ဘော်ဆိုင်း ရွာဟောင်းရှိ ရပ်တော်မူ ရှေးဟောင်းဘုရား
ရှမ်းပြည်နယ်ရှိ ဘော်နယ်များတွင် တစ်ခု အပါအဝင်ဖြစ်သော ဘော်ဆိုင်းနယ်တစ်ဝိုက် ရှေးဟောင်းသမိုင်းဝင် စေတီတော်များ၏ သမိုင်းကြောင်းများက စိတ်ဝင်စားစရာ ကောင်းသဖြင့် ထပ်မံလေ့လာဖြစ်သည်။
ကျွန်တော်သည် ဘော်ဆိုင်းကို စိတ်ဝင် စားသဖြင့် အကြိမ်ကြိမ်သွားရောက်၍ ရှေး ဟောင်းစေတီတော်များနှင့် ပတ်ဝန်းကျင်လေ့ လာရေး သွားရောက်လေ့လာခဲ့သည်။
ဘော်ဆိုင်းနှင့် အနီးဝန်းကျင်ကျေးရွာ များတွင် လေ့လာ၍ မကုန်နိုင်အောင်များပြား သော သမိုင်းကြောင်းများ ရှိမည်ဟုလည်း စာ ရေးသူ ယုံကြည်မိသည်။ ဘော်ဆိုင်းရောက် သောအခါ မြို့ခံ မသင်းသင်းက ကြိုဆို၍ ဘုရားများကို လိုက်လံပို့ဆောင်ပေးပါသည်။
ဘော်ဆိုင်းမြို့ ရှိ ရှေးဟောင်းစေတီတော်များ
ဘော်ဆိုင်းတွင်ရှိသော ရှေးဘုရားများမှာ ရွှေမြစည်းစေတီ ၊ ရွာဟောင်းရှိ ရပ်တော်မူ ရှေးဘုရား၊ ကုံလုံသွားလမ်းတွင်ရှိသော ရွှေ ဘုန်းပွင့်စေတီတော်နှင့် စမကျောက်ဖြာ၊ မြ သပိတ်စေတီတော်တို့ ရှိပါသည်။ ဘော်ဆိုင်း တွင် မှတ်တမ်းတင်ခွင့်မပြုထားသော နေရာ ကို ချန်လှပ်ထားခဲ့ပါမည်။ ရွှေမြစည်းစေတီ၊ ရွှေဘုန်းပွင့်စေတီနှင့် ဖောင်ကိုင်းမွေတော် တို့မှာ အလောင်းစည်သူမင်း၏ ကုသိုလ်တော် များဟု သိရသည်။
ဘော်ဆိုင်းအနီးတစ်ဝိုက် ရှေးဟောင်း မွေတော် စေတီတော်များမှာ သဲကုန်းကျောင်း တိုက်မှ ဆက်သွားရသော တောင်ပေါ်မှ မွေ တော်ဘုရား၊ ဘော်ဆုံရှိ ရှေးဟောင်းဘုရား၊ နှင့် ကျောက်ထပ်ရွာရှိ ရှေးဟောင်းဘုရားများ တို့ရှိကြသည်။ ထို့ပြင် ဘော်ဆိုင်းနယ်တစ်ဝိုက် ရှိ ပါဒူး၊ ပါလော၊ ပါကင်း စသော ပါ (ကိုး) ပါ၊ ရှမ်းဘာသာဖြင့် ကျောင်း (ကိုး) ကျောင်း သမိုင်းကြောင်းကိုလည်း ကြားသိခဲ့ရသည်။
ရွှေမြစည်းစေတီ
ဘော်ဆိုင်းမြို့တွင် ပထမဆုံး လေ့လာနိုင် သောဘုရားမှာ ရွှေမြစည်းစေတီဖြစ်ကာ ရေ ကန်အနီးလမ်းဆုံမှ တည့်တည့်ဝင်သွားလျှင် ရောက်ပါသည်။ ရွှေမြစည်းကျောင်းတိုက်ထဲ တွင် ရွှေမြစည်းဘုရား တည်ရှိသည်။ စောင်း တန်းလမ်းအတိုင်း တက်ရောက်လျှင် ရွှေမြ စည်းဘုရားခန်းရှိ ရုပ်ရှင်တော်မြတ်ကို ဖူးမြင် ရပါသည်။
ရွှေမြစည်းစေတီ၏ မူလအလှူရှင်မှာ အလောင်းစည်သူမင်းဖြစ်ကာ ဦးမူနွယ် လက် ထက်၊ မင်းကြာရွက်လက်ထက်နှင့် ဦးစစ်ဟန် လက်ထက်တို့တွင် ခေတ်အဆက်ဆက် ပြုပြင် ခဲ့ကြသည်။
ရွှေမြစည်းဘုရားခန်းတွင် Óဏ်တော် မြင့်မားသော ရွှေမြစည်းရုပ်ရှင်တော်ကို ဖူးမြင် ရသည်။ ရွှေမြစည်းဘုရားရှိ ရွှေမြစည်းရုပ်ရှင် တော်မြတ်ကြီးကို ဘော်ဆိုင်းမင်း စောကြာရွက် တည်ထားကိုးကွယ်ခဲ့ပြီး ဘော်ဆိုင်းမြို့စား ဦး စစ်ဟန်က ထပ်မံ ပြုပြင်ခဲ့သည်။ ဘုရားကြီး၏ အပေါ်တည့်တည့် မျက်နှာစာတွင် မြို့စားကြီး ဦးစစ်ဟန် ၊ ဒေါ်ကျင်ပု ၊ ဒေါ်ကျင်မှီ သားသမီး တစုကောင်းမှု၊ နတ်လူသာဓုခေါ်စေသော်၊ ၁၃၀၆ ခု၊ နတ်တော်လပြည့်ကျော် (၁၀) ရက် နေ့တွင် ပြီးစီးသည်ဟူသော ကမ္ပည်းစာတန်း ရေးသားထားသဖြင့် နှစ်ပေါင်း ၈၀ ခန့် ကြာ မြင့်နေပြီဖြစ်သည်။ ဂန္ဓကုဋိတိုက်နှင့် ဘုရား ဒါယကာ ဦးစစ်ဟန်ဟု ဓာတ်ပုံလည်းပြသထား သည်။ ဘုရားခန်းအတွင်း ဘယ်ညာတွင် ရှေး ဟောင်းမှန်ကိုလည်း တစ်ဖက်တွင် နှစ်ချပ်စီ ကပ်ထားသည်ကို မြင်တွေ့ရသည်။ ဂန္ဓကုဋီတိုက်၏ ကျောကပ်လျက် နောက် ဘက်တွင် ရွှေမြစည်းစေတီတော် တည်ထားပါ သည်။ စောင်းတန်းတွင်ရှိသော ခေါင်းလောင်း စာကိုဖတ်ရှုသော် ၁၂၁၇ ခု ကုသိုလ်တော်၊ ကြေးပိဿာချိန်တရာဟု ဖော်ပြထားသဖြင့် နှစ်ပေါင်း ၁၆၉ နှစ်ရှိကြောင်း သိနိုင်သည်။
ရွှေမြစည်းရုပ်ရှင်တော်မြတ်ကြီးကို ၁၂၆၇ ခုနှစ်တွင် မြို့စားကြီးမင်းကြာရွက် တည်ထားကိုးကွယ်ခဲ့သည် ဟု မှတ်တမ်းအရ သိရပြီး၊ နှစ်ပေါင်း ၁၁၉ နှစ် သက်တမ်းကြာမြင့် သော ရုပ်ရှင်တော်မြတ်ဖြစ်ပါသည်။
