၂၀၂၅ မှာ ဘယ်လိုအခင်းအကျင်းမျိုးနဲ့ ရွေးကောက်ပွဲကျင်းပသွားဖို့ရှိလဲ

၂၀၂၅ မှာ ဘယ်လိုအခင်းအကျင်းမျိုးနဲ့ ရွေးကောက်ပွဲကျင်းပသွားဖို့ရှိလဲ
၂၀၂၄ ခုနှစ် မတ် ၁၈ ရက်က နစကဥက္ကဋ္ဌအား ရုရှားသတင်းဌာနဖြစ်သည့် ITAR – TAQ Media က တွေ့ဆုံမေးမြန်စဉ်
၂၀၂၄ ခုနှစ် မတ် ၁၈ ရက်က နစကဥက္ကဋ္ဌအား ရုရှားသတင်းဌာနဖြစ်သည့် ITAR – TAQ Media က တွေ့ဆုံမေးမြန်စဉ်
Published 22 June 2024

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လာမည့် ၂၀၂၅ ခုနှစ်တွင် ရွေးကောက်ပွဲကျင်းပနိုင် ရန် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေ ကြောင်း ဇွန် ၁၅ ရက်က ပြောကြား သည်။

ယခုနှစ် အောက်တိုဘာလတွင် လူဦးရေနှင့် သန်းခေါင်စာရင်း ကောက်ယူနိုင်ရန် ဆောင်ရွက်နေပြီး သန်းခေါင်စာရင်းကောက်ယူပြီးပါ က လာမည့် ၂၀၂၅ ခုနှစ်တွင် ရွေး ကောက်ပွဲကျင်းပနိုင်ရန် ကြိုတင်ပြင် ဆင်မှုများ ပြုလုပ်နေကြောင်း ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။ 

ထို့ပြင် လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေးကို အကြောင်းပြုပြီး ရွေး ကောက်ပွဲကျင်းပရန် ဆောင်ရွက်နိုင် ခြင်း မရှိလျှင် နိုင်ငံဖွံ့ဖြိုးမှု နောက်ကျ သွားနိုင်ကြောင်း ၎င်းင်းက ဆိုသည်။

၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်း အလဲဖြစ်ပြီးနောက်ပိုင်း သုံးနှစ်ကျော် အကြာတွင် ရွေးကောက်ပွဲလုပ်မည့် နှစ်ကို နစကဥက္ကဋ္ဌက အတိအကျ ပြောဆိုလာခြင်းလည်း ဖြစ်သည်။ 

၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်း အလဲဖြစ်ပြီးနောက်ပိုင်း နစက,က ပြည်ထောင်စုရွေးကောက်ပွဲကော်မ ရှင်အသစ်ကို ပြန်လည်ဖွဲ့စည်းခဲ့ သည်။ 

နစက,က အသစ်ပြန်လည်ဖွဲ့ စည်းခဲ့သည့် UEC သည် ၂၀၂၀ ပြည့် နှစ် ရွေးကောက်ပွဲရလဒ်များကို ပယ် ဖျက်လိုက်ကြောင်း ၂၀၂၁ ခုနှစ် ဇူလိုင် ၂၆ ရက်တွင် ကြေညာထားသည်။

ထို့ကြောင့် နစက လက်ထက် တွင် ရွေးကောက်ပွဲ ပြန်လည်ကျင်းပ နိုင်ရန် လိုအပ်နေပြီး သုံးနှစ်ကျော် အကြာမှ ရွေးကောက်ပွဲ ကျင်းပမည့် နှစ်ကို နစကဥက္ကဋ္ဌက အတည်ပြု ထုတ်ပြောလာခြင်းဖြစ်သည်။

နစကဥက္ကဋ္ဌပြောထားတဲ့ရွေးကောက်ပွဲ အခင်းအကျင်းနှစ်ခု

၂၀၂၃ ခုနှစ် ဇူလိုင် ၃၁ ရက် ကျင်းပသည့် အမျိုးသားကာကွယ် ရေးနှင့် လုံခြုံရေးကောင်စီအစည်း အဝေး (၂/၂၀၂၃) တွင် ရွေးကောက် ပွဲကျင်းပနိုင်မည့် အခင်းအကျင်းနှစ် ခုကို နစကဥက္ကဋ္ဌက ထုတ်ဖော်ပြော ကြားခဲ့ဖူးသည်။

