ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် (ဒုတိယအကျော့) ပွဲကြိုသုံးသပ်ချက်

ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် (ဒုတိယအကျော့) ပွဲကြိုသုံးသပ်ချက်
Photo: AFP
Photo: AFP
Published 8 May 2024

ရီးယဲလ်မက်ဒရစ် - ဘိုင်ယန်မြူးနစ် (ကြာသပတေးနံနက် ၁း၃၀ နာရီ)

ချန်ပီယံလိဂ် ပြိုင်ပွဲရဲ့ အတွေ့အကြုံအများဆုံး ပွဲတစ်ပွဲလို့ ပြောရမယ်။ ပထမအကျော့ ဘိုင်ယန်မြူးနစ်ကွင်းမှာ ၂-၂ သရေကျခဲ့တယ်။ ဒါကြောင့် ဒီပွဲမှာ ရီးယဲလ်မက်ဒရစ်က သိသိသာသာ အားကောင်းနေလိမ့်မယ်။ ပထမအကျော့က ခြေစွမ်း အရဆိုရင် ဘိုင်ယန်ကတောင် ပိုကောင်းအောင် ကစားနိုင်ခဲ့တယ်။ ဒါပေမဲ့ ရီးယဲလ်မက်ဒရစ်အသင်းကို ချီးကျူးရတာကလည်း ဒီအပိုင်းပဲ။ ဘာကြောင့်လဲဆိုတော့ သူတို့အသင်းရဲ့ အကောင်းဆုံးပုံစံ မဟုတ်တာတောင် လိုချင်တဲ့ ရလဒ်ကို ယူနိုင်ခဲ့တယ်။ မန်စီးတီးအသင်းကိုလည်း ဒါကြောင့် သူတို့ ကျော်ဖြတ်နိုင်ခဲ့ခြင်းဖြစ်တယ်။ ဘိုင်ယန်က ပထမအကျော့မှာ အခွင့်အရေးကို အ သုံးမချနိုင်ခဲ့တာက အခုပွဲအတွက် ပေးဆပ်ရဖို့ ဖြစ်သွားတယ်လို့ပဲ ပြောရမယ်။ အစဉ်အလာအရဆိုရင်လည်း မက်ဒရစ်က ဘိုင်ယန်ကို တော်တော်လေး အသာစီးယူနိုင်ခဲ့တယ်။ အိမ်ကွင်းမှာ ပိုဆိုးတယ်။ မက်ဒရစ် ဖိုင်နယ်တက်မယ်။ 

Most Read

Most Recent