၂၀၂၄ တက္ကသိုလ်ဝင် စာမေးပွဲတွင် ရူပဗေဒ ဘာသာရပ် ဖြေဆိုသူ စုစုပေါင်း ၁၁၁၄၆၂ ဦး နှင့် သမိုင်းဘာသာရပ် ဖြေဆိုသူ စုစုပေါင်း ၁၇၂၀၇ ဦးရှိ

၂၀၂၄ တက္ကသိုလ်ဝင် စာမေးပွဲတွင် ရူပဗေဒ ဘာသာရပ် ဖြေဆိုသူ စုစုပေါင်း ၁၁၁၄၆၂ ဦး နှင့် သမိုင်းဘာသာရပ် ဖြေဆိုသူ စုစုပေါင်း ၁၇၂၀၇ ဦးရှိ
Published 16 March 2024

 ၂၀၂၄ တက္ကသိုလ်ဝင်စာမေးပွဲတွင် ရူပဗေဒဘာသာရပ်ဖြေဆိုသူစုစုပေါင်း ၁၁၁၄၆၂ ဦးနှင့် သမိုင်းဘာသာရပ်ဖြေဆိုသူစုစုပေါင်း ၁၇၂၀၇ ဦးရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ (စနစ်သစ်) ကို မတ် ၁၅ ရက်က ဆက်လက်ကျင်းပရာ ရူပဗေဒဘာသာရပ်ဖြေဆိုသူစုစုပေါင်း ၁၁၁၄၆၂ ဦးနှင့် သမိုင်းဘာသာရပ်ဖြေဆိုသူစုစုပေါင်း ၁၇၂၀၇ ဦးရှိကြောင်း သိရသည်။

ယခုနှစ်တွင် ရူပဗေဒဘာသာရပ်အား နိုင်ငံခြားစာစစ်ဌာန ၁၁ ခုနှင့် ပြည်တွင်း၌ စာစစ်ဌာန ၈၂၄ ခု စာစစ်ဌာန စုစုပေါင်း ၈၃၅ ခု ဖွင့်လှစ်ဖြေဆိုခဲ့ရာ စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းသူဦးရေ စုစုပေါင်း ၁၂၅၈၇၀ ဦးရှိပြီး ရူပဗေဒဘာသာရပ်ကို လာရောက်ဖြေဆိုသူ စုစုပေါင်း ၁၁၁၄၆၂ ဦးရှိကာ ဖြေဆိုသူရာခိုင်နှုန်း ၈၈ ဒသမ ၅၅ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

အလားတူ သမိုင်းဘာသာရပ်အား နိုင်ငံခြားစာစစ်ဌာန နှစ်ခုနှင့် ပြည်တွင်း၌ စာစစ်ဌာန ၇၀၇ ခု စာစစ်ဌာန စုစုပေါင်း ၇၀၉ ခု ဖွင့်လှစ်ဖြေဆိုခဲ့ရာ စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းသူဦးရေ စုစုပေါင်း ၂၀၆၅၁ ဦးရှိပြီး သမိုင်းဘာသာရပ်ကို လာရောက်ဖြေဆိုသူစုစုပေါင်း ၁၇၂၀၇ ဦးရှိကာ ဖြေဆိုသူရာခိုင်နှုန်း ၈၃ ဒသမ ၃၂ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

မတ် ၁၄ ရက်ကလည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဓာတုဗေဒဘာသာရပ်လာရောက်ဖြေဆိုသူ စုစုပေါင်း ၁၁၁၄၇၁ ဦးနှင့် ပထဝီဝင်ဘာသာရပ်လာရောက်ဖြေဆိုသူ စုစုပေါင်း ၁၇၂၀၈ ဦးရှိကြောင်း သိရသည်။

အဆိုပါ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၁၁ ရက်က မြန်မာစာဘာသာရပ်ကို စတင်ဖြေဆိုပြီး မတ် ၁၂ ရက် အင်္ဂါနေ့တွင် အင်္ဂလိပ်စာဘာသာရပ်၊ မတ် ၁၃ ရက် ဗုဒ္ဓဟူးနေ့တွင် သချင်္ာဘာသာရပ်၊ မတ် ၁၄ ရက် ကြာသပတေးနေ့တွင် ဓာတုဗေဒဘာသာရပ်နှင့် ပထဝီဝင်ဘာသာရပ်၊ မတ် ၁၅ ရက် သောကြာနေ့တွင် ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ်၊ မတ် ၁၆ ရက် စနေနေ့တွင် ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်တို့ကို ဖြေဆိုကြရမည်ဖြစ်၍ မတ် ၁၇ ရက် တနင်္ဂနွေနေ့အား ပိတ်ရက်အဖြစ် သတ်မှတ်ကြောင်း သိရသည်။

ဆက်လက်ပြီး မတ် ၁၈ ရက် တနင်္လာနေ့တွင် လူမှုရေးသိပ္ပံဘာသာရပ်၊ မတ် ၁၉ ရက် အင်္ဂါနေ့တွင် စိတ်ကြိုက်မြန်မာစာစသည်ဖြင့် အသီးသီးဖြေဆိုကြရမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ ကျောင်းသား၊ ကျောင်းသူများ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေမှုများကို ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများ၊ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

Most Read

Most Recent