ပထမတစ်ခုအနေဖြင့် လတ်တ လော လက်နက်ကိုင်တိုက်ခိုက်မှု၊ မတည်ငြိမ်မှုများ ဖြစ်ပေါ်လျက်ရှိ သည့် ဒေသများကို ချန်လှပ်ပြီး ရွေး ကောက်ပွဲ ကျင်းပခြင်းနှင့် ဒုတိယ တစ်ခုအနေဖြင့် ရွေးကောက်ပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မ ဖြစ်မနေပြုလုပ်ခြင်းဖြစ်ကြောင်း နစ က ဥက္ကဋ္ဌက ဆိုသည်။

နစကဥက္ကဋ္ဌ၏ ပြောစကားအ ရ ရွေးကောက်ပွဲကျင်းပမည့် ပထမ အခင်းအကျင်းတွင် တည်ငြိမ်မှု အား နည်းနေဆဲ ဒေသများကို ချန်လှပ်ပြီး ကျန်ဒေသများတွင် ရွေးကောက်ပွဲ ကျင်းပရန်ဖြစ်သည်။

သို့သော် ပထမအခင်းအကျင်း တွင် ဖြစ်ပေါ်လာနိုင်သည့် အကျိုး ဆက်အနေဖြင့် ၂၀၂၀ ပြည့်နှစ် ရွေး ကောက်ပွဲကျင်းပခဲ့သည့် မြို့နယ် ၃၁၅ မြို့နယ်ထက် ကျင်းပနိုင်မည့် မြို့နယ်အရေအတွက် နည်းပါးသွား နိုင်သည်။

အဘယ်ကြောင့်ဆိုသော် လက် ရှိတွင် ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး မြောက်ဘက်ခြမ်း၊ ပဲခူး တိုင်းဒေသကြီး အရှေ့ဘက်ခြမ်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင် ပြည်နယ်၊ ကယားပြည်နယ်၊ ချင်း ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွား နေသည့်အတွက် ရွေးကောက်ပွဲ ကျင်းပရန် မဖြစ်နိုင်ပေ။

မြန်မာနိုင်ငံတွင် မြို့နယ်ပေါင်း ၃၃၀ မြို့နယ်ရှိသည့်အနက် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ၃၂၅ မြို့နယ်၊ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ တွင် ၃၂၃ မြို့နယ် ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့သော်လည်း ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင်မူ ၃၁၅ မြို့နယ်၌သာ ရွေးကောက်ပွဲ ကျင်းပ နိုင်ခဲ့သည်။

၂၀၂၀ ပြည့်နှစ် ရွေးကောက် ပွဲတွင် လုံခြုံရေးအကြောင်းပြချက် ဖြင့် မြို့နယ် ၁၅ မြို့နယ်၌ ရွေးကောက် ပွဲ ကျင်းပနိုင်ခြင်းမရှိခဲ့ပေ။ လက်ရှိ တွင် မြန်မာနိုင်ငံ၌တိုင်းဒေသကြီး နှင့် ပြည်နယ်တို့တွင် လက်နက်ကိုင် ပဋိပက္ခနှင့် မလုံခြုံမှုများရှိနေသည့် အတွက် တည်ငြိမ်မှုအားနည်းနေဆဲ ဒေသများကိုချန်လှပ်ပြီး ကျန်ဒေသ များတွင် ရွေးကောက်ပွဲကျင်းပမည် ဆိုပါက ၂၀၂၀  ပြည့်နှစ်ရွေးကောက် ပွဲတွင်ကျင်းပခဲ့သည့် ၃၁၅ မြို့နယ် ထက်နည်းပါးသွားနိုင်ကြောင်း နစကဥက္ကဋ္ဌက ဆိုသည်။