ရွှေမြစည်းစေတီတော်၏ နောက်ဘက် တွင် ရှေးဟောင်းပန်းချီကားများ ပြသထား သော အခန်းလည်းရှိသည်။ ထူးခြားချက်မှာ ရှေးနှစ်ပေါင်း ၇၀ ကျော်မှ ပန်းချီကားများကို မပျက်မစီးမြင်တွေ့ရခြင်းဖြစ်သည်။ ရှေးသွပ် ပြားများပေါ်တွင် ဆေးများဖြင့်ရေးဆွဲထား ခြင်းဖြစ်သည်။ ထိုသို့သွပ်ပြားများပေါ်တွင် ပန်းချီရေးဆွဲဟန်ကို ဘော်ဆိုင်းရှိ နောက်ထပ် ရှေးဟောင်းကျောင်းဆောင်တစ်နေရာတွင် ထပ်မံတွေ့ခဲ့ရပါသေးသည်။
ပန်းချီကားများဝ တန်ဘိုးရင်နှင့် မတော် တို့သည် မိဘနှစ်ပါးနှင့်အတူနေကြသော အိမ် ကြီးပုံ ၊ ဘော်တွင်းမြို့ မင်းတရားကြီး ဟော်နန်း တော်ပုံတို့ကို ပြထားသည်။ တန်ဘိုးရင်နှင့် မတော်မှာ ဘော်ဆိုင်းမြို့စားကြီး ဦးစစ်ဟန် ၏ မိဘများဖြစ်သည်။ တရုတ်အနွယ် တန်မျိုး နွယ်ဟု ယူဆပါသည်။ တန်ဘိုးရင်နှင့် မတော် တို့သည် ညောင်ရွှေစော်ဘွားကြီးထံ သွား ရောက်ကန်တော့ပုံကိုလည်း ပြထားသဖြင့် ဘော်ဆိုင်းနယ်သည် ညောင်ရွှေလက်အောက် ခံနယ်အဖြစ် သိမြင်နိုင်သည်။
ဦးစစ်ဟန်သည် ၁၉၅၀ ပြည့်နှစ်တွင် ဟဲဟိုးမြို့စားအဖြစ်လည်း ဆောင်ရွက်ရသည်။ ၁၉၅၉ ခုနှစ်တွင် ရှမ်းပြည်နယ်များ၌ ပဒေသ ရာဇ်အုပ် ချုပ် ရေး စနစ်မှ ပြည်သူ့အုပ်ချုပ်ရေး စနစ်သို့ပြောင်းခဲ့သည်။ ၁၉၆၀ ပြည့်နှစ် အထွေ ထွေ ရွေးကောက်ပွဲကြီးတွင် ဦးစစ်ဟန်ညောင် ရွှေ ရှမ်းပြည်နယ်ကောင်စီ၏ ဒုတိယ သဘာ ပတိအဖြစ် ဆောင်ရွက်ရသည်။ ထို့နောက် ထို နှစ်အတွင်း၌ပင် ရှမ်းပြည်နယ်အစိုးရ၏ ဘဏ္ဍာ ရေး၊ အခွန်တော်နှင့် သာသနာရေးဝန်ကြီး အဖြစ် ဆောင်ရွက်ရကြောင်း မှတ်တမ်းအရ သိရသည်။
ယခင်က ရွှေမြစည်းကျောင်းကို ဘုရားနီ ကျောင်းတော်ကြီးဟု ခေါ်ဝေါ်ကာ မင်းတုန်း မင်းတရားကြီး၏အမိန့်တော်ဖြင့် ဆောက်လုပ် ထားသော ဘုရားနီကျောင်းကြီး ပျက်စီးယို ယွင်းလာသဖြင့် ရှေးလက်ရာမပျက်ဆက် လက်မွမ်းမံပြုပြင်ရာ အုတ်ကျောင်းကြီးနှစ် ဆောင်တို့ဖြင့် အသစ်ထပ်မံတိုးချဲ့ကာ ၁၃၁၁ ခုနှစ်ခန့်က ခိုင်ခန့်ကျယ်ပြန့်သော ကျောင်းကြီး အဖြစ်သို့ရောက်ရှိအောင် ကြိုးစားဆောင်ရွက် အောင်မြင်ခဲ့ကြောင်း မှတ်တမ်းအရ သိရ သည်။
ရွှေမြစည်းကျောင်းတိုက် ဘုရားခန်းတွင် ရှေးလက်ရာ ဆင်းတုတော်များကို ပလ’င်တော် ခုနစ်ခုထက်မနည်း အပူဇော်ခံထားရှိကာ ကုန်း ဘောင်ခေတ် ရှေးလက်ရာဆွမ်းအုပ်ကြီးကို လည်း မြင်တွေ့ခဲ့ရသည်။
ထို့ပြင် ဘော်ဆိုင်းမြို့ ၊ ကံဦးစေတီတော်၊ ကံဦးကျောင်းတိုက် လှေကားထိပ်တွင်လည်း ဦးစစ်ဟန် လှူဒါန်းသော ရှေးလက်ရာဖြစ် သော ခြင်္သေ့နှစ်ကောင်ရုပ်တုကြီးရှိပါသေး သည်။ ထိုခြင်္သေ့ကြီးနှစ်ကောင်ရုပ်တုကို ဦးစစ် ဟန်မိသားစုက ၁၃၁၀ ခုနှစ်တွင် တည်ဆောက် ကာ မြောက်ဘက်ရုပ်တု အရင်တည်ကာ သီ တင်းကျွတ်လတွင် ပြီးစီး၍ တောင်ဘက်ရုပ် တုမှ တပို့တွဲလတွင် ပြီးစီးခဲ့ကြောင်း သိရ သည်။ ထိုခြင်္သေ့နှစ်ကောင်ရုပ်တု သက်တမ်း မှာလည်း နှစ်ပေါင်း ၇၆ နှစ် ရှိပြီဖြစ်သည်။
ရွှေဘုန်းပွင့် စေတီတော်
မှတ်တမ်းများအရ ဘော်ဆိုင်းနယ်တွင် အလောင်းစည်သူမင်း တည်ထားခဲ့သော စေတီ တော် သုံးဆူရှိကြောင်းသိရသည်။ ထိုစေတီ တော်များမှာ ရွှေမြစည်းစေတီ ၊ မွေတော်စေတီ (ရွှေဘုန်းပွင့်စေတီဟုပင် ခန့်မှန်းယူဆသည်) နှင့် သဲကုန်းကျေးရွာတွင်တည်ရှိသော ဖောင် ဆိုင်းစေတီတော် (ကျောက်စာတွင် ဖောင်ကိုင်း ဟု ဖော်ပြထား) တို့ဖြစ်သည်။
ဘော်ဆိုင်းမှ ကုံလုံသွားလမ်းတွင်ရှိ သော ရွှေဘုန်းပွင့်စေတီတော်မှာ ကျန်စစ်သား မင်းကြီးတည်ထားကိုးကွယ်ခဲ့သည်ဟု ကျောင်း နေ ဦးပဥ္စင်းများက မိန့်သည်။ ကျေးဇူးတော်ရှင် ကုံလုံဆရာတော်ကြီးအား အမှူးထား၍ သမိုင်း ဝင် ရွှေဘုန်းပွင့်စေတီတော်ကို ပြန်လည် ပြု ပြင်ထားသည် မှာ နှစ်ပေါင်း ၃၀ ကျော်ခန့်ရှိနိုင် ကြောင်း သိရသည်။ ထိုရွှေဘုန်းပွင့်စေတီ တော်တည်နေရာမှာ ကလောမြို့နယ်နှင့် ပင်း တယမြို့နယ်အစပ်ကြားတွင် တည်ရှိကြောင်း သိရသည်။ ဘုရားရှင်၏ ဓာတ်တော်မွေတော် စေတီတော်မှန်လျှင် ဘေးပတ်ဝန်းကျင် ရေ ထွက်ရေကန်များရှိသည်ဟုဆိုသည်နှင့် အညီ ရွှေဘုန်းပွင့်စေတီတော် အနီးတဝိုက်တွင် လည်း ရေထွက်ရေကန်များရှိကြောင်း သိရ သည်။
