Blackpink အဖွဲ့ဝင် ဂျင်းနီက တောင်ကိုရီးယားတွင် စာသင်ကျောင်းတစ်ကျောင်းဆောက်လုပ်ရန် ဒေါ်လာ ၇၀၀၀၀ ကျော် လှူဒါန်း

Blackpink အဖွဲ့ဝင် ဂျင်းနီက တောင်ကိုရီးယားတွင် စာသင်ကျောင်းတစ်ကျောင်းဆောက်လုပ်ရန် ဒေါ်လာ ၇၀၀၀၀ ကျော် လှူဒါန်း
Photo: Allpop
Photo: Allpop
Published 18 May 2024

Blackpink အဖွဲ့ဝင်ဂျင်းနီက ကိုရီးယားလူငယ်များအတွက် စီမံကိန်းတစ်ခုကို ထောက်ပံ့ပေးသည့်အနေဖြင့် ဝမ်သန်း၁၀၀(အမေရိကန်ဒေါ်လာ ၇၀,၀၀၀) ကျော်ကို အဖွဲ့၏ပရိသတ်အမည်ဖြစ်သည့် Blinks အမည်ဖြင့် လှူဒါန်းပေးခဲ့သည်ဟု အကျိုးမယူအဖွဲ့အစည်း Habitat For Humanity Korea က မေ ၁၆ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ယင်းလှူဒါန်းမှုကို Rodemnamu International Alternative School ဆောက်လုပ်ရေးအတွက် အသုံးပြုသွားမည်ဟုတောင် ကိုရီးယားသတင်းဌာန Newsen ကထုတ်ပြန်ခဲ့သည့် မှတ်တမ်းတွင်ဖော်ပြထားသည်။

ယင်းမှတ်တမ်း၌“ကျွန်တော်တို့အနေနဲ့ ဂျင်းနီနဲ့ Blinks တွေကို သူတို့ရဲ့တန်ဖိုးရှိတဲ့ လှူဒါန်းမှုအတွက်ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။ Habitat Korea အနေဖြင့်  နွေးထွေးတဲ့နှလုံးသားတွေကို ကာလကြာရှည် အမြဲတမ်းအမှတ်ရနေမှာပါ”ဟုဖော်ပြထားသည်။

တောင်ကိုရီးယားနိုင်ငံ ဂယောင်းဂီပြည် နယ်အန်ဆီယောင်းမြို့တွင် Rodemnamu International Alternative School ကို တည်ဆောက်သွားမှာဖြစ်ကာ Koryoin (ဆိုဗီယက်ခေတ်လွန်ပြည်နယ်များမှ မျိုးနွယ်စု ကိုရီးယားနိုင်ငံသား) ဆယ်ကျော်သက်များကို ပညာသင်ကြားပေးမည်ဖြစ်သည်။

 

Most Read

Most Recent