ထို့ပြင် တည်ငြိမ်မှုမရှိသည့် ဒေသများ၌ ရွေးကောက်ပွဲကျင်းပ မည်ဆိုပါက ဒေသခံမဲဆန္ဒရှင် ပြည် သူများကို လက်နက်အားကိုးဖြင့် မဲ မပေးစေရေး၊ မဲပေးပါကလည်း ၎င်းင်း တို့လိုလားသူကိုသာ မဲပေးစေရေး စသည့် ဖိအားပေးအကျပ်ကိုင်မှုများ ဖြစ်ပေါ်လာပါက ရွေးကောက်ပွဲ၏ မူလဦးတည်ချက်များ ပပျောက်သွား နိုင်ကြောင်းနှင့် ဒီမိုကရေစီအတွက် မဲပေးရွေးချယ်မှုသည် အာဏာရှင် နှင့် အကြမ်းဖက်အားပေးများကို မဲ ပေးရွေးချယ်လိုက်ရသည့် ဖြစ်စဉ်မျိုး ဖြစ်ပေါ်လာနိုင်သည်ကိုလည်း သတိ ပြုမိရန် လိုအပ်မည်ဖြစ်ကြောင်း ၎င်းက ထောက်ပြသည်။

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ တွင် ရွေးကောက်ပွဲ မပြုလုပ်နိုင်ခဲ့ သည့် တိုင်းရင်းသားဒေသများ၏ မကျေနပ်မှုများကိုလည်း တွေ့မြင်ရပြီး ဖြစ်ကြောင်း၊ ရွေးကောက်ပွဲမကျင်းပ နိုင်သည့် မြို့နယ်များတွင်ရှိသည့် ပြည်သူလူထုသည် ၎င်းတို့၏ မူလအ ခွင့်အရေးဖြစ်သည့် မဲပေးပိုင်ခွင့်နှင့် ဒီမိုကရေစီနည်းလမ်းကျ ဆန္ဒဖော် ထုတ်နိုင်မှု အခွင့်အရေးများ ဆုံးရှုံး သွားမည်ဖြစ်ကြောင်း၊ မြို့နယ်တစ်ခု လုံးအလိုက် ရွေးကောက်ပွဲ မကျင်းပ နိုင်သည်ထက်စာလျှင် လုံခြုံမှုရှိ သည့်နေရာများတွင် ကျင်းပပေးနိုင် ရန်လည်း စဉ်းစားဆောင်ရွက်သင့် ကြောင်း ၎င်းက ပြောကြားသည်။

ထို့ပြင် ရွေးကောက်ပွဲကျင်းပ မှုမှ ချန်လှပ်ခဲ့သည့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် လွှတ်တော်ခေါ်ယူရန်၊ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီး ချုပ်များ ရွေးချယ်ခြင်း၊ အစိုးရအဖွဲ့ ဖွဲ့စည်းခြင်း စသည့်ကိစ္စရပ်များတွင် အားနည်းချက်များဖြစ်လာမည် ဖြစ် သလို အမျိုးသားလွှတ်တော်၊ ပြည် သူ့လွှတ်တော်တို့တွင်လည်း အလား တူ ဒေသကိုယ်စားပြုသည့် ကိုယ်စား လှယ်ပါဝင်မှုမရှိခြင်း၊ အစိုးရအဖွဲ့ ဖွဲ့စည်းရာတွင် အားနည်းချက်များ ဖြစ်ပေါ်လာနိုင်ခြင်းစသည့် အကျိုး ဆက်များကို ရင်ဆိုင်ကြရမည်ဖြစ် ကြောင်း ၎င်းက ဆိုသည်။

ထို့အတူ နိုင်ငံတကာအမြင်၊ ပြည်သူလူထုအမြင်တွင်လည်း လွှတ် တော်ကို မဖြစ်ဖြစ်အောင် ခေါ်သည် ဆိုသည့် အနေအထားသို့ ရောက်ရှိ သွားနိုင်ကြောင်း ၎င်းင်းက ပြောကြား သည်။