ထိုရွှေဘုန်းပွင့်စေတီတော်မှ ကျေးရွာ လမ်းအတိုင်း သုံးမိနစ်ခန့် ဆက်သွားလိုက် သောအခါ စဓဗဝ ကျောက်ဖျာနှင့် စမဓာတ် ရှင်စေတီတော်တို့ကိုလည်း ဖူးမြင်ရသည်။ ထိုကျောင်းတိုက်မှ ဘဘုန်းအို ပြောပြချက်အရ ကုံလုံဆရာတော်သည် ကျန်စစ်သားမင်းကြီး ပြန်လည်ဝင်စားခြင်းဖြစ်ကြောင်း၊ မူလကုသိုလ် ရှင်များ တည်ထားသော ဘုရားစေတီတော် များကို ပြန်လည်မွမ်းမံပြုပြင်ပေးခဲ့ကြောင်း၊ ထိုနေရာတစ်ဝိုက်တွင် စီးတော်မြင်းလွတ်သ ဖြင့်လိုက်ဖမ်းသဖြင့် မြင်းပိတ်ရွာ၊ မြင်းပိတ် ဘုရားဟု ခေါ်တွင်ကြောင်း၊ မြင်းကိုဖမ်းမိပြီး မင်းလေးပါး (သူရဲကောင်းလေးဦး) အတူတကွ ထိုင်ကာ အနားယူအပန်းဖြေသော နေရာကို စမ ကျောက်ဖျာအဖြစ် ထိန်းသိမ်းထားကြောင်း၊ ထိုနေရာတွင် မြင်းခြေရာနှင့် ကျောက်ဖျာရှိ စမကွက်များကို မြင်တွေ့နိုင်သေးကြောင်း မိန့်ကြားခဲ့သည်။
ရွှေမြစည်းဘုရားရှိ ပန်းချီကားတွင် မင်း ဗိတ်စေတီတော်ကြီး၏ ထီးတော်တင်ပွဲသဘင် ကျင်းပရာတွင် တူရိယာအမျိုးမျိုး တီးမှုတ်၍ ကံကြီးတကာ ဇနီးမောင်နှံတို့သည် နှစ်ဌာန သော ရုပ်သေးအဆိုအကတို့ဖြင့် ပါဝင်၍ ဆင် ယင်ပြီး လှူဒါန်းနေကြပုံဟု ဖော်ပြထားသည်။ ထိုမင်းဗိတ်စေတီတော်ကြီးမှာ မြင်းပိတ်စေတီ တော်ဟု မူလက ခေါ်တွင်ခဲ့သော လက်ရှိရွှေ ဘုန်းပွင့်စေတီတော်ပင်ဖြစ်ကြောင်း သိရ သည်။ ကံကြီးတကာ ဇနီးမောင်နှံမှာ ဦးစစ် ဟန်၏ မိဘနှစ်ပါးဖြစ်သော တန်ဘိုးရင်နှင့် မတော် တို့ဖြစ်သည်။ မင်းဗိတ်စေတီတော်တွင် ရှေးလက်ရာ လောကနတ်ရုပ်များဖြင့် မင်းဗိတ် ကျောင်း သစ်သားကျောင်းဆောင်ကြီး ရှိခဲ့ဖူး ကြောင်း၊ ဖြိုဖျက်လိုက်ကြောင်း ဒေသခံက ပြောသည်။
မြသပိတ်စေတီတော်တွင် ကျမ်းစာပင့် ဆောင်လာသော ဆင်ဝပ်သောရုပ်တု မြင်တွေ့ ရသည်။ ထိုဆင်ဝပ်နေသော ရုပ်တုကို ပွေးလှ၊ သဲကုန်း၊ ကျောက်ထပ်၊ ဘော်ဆိုင်းတစ်ဝိုက်ရှိ ဘုရားစေတီတော်တော်များတွင် မြင်တွေ့ရ ခြင်းဖြစ်သည်။ ထိုမြသပိတ်စေတီတော်ကို လည်း ကျေးဇူးတော်ရှင် ကုံလုံဆရာတော်ကြီး ကို အမှူးထား၍ ပြန်လည်ပြုပြင်ထားကြောင်း ကမ္ပည်းရေးထားသည်။
ရွာဟောင်းရှိ ရပ်တော်မူ ရှေးဘုရား
ဘော်ဆိုင်း ပြည်သူ့ဆေးရုံသွားလမ်းအ တိုင်း ဆက်သွားရာ ရွာဟောင်းကို ရောက်ရှိပါ တော့သည်။ ထိုရွာဟောင်းတွင် ရပ်တော်မူ ရှေးဟောင်းဘုရားနှင့် စေတီတော်အများ အပြားတည်ရှိသော ရှေးဘုရားတည်ရှိသည်။
ထိုရွာဟောင်းရှေးဟောင်းဘုရားမှာ ယခင်ကပင် ဘုရားဘွဲ့တော်မသိရကြောင်း၊ ၂၀၀၅ ခုနှစ်တွင် ရပ်တော်မူဘုရားမုခ်ဦး ပြို ကျမှုဖြစ်သဖြင့် အသစ်ပြန်လည်ပြင်ဆင်ခဲ့ရ ကြောင်း အလှူရှင်ဖြစ်သူ ဦးထွန်းဦးက ပြောပြ သည်။ ထိုရွာဟောင်းရပ်တော်မူဘုရားသည် ရှမ်းပြည်နယ်တောင်ပိုင်းရှိ ရပ်တော်မူဘုရား များအနက် ရှေးအကျဆုံးသောရှေးဟောင်း ဘုရားတစ်ဆူဖြစ်ကြောင်း၊ အုတ်နှင့်မြေသား များကို စစ်ဆေးကြည့်ချက်အရ ရှေးနှစ်ပေါင်း ၆၀၀ ကျော်က တည်ထားသော ရှေးဟောင်းဘု ရားဖြစ်ကြောင်း ၎င်းင်းကဆိုသည်။
ရွာဟောင်းဘုရားကို သွားရောက်လေ့ လာရာ လမ်းနံဘေးတွင် ခန့်ညားသပ္ပယ်စွာ စံပယ်နေပြီး ကြည်ညိုဖွယ်ဖြစ်သည်။ အဝင်မှ လှမ်းကြည့်လျှင် ခြင်္သေ့နှစ်ကောင် ၊ စောင်း တန်းအတက်လမ်း၊ ရှေးဟောင်းသိမ်တော်၊ တောင်နံရံတစ်လျှောက် တည်ထားသော စေတီတော်များကို အစီအရီဖူးမြင်ရသည်။
