ပိုစတီကိုဂလူးရဲ့ စိန်ခေါ်မှုအပြည့်နဲ့ ပန်းအဝင်လမ်း

ပိုစတီကိုဂလူးရဲ့ စိန်ခေါ်မှုအပြည့်နဲ့ ပန်းအဝင်လမ်း
Photo: X
Photo: X
Published 27 April 2024
Wai Yan Aung

လက်ကျန်(၆)ပွဲထဲမှာ ထိပ်သီး(၄)သင်းနဲ့ ရင်ဆိုင်ရမယ့် ပွဲစဉ်ဇယားကတော့ ပရီးမီးယားလိဂ်အသင်း(၂၀)ထဲမှာ အကျပ်တည်းဆုံးပွဲစဉ်ဇယားကို ပိုင်ဆိုင်ထားခြင်းလည်း ဖြစ်ပါတယ်။ ပိုစတီကိုဂလူးအတွက်တော့ စိန်ခေါ်မှု အပြင်းထန်ဆုံး၊ အကြမ်းတမ်းဆုံး ပန်းအဝင်လမ်းပါ ပဲ။ ဒီခရီးကြမ်းကို  ဖြတ်သန်းကျော်လွှားပြီး အဆင့် (၄)နေရာကို ပိုစတီကိုဂလူး ရယူနိုင်မှာလား။ ရာသီအစ တာလွှတ်ချိန်မှာ ပရိသတ်တွေကို အံ့အားသင့်အောင် လုပ်ပြနိုင်ခဲ့တဲ့ ပိုစတီကိုဂလူး ရာသီပိတ် ပန်းဝင်ချိန်မှာရော မထင်မှတ်တာတွေ လုပ်ပြနိုင်ဦးမလားဆိုတာ စောင့်ကြည့်ချင်စရာကောင်းနေပေမဲ့ ပရိသတ်အများစုကတော့ စပါးအသင်း အဆင့် (၄)နေရာ ရမရဆိုတာထက် ချန်ပီယံပြေးလမ်းပေါ် က ဘယ်အသင်းကို စပါးအသင်း ဒုက္ခပေးနိုင်မလဲဆိုတာ ပိုပြီးစိတ်ဝင်စားနေကြပါတယ်။

 

Most Read

Most Recent