လွှတ်တော်ခေါ်ယူရေးနှင့် ပတ် သက်၍လည်း နစကဥက္ကဋ္ဌက ဖွဲ့ စည်းပုံအခြေခံဥပဒေအရ လွှတ် တော်စတက်သည့် ပထမနေ့တွင် တက်ရောက်ခွင့်ရှိသည့် ကိုယ်စား လှယ် ထက်ဝက်ကျော်ဦးရေ တက် ရောက်ပါက အစည်းအဝေး အထ မြောက်ကြောင်း ပြောကြားသည်။

ထို့ကြောင့် လွှတ်တော်အစည်း အဝေး အထမြောက်ရန် လိုအပ်သည့် ကိုယ်စားလှယ်အရေအတွက် ရာခိုင် နှုန်း ၅၀ တွင် တပ်မတော်သား လွှတ် တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ရှိပြီးဖြစ်၍ ကျန် ၂၅ ရာခိုင်နှုန်းသော လွှတ်တော်ကိုယ်စားလှယ် ရှိရုံမျှဖြင့် လွှတ်တော်အစည်းအဝေးကို အထ မြောက်အောင် ဆောင်ရွက်နိုင်သည်။

သို့သော် လွှတ်တော်အစည်းအ ဝေးကို ကျင်းပလိုက်သည်နှင့် လွှတ် တော်အစည်းအဝေး အထမြောက် အောင် တပ်မတော်က အတင်းလုပ် ယူသည်ဟူသည့် ပုံရိပ်တစ်ခုကို သတ် မှတ်သွားနိုင်သည့် အနေအထားရှိ ကြောင်းနှင့် သက်ဆိုင်ရာ တိုင်းဒေသ ကြီးနှင့် ပြည်နယ်များ၏ ဝန်ကြီးချုပ် များ၊ အစိုးရအဖွဲ့ဝင်များ၊ ပြည်ထောင် စုအဆင့် သမ္မတ၊ ဒုတိယသမ္မတ စ သည်တို့ကို ရွေးချယ်သည့် အခါတွင် လည်း ပုံရိပ်အရ မသင့်တော်ခြင်း များ ဖြစ်ပေါ်လာနိုင် ကြောင်း ၎င်းင်းက ပြောဆိုခဲ့သည်။

နစကအနေဖြင့် ကျင်းပပေး မည့် ရွေးကောက်ပွဲသည် အထွေထွေ ရွေးကောက်ပွဲ ဖြစ်သည့်အတွက် ပြည်သူများ၏ဆန္ဒဖြင့် ရွေးချယ် လိုက်သည့် ရွေးကောက်ခံကိုယ်စား လှယ်များ ပါဝင်ရန်လိုပြီး အနည်း ဆုံး ၇၅ ရာခိုင်နှုန်းခန့်အထိ ကိုယ် စားလှယ်များ ရွေးချယ်ခွင့်ရရှိရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသော် လည်း ရွေးကောက်ပွဲ ၁၀၀ ရာခိုင် နှုန်း အောင်မြင်ရန် ခက်ခဲမည်ဖြစ် ကြောင်း ၎င်းက ဝန်ခံပြောကြားသည်။

နစကဥက္ကဋ္ဌ၏ ပြောစကားအ ရ ရွေးကောက်ပွဲကျင်းပမည့် ဒုတိယ အခင်းအကျင်းသည် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ရွေးကောက်ပွဲ ကျင်းပခြင်းကို ဆိုလိုသည်။

သို့သော် ဒုတိယအခင်းအ ကျင်းတွင် ဖြစ်ပေါ်လာနိုင်သည့် အ ကျိုးဆက်များကိုလည်း နစကဥက္ကဋ္ဌ က ပြောကြားခဲ့သည်။