ရပ်တော်မူဘုရား အတက်လမ်း လှေကား ထိပ်တွင်မြင်ရသော ခြင်္သေ့မှာ ထူးခြားပြီး မြင် နေကျပုံစံမျိုးမဟုတ်ချေ။ တင်ပါးကုန်းပြီး ထောင် ထားသောဟန်ပန် ကွေးနေသော ခြင်္သေ့ဟန် မြင်ရသည်။ (စာရေးသူက ခြင်္သေ့ဟုပင် ယူဆ မိပါသည်)။ လှေကားအတိုင်း တက်ရောက် သော အောက်ဘက်တွင် စေတီတော်လေးဆူ နှင့် ရှေးဟောင်းသိမ်တော်ကို အပေါ်စီးမြင် ကွင်း လှပစွာမြင်ရသည်။ ရှေ့တည့်တည့်တွင် လည်း ရေကန်တစ်ကန်ကို မြင်ရသည်။ တစ် ဖက်တစ်ချက်ရှေ့ဘက်တွင် တောင်တန်းများ သွယ်တန်းနေသည်။
ရပ်တော်မူဘုရား ညာဘက်ဘေးတွင် ဂူပေါက်တစ်ခုရှိပြီး အတွင်းလိုက်ဂူထဲ စေတီ တော်တစ်ဆူ တည်ထားသည်။ ထိုနေရာမှ ညာဘက်ရှိ လှေကားအတိုင်း အပေါ်ဘက် ဆက်တက်သွားလျှင် လျောင်းတော်မူနှင့် ဘုရား ဆင်းတုတော်များကို ဖူးမြင်ရသည်။ ထိုရှေး ဘုရားကျောင်းဝင်းအတွင်းရှိ ဘုန်းတော်ကြီး ကျောင်းမှာ ရှေးဟောင်းကျောင်းဖြစ်ကာ ယခင် က သစ်ပင်ကြီးတစ်ပင်တည်းဖြင့် ထိုကျောင်း တော်ကြီးကို တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း ရှင်းပြသည်။ ကျောင်းတော်ကြီးမှာ အတော် ကြီးမား၍ အဆောက်အအုံပိုင်းတွင် ပေ ၈၀ ထက်မနည်း ကျယ်ဝန်းကာ ဝရန်တာလှေကား များ ထည့်တွက်လျှင် ပေ ၁၂၀ နီးပါး ရှိမည်ဟု ခန့်မှန်းမိသည်။ ထိုအဆောက်အအုံတည် ဆောက်မည့် သစ်ပင်ကြီးကိုလည်း စိတ်ထဲ မြင် ယောင်မှန်းဆမိသေးသည်။
အင်္ဂလိပ်ခေတ်၊ ဂျပန်ခေတ်တို့တွင် ဘော် ဆိုင်းအနီးတစ်ဝိုက်ရှိ ကျေးရွာများမှာ အတော် ပျက်စီးခဲ့ပြီး သဲကုန်းနှင့် ကျောက်ထပ်ကျေးရွာ များမှာ ကျန်ရှိခဲ့ကြောင်း၊ ဘော်ဆိုင်းတွင် ကျေး ရွာများကို ပြန်လည်စုစည်း၍ ရပ်ကွက်များ စုဖွဲ့ခဲ့ရကြောင်း သိရသည်။
ဖောင်ကိုင်း မွေတော် စေတီတော်
ဘော်ဆိုင်းမှအပြန်တွင် သဲကုန်းကျေးရွာ ၏ တောင်ပေါ်၌ တည်ထားသော ဖောင်ကိုင်း မွေတော်စေတီတော်ကို သွားရောက်ဖူးမြင်ခဲ့ သည်။
ဘော်ဆိုင်းမှ ပင်းတယသွားလမ်းတွင် သဲကုန်းကျေးရွာရှိသည်။ သဲကုန်းရွာရှိ သဲကုန်း ကျောင်းတိုက် ဆိုင်းဘုတ်မုခ်ဦးအတိုင်း တည့် တည့်ဝင်သွားလျှင် တောင်ပေါ်တွင် တည်ထား သော ဖောင်ကိုင်းမွေတော်စေတီတော် တည်ရှိ ရာကို ရောက်နိုင်သည်။ တောင်တက်လမ်းခရီး မှာ ကျေးရွာလမ်းဖြစ်သဖြင့် ကျောက်စရစ်ခဲ များဖြင့် အနည်းငယ်လမ်းချော်နေပါသည်။
တောင်ပေါ်မှလှမ်းကြည့်ရာ လှပသော ကျေးရွာရှုခင်းကို မြင်တွေ့ရသည်။ တောင် ပေါ်တွင် တည်ဆောက်ဆဲရပ်တော်မူ ရုပ်ပွား တော်တစ်ဆူကိုလည်း တွေ့ခဲ့ရသည်။ ရှေး ဟောင်းမွေတော်စေတီတော်မှာ လမ်းပန်း ဆက်သွယ်ရေးကြောင့် တိမ်မြုပ်နေသည်ဟု ယူဆပါသည်။
ရှေးဟောင်းဘုရားများ တည်ရှိတဲ့ ကျောက်ထပ်ရွာ
ဘော်ဆိုင်းလမ်းခွဲအတိုင်း မောင်းလာစဉ် သဲကုန်းမရောက်ခင် ကျောက်ထပ်ကျေးရွာ ဆိုင်းဘုတ်ကို မြင်တွေ့ရစဉ် ကျေးရွာအတွင်း တောင်ပေါ်တွင် တည်ထားသော ရှေးဟောင်း ဘုရားကို ဖူးမြင်ရသဖြင့် ဆိုင်ကယ်ဖြင့် သွား ရောက်ဖူးမြော်လေ့လာခဲ့သည်။
ယခင်က ကျောက်ထပ်ရွာမှာပင် သတ္တု တွင်း တူးဖော်မှုများပြုလုပ်ခဲ့ဖူးကြောင်း ဒေသ ခံတစ်ဦးက ပြောပြသည်။ ထိုအကြောင်းနှင့် ပတ်သက်၍ ဓမ္မသုခကျောင်းတိုက်မှ ဦးပဥ္စင်း လေး ပြောပြချက်အရ ရှေးဘုရင်မင်းများ လက် ထက် ဘော်ဆိုင်းဒေသကို မြို့စားဖြင့် အုပ်ချုပ် စေပြီး ထွက်ရှိသောခဲသတ္တုများကို တင်ပို့ရ ကြောင်း၊ ဘော်ဆိုင်းတွင် သတ္တုရိုင်းတူးဖော်၍ ကျောက်ထပ်တွင် သန့်စင်သောလုပ်ငန်းကို ဆောင်ရွက်ခဲ့ကြောင်း ၊ နောက်ပိုင်း အင်္ဂလိပ် ခေတ်ရောက်လာသောအခါ လိုင်စင်ကိစ္စများ ကြောင့် ဒေသခံများက အင်္ဂလိပ်အစိုးရကို ကြောက်၍ ဆက်လက်လုပ်ကိုင်ခြင်းမရှိတော့ သဖြင့် ကျောက်ထပ်နယ်တွင် သတ္တုသန့်စင် ခြင်းလုပ်ငန်းများ ရပ်ဆိုင်းသွားရခြင်းဖြစ် ကြောင်း ရှင်းပြသည်။
ကျောက်ထပ်ကျေးရွာတွင် ထိုသို့ရှေး ဟောင်းဘုရားစေတီတော်နှစ်ဆူတည်ရှိနေ ခြင်းကို ကြည့်ခြင်းအားဖြင့် ရှေးစော်ဘွားခေတ် အချိန်အခါက မြို့တော်၏ ဓနအင်အားကို ခန့်မှန်းနိုင်ပါသည်။ ထို့ပြင် ပြိုပျက်သွားသော စေတီတော်တစ်ဆူ၊ ကျေးရွာတွင် မွမ်းမံ၍ ပြန် လည်ကိုးကွယ်ထားသော ဘုရားစေတီတော် များလည်း ကျန်ရှိသေးကြောင်း တောင်ပေါ် ကျောင်းမှ ဒေသခံတစ်ဦးက ရှင်းပြသည်။
