှုန်းလျှော့ချမှုအစီအစဉ် ၂၀၂၄ ခုနှစ် ဧပြီ ၁ ရက်တွင် စတင်မည်
Published 21 March 2024

မြန်မာနိုင်ငံ၏ အာဆီယံ-တရုတ် လွတ် လပ်သော ကုန်သွယ်မှုနယ်မြေဆိုင်ရာ အကောက်ခွန်နှုန်းလျှော့ချမှုအစီအစဉ် ၂၀၂၄ ခုနှစ် ဧပြီ ၁ ရက်တွင် စတင်မည်ဖြစ် ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန  အမိန့်ကြော်ငြာစာအမှတ် ၂၀/၂၀၂၄ကို ထုတ်ပြန်ထား သည်။

မြန်မာနိုင်ငံ၏ အာဆီယံ-တရုတ်လွတ် လပ်သော ကုန်သွယ်မှုနယ်မြေဆိုင်ရာအ ကောက်ခွန်နှုန်းလျှော့ချမှုအစီအစဉ် myanmar tariff reduction schedule with HS 2022 version under ASEAN- China Free Trade Area ကို ကျင့်သုံးဆောင်ရွက်ရန် အကောက်ခွန်နှုန်း ဥပဒေပုဒ်မ ၄ အရ အပ်နှင်းထားသည့် လုပ် ပိုင်ခွင့်ကို ကျင့်သုံး၍ ယခုအမိန့်ကြော်ငြာ စာကို ထုတ်ပြန်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါအမိန့်ကြော်ငြာစာသည် ၂၀၂၄ ခုနှစ် ဧပြီ ၁ ရက်မှစ၍ အကျိုးသက် ရောက်စေမည်ဖြစ်ကာ  ၂၁-၅-၂၀၁၉ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၄၇/၂၀၁၉ ကို ယခုအမိန့်ကြော်ငြာစာဖြင့် လွှမ်း မိုးပယ်ဖျက်လိုက်သည်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးသည် မြန်မာ့အကော က်ခွန်နှုန်းစာရင်း ၂၀၂၂ ဖြင့် ချိတ်ဆက်ထား သော မြန်မာနိုင်ငံ၏ အာဆီယံ-ဟောင် ကောင်(တရုတ်)လွတ်လပ်သော ကုန်သွယ် မှုနယ်မြေဆိုင်ရာအ ကောက်ခွန်နှုန်းလျှော့ချမှုအစီအစဉ် myanmar tariff reduction schedule with HS 2022 version under ASEAN- Hong Kong, China Free Trade Area ကို ကျင့်သုံး ဆောင် ရွက်ရန် အကောက်ခွန်နှုန်း ဥပဒေပုဒ်မ၄ အ ရ အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်ကို ကျင့် သုံး၍ အမိန့်ကြော်ငြာစာအမှတ် ၁၉ / ၂၀၂၄ ကို ထုတ်ပြန် လိုက်သည်။အဆိုပါအမိန့်သည် ၂၀၂၄ ခုနှစ် ဧပြီ ၁ ရက်မှစ၍ အကျိုးသက် ရောက်စေမည်ဖြစ်ပြီး ၂၀-၄-၂၀၂၀ ရက်စွဲ ပါ အမိန့်ကြော်ငြာစာအမှတ် ၅၂/ ၂၀၂၀  ကို ယခုအမိန့်ကြော်ငြာစာဖြင့် လွှမ်း မိုးပယ် ဖျက်လိုက်ကြောင်း သိရသည်။

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးသည် အကောက်ခွန် နှုန်းဥပဒေပုဒ်မ ၄ အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ မြန်မာ့အကောက် ခွန်နှုန်းစာရင်း ၂၀၂၂ ဖြင့် ကူးပြောင်းချိတ် ဆက်ထားသည့် မြန်မာနိုင်ငံ၏ အာဆီယံ- သြစတြေးလျ-နယူးဇီလန်လွတ်လပ်သော ကုန်သွယ်မှုနယ်မြေဆိုင်ရာ အကောက်ခွန် နှုန်းလျှော့ချမှုအစီအစဉ် (Myanmar AANZ Tariff Reduction Schedule in HS 2022) ကို အမိန့်ကြော်ငြာစာ အမှတ် ၄၅/၂၀၂၃ ဖြင့် ထုတ်ပြန်ထားသည်။အဆို ပါ အမိန့်သည် ၂၀၂၃ ခုနှစ် သြဂုတ် ၁ ရက်မှ စ၍ အကျိုးသက်ရောက်ခဲ့ ပြီး ၂၀၂၀ ပြည့် နှစ် ဖေဖော်ဝါရီ ၂၀ ရက်စွဲ ပါ အမိန့်အမှတ် ၂၅/၂၀၂၀ ကို အဆိုပါအမိန့်ကြော် ငြာစာ ဖြင့် လွှမ်းမိုးပယ်ဖျက်လိုက်သည်။

အမိန့်ကြော်ငြာစာ အမှတ် ၄၄/၂၀၂၃ ဖြင့် မြန်မာနိုင်ငံ၏ အာဆီယံအကောက်ခွန် နှုန်း လျှော့ချ/ဖယ်ရှားမှုအစီအစဉ်ကိုလည် း ထုတ်ပြန်ထားသည်။

အာဆီယံဒေသတွင်း ကုန်ပစ္စည်း လွတ် လပ်စွာစီးဆင်းနိုင်ရေးအတွက် အာဆီယံ ကုန်စည်ကုန်သွယ်ရေးသဘောတူစာချုပ်အ ပိုဒ် ၁၉ ပါ ပြဋ္ဌာန်းချက်များကို အကောင်အ ထည်ဖော်ဆောင်ရွက်ရန် စီမံကိန်းနှင့်ဘဏ္ဍ ာ ရေးဝန်ကြီးဌာ၊ ပြည်ထောင်စုဝန်ကြီးသည် အကောက်ခွန်နှုန်းဥပဒေပုဒ်မ ၄ ပါ အပ်နှင်း ထားသော လုပ်ပိုင်ခွင့်များကို ကျင့်သုံး၍ အာဆီယံစည်းဝါးညီအကောက်ခွန်နှုန်းအ မည်ပေးစနစ် ၂၀၂၂ ဖြင့် ကူးပြောင်းချိတ် ဆက်ထားသော မြန်မာနိုင်ငံ၏ အာဆီယံ အကောက်ခွန်နှုန်းလျှော့ချ/ဖယ်ရှားမှုအစီ အစဉ် (Myanmar ATIGA Tariff Reduction Schedule in AHTN 2022) ကို ထုတ်ပြန်လိုက်သည်။ အဆိုပါအမိန့်ကြော် ငြာစာသည် ၂၀၂၃ ခုနှစ် သြဂုတ် ၁ ရက်မှစ ၍ အကျိုးသက်ရောက်စေမည်ဖြစ်သည်။

Most Read

Most Recent