အဓိကအားဖြင့် လက်နက်ကိုင် ဆန့်ကျင်မှု၊ အကြမ်းဖက်တိုက်ခိုက် မှုများ ဖြစ်ပေါ်နေသည့်ဒေသများ တွင် လက်နက်အားကိုးခြိမ်းခြောက် ပီး မဲပေးမှုကို တားမြစ်ပိတ်ပင်ခြင်း၊ အကြမ်းဖက် ဗုံးဖောက်ခွဲခြင်း၊ တိုက် ခိုက်ခြင်း၊ အကြမ်းဖက်သမားများ လိုလားသည့်သူများကို ခြိမ်းခြောက် မဲထည့်စေခြင်းများ ဖြစ်ပေါ်လာနိုင် ကြောင်း၊ ရလဒ်အနေဖြင့် မဲဆန္ဒရှင် များကိုယ်တိုင် မဲပေးရွေးချယ်သည့် ရာခိုင်နှုန်းကျဆင်းခြင်း၊ အကြမ်း ဖက်အားပေး လွှတ်တော်ကိုယ်စား လှယ်များ လွှတ်တော်အသီးသီးသို့ ရောက်ရှိလာခြင်းများ ဖြစ်ပေါ်လာ နိုင်သည့်အတွက် နိုင်ငံ၏ဒီမိုကရေစီ လမ်းကြောင်း လျှောက်လှမ်းနေမှုကို ပိုမိုဆိုးရွားလာစေနိုင်ကြောင်း ၎င်းင်း က ပြောကြားသည်။

          ထိုသို့သောအခြေအနေများ မဖြစ်ပေါ်လာစေရေးအတွက် လတ် တလော အကြမ်းဖက်တိုက်ခိုက်မှု များ ဖြစ်ပေါ်နေသည့် တိုင်းဒေသ ကြီးနှင့် ပြည်နယ်အလိုက် နေရာဒေ သများကို တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး စသည့် လုပ် ငန်းစဉ်များ အရှိန်အဟုန်ဖြင့် ဆက် လက်ဆောင်ရွက်သွားရန် အရေးတ ကြီးလိုအပ်လျက်ရှိကြောင်း ၎င်းင်းက ဆိုသည်။

အပိုင်းလိုက် ကျင်းပသွားမယ်

နစကဥက္ကဋ္ဌအနေဖြင့် ရွေး ကောက်ပွဲ အခင်းအကျင်းနှစ်ခုကို ချပြခဲ့ပြီးနောက်  ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး  ကျင်းပနိုင်သည့် အခြေ အနေကို  ယခုနှစ် မတ် ၁၈ ရက်က ထပ်မံပြောကြားခဲ့သည်။

မတ် ၁၈ ရက်က ရုရှားသတင်း ဌာနတစ်ခုဖြစ်သည့် ှုွှဗျွ-ွှဗျှ နြိငေ နှင့် တွေ့ဆုံမေးမြန်မှုတွင် နိုင်ငံအတွင်းရှိ တည်ငြိမ်သည့် ဒေသ များ၌ ရွေးကောက်ပွဲကို အပိုင်းလိုက် ပြန်လည်ကျင်းပနိုင်ရန် ဆောင်ရွက် နေကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်က ပြောကြား သည်။

“တိုင်းပြည်တည်ငြိမ်မှုကောင်း ပြီဆိုတာနဲ့ လုပ်နိုင်တဲ့အပိုင်းလိုက် ပေါ့။ တစ်ပြိုင်နက်တည်း မဟုတ် တောင်မှ လုပ်နိုင်တဲ့အပိုင်းလိုက်ကို ဥပဒေနဲ့အညီ ကျွန်တော်တို့ရွေး ကောက်ပွဲ ပြန်လည်ကျင်းပနိုင်ရေး အတွက် ဆောင်ရွက်သွားဖို့ရှိပါတယ် ဆိုတာ ကျွန်တော်ပြောလိုတယ်”ဟု နစကဥက္ကဋ္ဌက ပြောကြားသည်။

နိုင်ငံရေးအပြောင်းအလဲဖြစ် ပြီးနောက်ပိုင်း ရွေးကောက်ပွဲနှင့်ပတ် သက်၍ တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် အကြားအလပ်မရှိ ပြန်လည် ကျင်းပသွားမည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌက အကြိမ်ကြိမ်ပြောကြားခဲ့ သော်လည်း နိုင်ငံရေးအပြောင်းအ လဲဖြစ်ပြီး သုံးနှစ်ကျော်သက်တမ်း ရှိလာချိန်တွင် ရွေးကောက်ပွဲကို အ ပိုင်းလိုက်ကျင်းပရန် ရည်မှန်းထား ကြောင်း နစကဥက္ကဋ္ဌက ပထမဆုံး အကြိမ် ထုတ်ဖော်ပြောကြားလာ ခြင်းလည်းဖြစ်သည်။