ဆိုင်ကယ်ဖြင့် တောင်တက်လမ်းအတိုင်း တက်လာပြီးနောက် ကုန်းပေါ်ကျောင်းသို့ ရောက်သည်။ လမ်းခွဲမှတ်တိုင်တွင် ရေးထား သည်မှာကုန်းပေါ်ကျောင်းနှင့် ဆက်သွားလျှင် ရွှေမုဋ္ဌောဘုရား ထင်းရှူးကုန်းကျောင်းဟု ရေး ထားသည်။
ကျောင်းဝင်းအတွင်းရောက်မှ Óဏ် တော် ၈၅ တောင်မြင့်သော ရှေးဟောင်း စေတီ တော်နှစ်ဆူနှင့် အရန်စေတီတော်များစွာကို အံ့အားသင့်စွာ ဖူးမြင်ရသည်။
ထိုသို့ စေတီတော် Óဏ်တော်မြင့်မား ခြင်းကြောင့် အဝေးမှ လှမ်းမြော်ဖူးမြင်နိုင်ခြင်း လည်း ဖြစ်သည်။ စေတီတော်ပုံစံမှာ ရှည်၍ သွယ်သောသဏ္ဌာန်ရှိသည်။ ဘုရားသမိုင်းကို လည်း ကျောက်စာတွင် ဖတ်ရပါသည်။
ကျောက်ထပ်တောင်ပေါ် ရှေးဟောင်း စေတီတော်များကို ပုဂံမင်း ၅၅ ဆက်မှ ၄၆ ဆက်မြောက် ဖောင်စကြာပိုင်ရှင် နရပတိ အလောင်းစည်သူမင်းကြီးသည် သက္ကရာဇ် ၄၆၉ ခုနှစ်ခန့်သို့ ရောက်လာသောအခါ ပုဂံ ပြည်အရှေ့ဘက် ရှမ်းတောင်တန်းဆီသို့ နောက် ပါ မှူးမတ်ဗိုလ်ပါအခြံအရံ ပရိသတ်တစ်သိန်း နှင့်အတူ ဖောင်စကြာစီးနင်း၍ခရီးလှည့်လည် ရာတွင် ကျောက်ထပ်နယ်သို့ရောက်ရှိလာရာ ရွာအရှေ့ဘက် ကုန်းမြင့်မြင့် တစ်နေရာတွင် စေတီတော် တည်ထားပူဇော်ရလျှင် သင့်လျော် မည်ဟူသောအကြံကို နတ်များသိကြသည့် အခါ ဝမ်းမြောက်ကြည်နူးစွာဖြင့် ပိန္နဲသီးများ လာရောက် ဆက်သကြကြောင်း သိရသည်။
မင်းကြီးသည် နတ်တို့ ဆက်သလာသော ပိန္နဲသီးကို ခွဲစိတ်ကြည့်ရာ အတွင်း၌ပါသော ပိန္နဲစေ့သည် ရွှေသားအတိတွေ့မြင်ရ၍ ဝမ်း မြောက်ကြည်နူးစွာ ထုတ်ယူဌာပနာလျက် ကိုးတောင်ပြည့်စေတီ တည်ထားအပြီးတွင် ဌာပနာကိုအစွဲပြု၍ “ရွှေပိန္နဲ” စေတီဟု ခေါ် တွင်စေခဲ့သည်။
တစ်ဖန် ရွှေပိန္နဲစေတီတော်အနီးတွင် ဘုရားတစ်ဆူ ထပ်မံတည်ထားပါက ပို၍အ ကျိုးများချေမည်ဟု ကြံစည်ပြန်သော် နတ်တို့ သည် ရွှေသားအတိပြီးသော စေတီပုံ ဓာတ် တော်ကြုတ်ကို ဆက်သလာရာ ကြုတ်အတွင်း ဝယ် ဓာတ်တော်အပြည့်ထည့်သွင်းဌာပနာ လျက် ကိုးတောင်တစ်မိုက်မျှရှိသော စေတီ တော်ကို တည်ထားပူဇော်အပြီးတွင်လည်း အတွင်း၌ ဌာပနာကို အစွဲပြု၍ “ရွှေစေတီ” စေတီဟုပင် မှည့်ခေါ်စေခဲ့သည်။
ထိုစေတီတော်နှစ်ဆူကို ကောဇာသက္က ရာဇ် ၁၂၁၀ ခုနှစ်သို့ ရောက်ရှိလာသည့်အခါ ကျောက်ထပ်ရွာ ဘုရားဒါယကာ မောင်နန္ဒ နှင့် နယ်အုပ် ဦးမောင်ချို စသည့် နယ်သူနယ် သားများက ကြည်ဖြူသဒ္ဓါ ရှေ့ထား၍ ကြိုးစား ဆောင်ရွက်မှုကြောင့် ဉာဏ်တော် အတောင် ၅၀ နှင့် ၆ အတိမြင့်သည့် စေတီတော်အဖြစ် မွမ်းမံ၍ အရန်စေတီတော် ၁၆ ဆူစီ အပါအ ဝင် ကြည်ညိုသပ္ပါယ်စွာ တည်ထားပူဇော်နိုင် ခဲ့သည်။
၁၂၇၄ ခုနှစ်သို့ ရောက်ရှိပြန်သော် မြေ ငလျင်ဒဏ်ကြောင့် စေတီတော်တို့သည် မြေ သို့ခလျက် ကြေမွပျက်စီးခဲ့ရာ မင်းအိုကျောင်း ဆရာတော် ဦးနန္ဒဓဇနှင့် ကျောက်ထပ်နယ်အုပ် ဦးဖိုးမာ စသည့်နယ်သူနယ်သားများ စုပေါင်း ၍ ၁၂၇၅ ခုနှစ်တွင် အသစ်တစ်ဖန် တည်ထား ပူဇော်နိုင်ခဲ့သည်။
တစ်ဖန် ကျန်ရှိနေသော ရွှေပိန္နဲစေတီ တော်နှင့် အရန်စေတီတော်တို့သည် သဘာဝ ရာသီဥတုဒဏ်ကြောင့် ကာလကြာမြင့်သော အခါ တစ်စစယိုယွင်းပျက်စီးတိမ်မြုပ်ပျောက် ကွယ်လာသဖြင့် အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိက ဓဇ ဘဒ္ဒန္တ တေဇနိယ ကုံလုံတောင်ဆရာတော် ဘုရားကြီး၏ သြဝါဒနှင့်အညီ ကျောက်ထပ် တောင်ပေါ် ကျောင်း ဆရာတော် ဦးပညာဝံသ နှင့် ဒကာဒကာမများ ဦးဆောင်၍ ရှေးဟောင်း စေတီတော်တို့ကို ၁၃၆၁ ခုနှစ်မှ စတင်၍ တစ်ဆူချင်း တစ်ဆူချင်း တူးဖော်ပြုပြင်မွမ်းမံ လာခဲ့ကြရာ သာသနာနှစ် ၂၅၄၅ ခု၊ ကောဇာ သက္ကရာဇ် ၁၃၆၃ ခုနှစ် ပြာသိုလပြည့် တနင်္လာ နေ့တွင် အသစ်ပြန်လည် တည်ထားပူဇော်နိုင်ခဲ့ ကြောင်း ဟဲသိမ်တောင်ဆရာတော် အရှင် ကောဝိဒ ပြုစုသော ကျောက်စာမော်ကွန်းတွင် ဖတ်ရှုရပါသည်။
