ဆန်ချိုကို အသင်းတွင် ဆက်ရှိစေလိုသည်ဟု  ဒေါ့မွန်အသင်း အတည်ပြု

ဆန်ချိုကို အသင်းတွင် ဆက်ရှိစေလိုသည်ဟု  ဒေါ့မွန်အသင်း အတည်ပြု
Photo: Fabrizio
Photo: Fabrizio
Published 6 May 2024

ဒေါ့မွန်အသင်း၏ အားကစားဒါရိုက်တာဖြစ်သူ ဆီဘက်စတီယန်ခါးလ်က မန်ယူအသင်းထံမှ အငှားခေါ်ယူထားသည့် အင်္ဂလန်တောင်ပံကစားသမား ဆန်ချိုကို အသင်းတွင် ဆက်ရှိစေလိုသည်ဟု အတည်ပြုပြောကြားခဲ့သည်။

ခါးလ်က ''ဆန်ချို အသင်းမှာ ဆက်ရှိဖို့ နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားသွားမှာပါ။ ဒါပေမဲ့ မန်ယူအသင်းက အမြတ်အစွန်းအတွက် ရောင်းထုတ်တာမျိုး ဒါမှမဟုတ် ပြန်ခေါ်တာမျိုး လုပ်နိုင်ပါတယ်။ ကျွန်တော်တို့ စောင့်ကြည့်ရမှာပါ''ဟု ပြောကြားခဲ့သည်။

ဆန်ချိုသည် နည်းပြ တန်ဟက်ဂ်နှင့် ဆက်ဆံရေးအဆင်မပြေဖြစ်ခဲ့သည့်အတွက် ဒေါ့မွန်အသင်းထံ အငှားလာရောက်ကစားခြင်းဖြစ်ပြီး တန်ဟက်ဂ် ဆက်ရှိနေပါက မန်ယူအသင်းသို့ ပြန်သွားလိုခြင်းမရှိကြောင်း သိရသည်။

Most Read

Most Recent