နစကဥက္ကဋ္ဌ၏ အဆိုအရ ၂၀၂၅ ခုနှစ်တွင် ရွေးကောက်ပွဲကျင်းပမည် ဆိုပါက အပိုင်းလိုက်သာ ကျင်းပသွား ရန် ရှိနေသည်။

ထို့ပြင် ၂၀၂၀ ပြည့်နှစ် ရွေး ကောက်ပွဲတွင် မဲမသမာမှုရှိသည်ဟု ဆိုကာ တပ်မတော်က နိုင်ငံအာဏာ ကို လွှဲပြောင်းရယူခဲ့သည့်အတွက် လာမည့် ရွေးကောက်ပွဲတွင် မဲစာ ရင်းမှန်ကန်ရေးကို အဓိကထားလုပ် ဆောင်သွားမည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌက ဆိုသည်။

“ဒီရွေးကောက်ပွဲလုပ်နိုင်ဖို့ဆို ရင် မဲစာရင်းတွေ မှားယွင်းမှုကြောင့် ဖြစ်လာတဲ့အတွက်ကြောင့် မဲစာရင်း မှန်ကန်ရေးကိုလည်း ကျွန်တော်တို့ က အဓိကထားလုပ်ရမှာ၊ မဲစာရင်း မှန်ကန်ရေးကလည်း ဒီနှစ်ထဲမှာ အ တတ်နိုင်ဆုံး ကျွန်တော်တို့ လုပ်ပါ မယ်”ဟု ၎င်းက ပြောကြားသည်။

မြို့နယ်အားလုံးရဲ့ ခြောက်ပုံတစ်ပုံရှိလာတဲ့ မာရှယ်လော

နိုင်ငံအတွင်းရှိ တည်ငြိမ်သည့် ဒေသများ၌ ရွေးကောက်ပွဲကို အပိုင်း လိုက် ပြန်လည်ကျင်းပနိုင်ရန် ဆောင် ရွက်နေကြောင်း နစကဥက္ကဋ္ဌက ထုတ် ဖော်ပြောကြားလာခြင်းသည် လက်ရှိ ဖြစ်ပေါ်နေသည့် လက်နက်ကိုင်ပဋိ ပက္ခများနှင့် သက်ဆိုင်နေသည်ဟု နိုင်ငံရေးလေ့လာသူများက သုံးသပ် ကြသည်။

လက်ရှိတွင် ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေ သကြီး၊ မကွေးတိုင်းဒေသကြီး မြောက်ဘက်ခြမ်း၊ ပဲခူးတိုင်းဒေသ ကြီး အရှေ့ဘက်ခြမ်း၊ တနင်္သာရီ တိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားနေသည့်အ တွက် တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် အကြားအလပ်မရှိ ရွေးကောက် ပွဲ ပြန်လည် ကျင်းပသွားရန် မဖြစ်နိုင် ကြောင်း နိုင်ငံရေးအကဲခတ်များက ထောက်ပြပြောဆိုမှုများ ရှိသည်။

ထိုသို့ ဖြစ်ပွားနေသော လက် နက်ကိုင်ပဋိပက္ခများကြောင့် မြန်မာ နိုင်ငံတစ်နိုင်ငံလုံးတွင် စစ်အုပ်ချုပ် ရေးကြေညာထားသည့် မြို့နယ် ၆၀ ရှိလာသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် နိုင်ငံရေး အ ပြောင်းအလဲဖြစ်ပြီးနောက် အရေး ပေါ်ကာလ သုံးနှစ်ကျော်အတွင်း နစက,က စစ်အုပ်ချုပ်ရေး ကြေညာ ထားသည့် မြို့နယ် ၆၀ ရှိလာခြင်း လည်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မြို့နယ်ပေါင်း ၃၃၀ ရှိပြီး နစက,က မြို့နယ် ၆၀ ကို စစ်အုပ်ချုပ်ရေးကြေညာထားသည့် အတွက် မြို့နယ်အားလုံး၏ ခြောက် ပုံတစ်ပုံ ရှိလာပြီဖြစ်သည်။