ကျောင်းမှ ဒေသခံတစ်ဦး လမ်းညွှန်ချက် အရ ကျောင်းတိုက်၏ အဆင်းစောင်းတန်းလမ်း အတိုင်း ဆင်းသွားရာ ရွာထိပ်တွင် အသစ်ပြန် လည် တည်ထားကိုးကွယ်သော စေတီတော် တို့ကိုလည်း ဖူးမြင်ခဲ့ရသည်။ ကျောင်းအဆင်း စောင်းတန်းထိပ်တွင် ခြင်္သေ့နှစ်ကောင်ကို မြင်ရသဖြင့် ရှေးယခင်က မြို့တော်ဟောင်း ဖြစ်ခဲ့ဖူးမည်ဟု ယူဆမိသည်။
ခြင်္သေ့နှစ်ကောင် လှေကားစောင်းတန်း ထိပ်တွင် ပြိုကျပျက်စီးနေသော ရှေးဟောင်း စေတီတော်တစ်ဆူနှင့် ဘုရားရုပ်ပွားတော်များ ကိုလည်း ဖူးမြင်ရသည်။ ဘုရားရုပ်ပွားတော်မှာ ကက္ကူလက်ရာအတိုင်း ထင်ရှားစွာဖူးမြင်ရပြီး မတ်တတ်တစ်ဆူမှာ ရှေ့သို့ငိုက်ကျနေပီး ပြုတ်ကျနိုင်မည့်အန္တရာယ်ကို မြင်ခဲ့ရသည်။
ထိုတည်နေရာကို အကြမ်းဖျင်းပုံဖော် ကြည့်ရာ ၁၀ ပေကျော် ၁၅ ပေ ပတ်လည်ခန့် အကျယ်အဝန်းရှိသော လေးထောင့်ပုံစံ အ ဆောက်အအုံ၊ စေတီတော်တစ်ဆူဖြစ်ခဲ့မည် ဟု ယူဆမိသည်။ ဘေးပတ်ပတ်လည်တွင် အုတ်ရိုးတည်နေရာကို ကြည့်ခြင်းအားဖြင့် ယူဆနိုင်သည်။ အလယ်တည့်တည့်တွင်လည်း အုတ်ခုံဟု ယူဆနိုင်သော နေရာရှိသဖြင့် ပုဂံ ခေတ်ဘုရားများကဲ့သို့ အတွင်းလေးမျက်နှာ ရုပ်ပွားတော် ၊ လိုက်ပါသော လျှောက်လမ်း ပတ်လမ်းပါသော ပုဂံခေတ်ဘုရားစေတီတော် ပုံစံအတိုင်း ဖြစ်နိုင်မည်ဟု ထင်မြင်ယူဆမိ သည်။ မပြိုပျက်ဘဲ ကျန်ရှိနေသေးသော ဆင်း တုတော်လက်ရာတို့ကို လေ့လာကြည့်ရာ ကက္ကူဘုရား များ လက်ရာအတိုင်းပင် ပုံစံတူ ဖြစ်နေသဖြင့် ယွန်းရှမ်းတို့၏ လက်ရာဟုပင် အကြမ်းဖျင်းယူဆမိသည်။
ကျောက်ထပ်ကျေးရွာအတွင်း ရှေး ဟောင်းဘုရားစေတီတော်များ နှစ်နေရာခန့် ရှိသေးကြောင်း ဒေသခံက ပြောသည်။ ရွှေပိန္နဲ နှင့် ရွှေစေတီရှေးဟောင်းစေတီတော် ဘေး ပတ်လည်တွင် ၀ါးရုံလေးများ စိုက်ပျိုးထား သည်မှာလည်း စိမ်းစိုလှပနေသည်။ တောင် ပေါ်မှ ကျောက်ထပ်ကျေးရွာ၏ အလှအပကို လည်း ခံစားနိုင်သေးသည်။ ကျောင်းဝင်းအ တွင်း လှေကား သုံးရစ်ပါသော ရှေးလက်ရာ ရေကန်ကြီးကိုလည်း မြင်တွေ့ခဲ့ရသည်။
အပြန်တွင် ဆက်သွားကြည့်ရာ ရွှေမုဋ္ဌော ဘုရားရှိ ရွှေမုဋ္ဌော ဓမ္မရိပ်သာကျောင်းကို ရောက်သည်။ ကျောင်းဝင်းအတွင်း ဘုရားစေ တီတော်များနှင့် ကမ္ဘာလုံးဘုရား၊ ရပ်တော်မူဘု ရား၊ ကျမ်းစာ တင်ဆောင်လာသောဆင်တော် ဝပ်နေပုံတို့ကိုလည်း မြင်တွေ့ရသည်။ မြေလပ် ဒေသတစ်ဝိုက်ရှိ ဘုရားများတွင် ဆင်ဝပ်နေ သော ရုပ်တုများ ဘုရားတိုင်းတွင် ထုလုပ်ထား သည်။
မင်းလေးပါးဆုံရပ် ဘော်ဆုံ
ကျောက်ထပ်ရွာကျော်လာလျှင် နောင် လွယ်ရွာရောက်သည်။ နောင်လွယ်ဘုန်းတော် ကြီးကျောင်းကိုလည်းမြင်ရသည်။ ထိုမှ သဲ ကုန်းလမ်းခွဲအတိုင်း ပင်းတယကို ဆက်သွား နိုင်သည်။ ထိုလမ်းကို ပင်းတယ-သဲကုန်း လမ်းဟု ခေါ်သည်။ ရွာစဉ်များမှာ သဲကုန်း၊ ဘော်ဆုံ၊ အင်းပက်လက်၊ သရက်ပြားတို့ဖြစ် ကြသည်။ သရက်ပြားသည် ပင်းတယနှင့် ကုံလုံလမ်းခွဲလည်းဖြစ်သည်။
ဟဲဟိုးမှ ဘော်ဆိုင်းအထိ ၁၉ မိုင် ဝင်ရပြီး ဘော်ဆိုင်းမှ ပင်းတယအထိ ၁၂ မိုင် ကွာဝေးပါ သည်။
ပင်းတယ-သဲကုန်းလမ်း ၇ မိုင် ၂ ဖာလုံ၊ ပင်းတယ-အောင်ပန်းလမ်းမှာ ၂၄ မိုင်၊ ပင်း တယ-ရွာငံလမ်းမှာ ၅၇ မိုင်၊ ပင်းတယ - ရပ် စောက်လမ်းမှာ ၃၁ မိုင် ရှိပါသည်။
သဲကုန်းကျော်လျှင်ရောက်သော ဘော် ဆုံနယ်သည် ထူးခြားမှုရှိသည်။ ဘော်ဆုံတွင် ကျေးဇူးရှင် ကုံလုံဆရာတော်ကြီး နောက်ဆုံး ပြန်လည်ပြုပြင်တည်ထားသော လေးကျွန်း စကြာရတနာ၊ ရွှေဖောင်တော်ဆုံဘုရားကို ရောက်သည်။ ကုံလုံဆရာတော်ကြီး ဘဝနတ် ထံ ပျံလွန်တော်မမူခင် နောက်ဆုံးတည်ထား ပြုပြင်ပေးခဲ့သော ဘုရားဟုလည်းဆိုသည်။
