Queen of Tears သရုပ်ဆောင် ကင်ဆူဟွန်း အာရှပရိသတ်နှင့်တွေ့ဆုံပွဲများ စီစဉ်ထားပြီး ထိုင်းပရိသတ်နှင့် စတွေ့မည်

Queen of Tears သရုပ်ဆောင် ကင်ဆူဟွန်း အာရှပရိသတ်နှင့်တွေ့ဆုံပွဲများ စီစဉ်ထားပြီး ထိုင်းပရိသတ်နှင့် စတွေ့မည်
Published 13 June 2024

Queen of Tears ရုပ်သံဇာတ်လမ်းတွဲဖြင့် တစ်ရှိန်ထိုးအောင်မြင်သွားသည့် တောင်ကိုရီးယားသရုပ်ဆောင် ကင်ဆူဟွန်းက အာရှမြို့ကြီးများသို့ လှည့်လည်ကာ ပရိသတ်နှင့် တွေ့ရန်စီစဉ်ထားပြီး နေရာနှင့်နေ့ရက်များကို ၎င်း၏အေဂျင်စီ Goldmedalist က ဇွန် ၁၂ ရက်တွင် ကြေညာလိုက်သည်။

၂၀၂၄ အာရှလှည့်လည်မှု EYES ON YOU ဟု အမည်ပေးထားပြီး ဇွန် ၁၅ ရက် တွင် ထိုင်းပရိသတ်နှင့် ဘန်ကောက်တွင် အရင်ဆုံးတွေ့မည်။ထို့နောက် ဇွန် ၂၂ ရက် နှင့်၂၃ ရက်တွင် ဂျပန်ပရိသတ်ကို ယိုကိုဟား မားမြို့၌ တွေ့မည်ဖြစ်သည်။

ဇွန် ၂၉ ရက်တွင်မူ ဖိလစ်ပိုင်နိုင်ငံ ၊ မနီလာမြို့၌ ပရိသတ်တွေ့ဆုံပွဲစီစဉ်ထားပြီး ဇူလိုင် ၆ ရက်တွင် ကင်ဆူဟွန်း က တိုင်ပေပရိသတ်နှင့် ၊ သြဂုတ် ၁၀ ရက်တွင် ဟောင်ကောင်ပရိသတ်နှင့် တွေ့ဆုံမည်ဖြစ်သည်။

အင်ဒိုနီးရှားနိုင်ငံ ၊ ဂျာကာတာမြို့တွင် ပြုလုပ်မည့် ပရိသတ်တွေ့ဆုံပွဲက စက်တင်ဘာ ၇ ရက်တွင်ဖြစ်သည်။ထို့နောက်မိခင်နိုင်ငံဖြစ်သည့် တောင်ကိုရီးယားတွင် Asia Tour ကို အဆုံးသတ်မည်ဖြစ်ပြီး ဆိုးလ်ပရိသတ်နှင့် တွေ့မည့်နေ့ရက်ကို မကြေညာသေးပေ။

ကြိုတင်လက်မှတ်ရောင်းချမှုများကို စတင်နေပြီဖြစ်ပြီး ပွဲစီီစဉ်သူများ၏အဆိုအရ  နေရာအများစုတွင် လက်မှတ်များ ကုန်သွာပြီဟု သိရသည်။ My Love From The Star ရုပ်သံဇာတ်လမ်းတွဲ အောင်မြင်ပြီးနောက် ၂၀၁၄ ခုနှစ်တွင်လည်း ကင်ဆူဟွန်းက Asia Tour ပြုလုပ်ခဲ့ပြီး ၁၀ နှစ်ကြာမှနောက် Asia Tour တစ်ခု ပြန်စီစဉ်ဖြစ်ခြင်းဖြစ်သည်။

tvN ရုပ်သံမှ ထုတ်လွှင့်ပြခဲ့သမျှ ကိုရီးယားဇာတ်လမ်းတွဲများထဲ ကင်ဆူဟွန်းနှင့် မင်းသမီးကင်ဂျီဝန် တို့ပါဝင်သည့် Queen of Tears က Crash Landing on You  ၏ စံချိန်ကိုချိုးပြီး ပရိသတ်ကြည့်ရှုနှုန်းအများ ဆုံးဇာတ်လမ်းတွဲ ဖြစ်လာခဲ့သည်။

ယခုနှစ်ဘက်ဆန်းကိုရီးယားအနုပညာ ထူးချွန်ဆုပေးပွဲဆန်ခါတင်စာရင်းတွင် ကင်ဆူဟွန်းက ဇာတ်လမ်းတွဲ ကဏ္ဍ၌ ဇာတ်ဆောင်မင်းသားဆု လျာထားခံခဲ့ရသော်လည်း တကယ့်ရလာဒ်က ဆုနှင့်လွဲခဲ့သည်။

ဇာတ်လမ်းတွဲတစ်ခုလုံး ၎င်း၏အငိုခန်း ၄၀ ပါခဲ့သည်။ ကားမတော်တဆမှုတွင် ကင်ဂျီဝန် မထိခိုက်မှန်း သိလိုက်ရသည့်အခန်း၊ ကင်ဂျီဝန်ခွဲစိတ်မှု မလုပ်မီအခန်းစသည့် ဇာတ်ဝင်ခန်းများသည် ပရိသတ်ရင်ကို ထိစေခဲ့သည်။

Most Read

Most Recent