မြန်မာနိုင်ငံအတွင်းရှိ တိုင်းနှင့် ပြည်နယ် ၁၀ ခုမှ မြို့နယ် ၆၀ ကို စစ် အုပ်ချုပ်ရေး ကြေညာထားခြင်း လည်း ဖြစ်သည်။

ရန်ကုန်တိုင်းတွင် ခြောက်မြို့ နယ်၊ ချင်းပြည်နယ်တွင် ရှစ်မြို့နယ်၊ စစ်ကိုင်းတိုင်းတွင် ၁၄ မြို့နယ်၊ ပဲခူး တိုင်းတွင် ငါးမြို့နယ်၊ မကွေးတိုင်း တွင် ငါးမြို့နယ်၊ ကယားပြည်နယ် တွင် လေးမြို့နယ်၊ မွန်ပြည်နယ်တွင် တစ်မြို့နယ်၊ ကရင်ပြည်နယ်တွင် နှစ်မြို့နယ်၊ တနင်္သာရီတိုင်းတွင် နှစ် မြို့နယ်နှင့် ရှမ်းပြည်နယ်တွင် ၁၃ မြို့ နယ်တို့ကို နစက,က စစ်အုပ်ချုပ်ရေး ကြေညာထားသည်။

စစ်အုပ်ချုပ်ရေးကြေညာခြင်း ခံထားရသည့် ပြည်နယ်နှင့် တိုင်း ၁၀ ခုအနက် စစ်ကိုင်းတိုင်းက မြို့ နယ် ၁၄ မြို့နယ်ဖြင့် အများဆုံးကြေ ညာခံထားရပြီး ရှမ်းပြည်နယ်က မြို့ နယ် ၁၃ မြို့နယ်ဖြင့် ဒုတိယ၊ ချင်း ပြည်နယ်က မြို့နယ်ရှစ်မြို့နယ်ဖြင့် တတိယနှင့် ရန်ကုန်တိုင်းက ခြောက် မြို့နယ်ဖြင့် စတုတ္ထ အသီးသီးကြေ ညာခံထားရသည်။

ထို့ပြင် တစ်နိုင်ငံလုံးအတိုင်းအ တာဖြင့် မြို့နယ် ၃၃၀ ရှိသည့်အနက် ၁၀၀ ရာခိုင်နှုန်း တည်ငြိမ်အေးချမ်း သည့် မြို့နယ် ၁၉၈ မြို့နယ်ရှိပြီး လုံခြုံရေး အလေးထားဆောင်ရွက်ရ မည့် မြို့နယ် ၆၇ မြို့နယ်နှင့် လုံခြုံ ရေး ထိထိရောက်ရောက် ဆောင်ရွက် ရမည့် မြို့နယ် ၆၅ မြို့နယ်ရှိကြောင်း နစကဥက္ကဋ္ဌက ၂၀၂၃ ခုနှစ် ဇန်နဝါ ရီ ၃၁ ရက်တွင် ပြုလုပ်သည့် အမျိုး သားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီအစည်းအဝေးတွင် ပြော ကြားခဲ့ဖူးသည်။

လက်ရှိတွင် နစကဥက္ကဋ္ဌအနေ ဖြင့် လုံခြုံရေးအရ တည်ငြိမ်သည့်ဒေ သများ၌ ရွေးကောက်ပွဲကို အပိုင်း လိုက်ကျင်းပနိုင်ရန် ဆောင်ရွက်နေ ကြောင်း ပြောကြားထားသောကြောင့် လာမည့် ၂၀၂၅ ခုနှစ်တွင် ကျင်းပ မည့် ရွေးကောက်ပွဲအခင်းအကျင်း သည် တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် မဟုတ်ဘဲ အပိုင်းလိုက်သာ ကျင်းပ နိုင်ဖွယ်ရှိကြောင်း နိုင်ငံရေးလေ့ လာသူများက သုံးသပ်လျက်ရှိသည်။