ဘော်ဆုံဘုရားကို ဝင်ရောက်ဖူးမြော်ရင်း ဘုရားဝင်းအတွင်း မြက်ရိတ်နေသော ဦးလေး ကြီး ပြောပြချက်အရ မင်းလေးပါးဆုံသော အရပ် (သူရဲကောင်းလေးဦးဟု ယူဆပါသည်) ကို ဘော်ဆုံဟုအမည်တွင်လာကြောင်း ရှင်းပြ သည်။ ကျန်စစ်သား၊ ငထွေးရူး၊ ငလုံးလက်ဖယ် နှင့် ညောင်ဦးဖီးတို့ ပုဂံသူရဲကောင်းလေးဦး တို့ လာဆုံသောအရပ်ကို ဘော်ဆုံဟုခေါ် ကြောင်း ရှင်းပြသည်။ (သို့သော်လည်း ထိုယူ ဆချက်မှာ ပါးစပ်ရာဇဝင်သာဖြစ်ကြောင်း၊ အခြားယူဆချက်မှာ သာသနာပြုဆရာတော် ကြီးများဖြစ်သော ကုံလုံဆရာတော်အပါအ ဝင် ဦးဇင်းလုံး၊ ဦးဇင်းထွေး တို့ကို ရည်ညွှန်း၍ မှတ်တမ်းတင်ထားခြင်းလည်းရှိကြောင်း ဆိုကြ ပြန်သည်)။
ထိုနယ်တစ်ဝိုက်တွင် ဒေသခံများအား လိုက်လံမေးမြန်းချက်အရ ထိုယူဆချက်အခိုင် အမာရှိကြောင်း ရှင်းပြသည်။ ထိုပုဂံရာဇဝင် အကြောင်း ရှမ်းမြေလပ်ဒေသတွင် ယုံကြည်မှု များမှာ အံ့အားသင့်စရာလည်း ကောင်းသလို ပုဂံရာဇဝင်သမိုင်းတွင်လည်း ထိုအကြောင်း အရာများကို မဖတ်ဖူးချေ။ တစ်ယောက်ပြီး တစ်ယောက် ရှင်းပြချက်များမှာ အကြောင်းအ ရာ ပြောင်းလဲသွားသော်လည်း သူရဲကောင်း လေးဦးမှာ တူညီသောအချက် ဖြစ်နေသည်။
ဘော်ဆုံဘုရား၊ ရွှေဖောင်တော်ဆုံဘုရား တွင် စေတီတော်များစွာ ရှိသည်။ ပထမဆုံး စေတီတော်ကို ငထွေးရူးက တည်ခဲ့ပြီး မင်း လေးပါး (သူရဲကောင်းလေးဦး) ဆုံသောအခါ စေတီတော်များ စုပေါင်းတည်ထားသည်ဟု လည်းဆိုပြန်သည်။ ကျေးရွာသားများ၏ ယုံ ကြည်ချက်ပင်ဖြစ်ပါသည်။
ထို့ပြင် ကုံလုံကျောင်းရှိဘုရားကို ညောင် ဦးဖီး ၊ ညောင်ရွှေရှိ ဥဒေါင်းတောင်ကို ကျန် စစ်သား၊ စကြာတောင်ကို ငလုံးလက်ဖက် တည်ထားသည်ဟုလည်း ကျောင်းဝင်းအတွင်း ကူညီ၍ ကုသိုလ်ပြုပေးနေသူ ဦးတင်ဟန်က ပြောသည်။
ယခင်က ထိုနေရာတွင် ချုံနွယ်ပိတ် ပေါင်းများ ဖုံးနေသဖြင့် ကျေးရွာရှိအဘိုးကြီး ဦးအောင်မာက ကျေးရွာရှိ စေတီတော်ကို ပြန်လည်ပြု ပြင်ကြရန် တိုက်တွန်းကြသဖြင့် ကုံလုံဆရာတော်ဘုရားကြီး၏ သြဝါဒခံယူ လျက် စေတီတော် ရှင်းလင်းရေး ကုသိုလ်တွင် တတက်တအား ပါဝင်ခဲ့ကြကြောင်း ၎င်းင်းက ဆိုသည်။
ဘော်ဆုံကျော်ပြီးလျှင် ရွှေပုပ္ပါးကျောင်း တိုက်ကိုလည်း မြင်တွေ့သော်လည်း အချိန်မ လောက်သဖြင့် မဝင်ခဲ့ရပေ။ ရှမ်းပုပ္ပါးဟု လည်း ပြောကြသည်။ ကျန်စစ်သားမင်းက ပုပ္ပါးတောင်ဘက် မှ လှံထောက်၍ ခုန် လိုက် သော အခါ လှံထောက်သော နေရာတိုင်းတွင် တောင်တိုင်းတွင် ဘုရားစေတီတော်များ တည်ထားကိုးကွယ်ခဲ့ခြင်းဖြစ်ကြောင်း၊ ရှမ်း ပုပ္ပါးတောင်ဘုရား ဖြစ်လာကြောင်း ဒေသခံ တစ်ဦး ဆိုသည်။ နန်းပလန် ဘုရားမှာလည်း ရှေးဟောင်းဘုရားဖြစ်ကြောင်း ဆိုသည်။
ကမ္ဘာ့မှတ်တမ်းတွင် ဖော်ပြထားသော ဘော်ဆိုင်းမြို့
ဘော်ဆိုင်းမြို့ကို ရှမ်းဘာသာဖြင့် မော် ဆုံဟုလည်း ခေါ်ဝေါ်သည်။ မော်ဟူသော ဝေါဟာရမှာ ရှမ်းဘာသာဖြင့် ငွေသတ္တုဟု အဓိပ္ပာယ်ရသည်။ ထိုဒေသတွင် ငွေ၊ ခဲ စ သော သတ္တုများ ထွက်ရှိခြင်း ကြောင့် မော်ဆုံ ဟု ရှမ်းဘာသာဖြင့် ခေါ်ဝေါ်ရာမှ ဘော်ဆိုင်း ဟု မြန်မာသံဖြင့် ခေါ်ဝေါ်လာဟန် ရှိသည်။
သို့သော် ရှေးဟောင်းတို့အလိုမှာကား ရှေးရှေးက အလောင်းစည်သူမင်းကြီးသည် ဖောင်စကြာဖြင့် တိုင်းခမ်းလှည့်လည်တော် မူရာ၊ ထိုအရပ်သို့ရောက်လျှင် ဖောင်သည် ရှေ့မသွား၊ နောက်မဆုတ်ဘဲ ဆိုင်းငံ့နေသဖြင့် မင်းတရားကြီးသည် ယခုမြို့၏ တော်ဘက် တွင် ရွှေခြယ်မြ စသည်လက်ဝတ်ရတနာနှင့် တကွ အဖိုးတန်ရွှေငွေ ကျောက်သံပတ္တမြား တို့ကို ဌာပနာ၍ စေတီတစ်ဆူ တည်သည်။
ယခုအခါ ရွှေမြစည်းစေတီတော်ဟု ခေါ်သည်။ ထို့ပြင် ရေထွက်ကန်ကြီးရှိသော တောင်ပေါ်၌လည်း ဘုရားရှင်၏ ဓာတ်တော် မွေတော်များနှင့် အဖိုးထိုက်သော ရတနာများ ကို ဌာပနာ၍ စေတီတစ်ဆူ တည်ထားရာ၊ ယခုအခါ မွေတော်စေတီဟု ခေါ်သည်။ ယင်း သို့မင်းတရားကြီးသည် ထိုဒေသကို ချီးမြှင့် ပြီးနောက်၊ ထိုအရပ်၌ ဖောင်တော်ဆိုင်းသဖြင့် ဖောင်တော်ဆိုင်းအရပ်ဟု သမုတ်ခဲ့သည်။ ထို့ကြောင့် ဖောင်တော်ဆိုင်းဟု ခေါ်တွင်ခဲ့ရာ မှ ဖောင်ဆိုင်း၊ ထိုမှတစ်ဖန် ဘောင်ဆိုင်းဟု တွင်လာပြီး ဘော်ဆိုင်းဟု ရွေ့လျားလာသည် ဟု ဆိုသည်။
ဘော်ဆိုင်းမြို့ဖြစ်ပေါ်လာမည့် ဒေသ တွင် အလောင်းစည်သူခေတ် (မြန်မာသက္က ရာဇ် ၄၇၀ ကျော်ခန့်) အခါကပင် လူအနည်း အကျဉ်း ရှိနေပြီဟုဆိုသည်။ ဘော်၊ ငွေ၊ ခဲ စသော သတ္တုများ သယံဇာတဖြစ်ပေါ်နေ သဖြင့် ယင်းတို့ကို တူးဖော်၍ ရောင်းဝယ် ဖောက်ကား နေထိုင်ကြသည်။ မြန်မာ သက္က ရာဇ် ၇၈၈ (ခရစ်နှစ် ၁၄၂၆ ခုနှစ်) တွင် နန်း တက်သော မိုးညဋ္ဌင်းမင်းတရားကြီးသည် ထို ဒေသမှ ဘော်၊ ခဲတို့ထွက်ရှိ ကြောင်း ကြားသိ တော်မူသဖြင့် ဓာတုဗေဒပညာရပ်ကို ကျွမ်း ကျင်သော ဦးမူနွယ်နှင့် ဦးမူသီး ညီနောင် နှစ်ဦးအား ထိုဒေသသို့ သွားစေ၍ ထိုဒေသ၌ ဖွားစားအုပ်ချုပ်စေပြီးလျှင်၊ သတ္တုတွင်း များမှ တူးဖော်ရရှိသော ဘော်ငွေသားတို့ကို ဆက် သရန် အမိန့်တော်ဖြင့် စေလွှတ်သည်။
ထို့ကြောင့် ဦးမူနွယ်နှင့် ဦးမူသီး ညီ နောင်တို့ သားမယားအခြွေအရံနှင့် ထိုဒေသ သို့ရောက်လာသည်။ ညီနောင်နှစ်ဦးသည် တူးဖော်ရရှိသော သယံဇာတခဲရိုင်း၊ သတ္တုများ ကို ကျိုချက်ပြီးလျှင် ထုတ်ယူရရှိသော ဘော် ငွေသားတော်များကို မိုးညဋ္ဌင်းမင်းတရားထံ ဆက်သရသည်။ ဘော်ငွေများ ထွက်ရှိသဖြင့် ထိုနယ်ကို ဘော်တွင်းနယ်ဟုလည်း ခေါ်ဝေါ် ကြလေသည်။
ဦးမူနွယ်တို့ညီနောင်၏ ပြုပြင်အုပ်ချုပ် မှုကြောင့် ထိုဒေသသည် လူနေစည်ကား များ ပြားလာသည်။ ဦးမူနွယ်သည် ဘော်ဆိုင်း ဒေသကို အုပ်ချုပ်ပြီးလျှင်၊ ဦးမူသီးကမူ ဘော် ဆိုင်းမှ တောင်ဘက် ၉ မိုင်ခန့်အကွာရှိ ကျောက်ထပ်ဒေသကို အုပ်ချုပ်သည်။ ထို အခါမှစ၍ ထိုဒေသတို့သည် မြန်မာဘုရင်၏ လက်အောက်ခံ သီးခြားနယ်ဖြစ်ခဲ့သည်။
ဘော်ဆိုင်းမြို့
ဘော်ဆိုင်းသည် ပင်လယ်ရေမျက်နှာ ပြင်အထက် ပေပေါင်း ၄၃၇၀ ပေ မြင့်သဖြင့် တောင်ကြီးမြို့နီးပါး မြင့်မားသည်ကို တွေ့ရ သည်။ ဘော်ဆိုင်းသည် ရှမ်းပြည်တောင်ပိုင်းရှိ မြေလပ်ဒေသရှိ မြို့စားအုပ်ချုပ်သော မြို့ ငယ်လေးတစ်မြို့ဖြစ်ကာ အဓိကအားဖြင့် ဓနု၊ တောင်ရိုးနှင့် အခြား တိုင်းရင်းသားများ စုပေါင်းနေထိုင်ကြသည်။ မြန်မာ့ရိုးရာ သင်္ကြန်ကာလ အတက်နေ့ပြီးနောက် တိုင်း ရင်းသားရိုးရာ တာတက်ပွဲဖြစ်သော ဘုန်းကြီး ကျောင်းတက် ကန်တော့ခြင်းကို ဘော်ဆိုင်း ဒေသခံများ ပျော်ရွှင်စွာကျင်းပလေ့ရှိကြ သည်။
ဘော်ဆိုင်းဒေသခံများကို ညနေပိုင်း ကြည့်လိုက်လျှင် ခြေလက်များ မြေကြီးဖုန်မှုန့် များ ပေကျံနေမည်ကို မြင်တွေ့နိုင်ပါသည်။ အများစုမှာ သတ္တုတူးဖော်ရေး ကျင်းလုပ်သား များ ဖြစ်သောကြောင့် ပင်တည်း။ သူတို့သည် ငွေကြေးရရှိရန် အသက်ကိုရင်း၍ မွေးဝမ်း ကြောင်း ပြုလုပ်နေကြသူများလည်း ဖြစ်ပါ သည်။
ဘော်ဆိုင်းနယ်၏ အဓိကလုပ်ငန်းမှာ ဘော်ခဲသတ္တုတူးဖော်ရေး လုပ်ငန်းဖြစ်ကာ၊ စိုက်ပျိုးရေးလုပ်ငန်းများကိုလည်း လုပ် ကိုင်ကြပါသည်။ ရှမ်းပြည်နယ်ဓလေ့ ငါးရက် တစ်စျေးတွင် အပါအဝင် ဖြစ်၍ အနီးအနား မြို့များမှ လာရောက်ရောင်းချသဖြင့် ဘော် ဆိုင်းစျေးနေ့လည်း စည်ကားသည်။ တောင် ကြီးစျေးနေ့၏ စျေးလွန်တစ်ရက်နေ့မှာ ဘော် ဆိုင်းစျေးနေ့ ဖြစ်သည်။
ဘော်ဆိုင်း ရန်ကင်းတောင်၊ တောင်ပေါ် ဘုရားများအကြောင်းကို ယခင် ဘော်ဆိုင်း ဆောင်းပါးတွင် ရေးသားဖော်ပြခဲ့ဖူးပြီးဖြစ် သဖြင့် ချန်လှပ်ထားခဲ့ပါသည်။ ဘော်ဆိုင်း အနီးတဝိုက် ရှိ ရှေးဟောင်းစေတီတော် များ သမိုင်းမှတ်တမ်းလေးကို ယခုခရီးသွား ဆောင်းပါးလေးဖြင့် မှတ်တမ်းတင်နိုင်ခြင်း အတွက် ဝမ်းသာပီတိဖြစ်မိပါသည်။ ဆက် လက်၍ ဘော်ဆိုင်းနယ်၏ စိတ်ဝင်စားစရာ အကြောင်းအရာများကို လေ့လာသွားဦးမည် ဖြစ်ပါကြောင်းနှင့် ဘော်ဆိုင်းနယ်ကို သွား ရောက်လေ့လာနိုင်ရန်အတွက် ဘော်ဆိုင်း နယ် ရှေးဟောင်းစေတီတော်များ သမိုင်းမှတ် တမ်းကို ဖော်ပြလိုက်ရပါသည်။