တာချီလိတ်မြို့နယ်တွင် တရားမဝင် ဝင်ရောက်နေထိုင်သည့် တရုတ်နိုင်ငံသားလေးဦးကို လက်နက်၊ ခဲယမ်းများ၊ စကားပြောစက်များ၊ မူးယစ်ဆေးဝါးများ၊ တောရိုင်းတိရစ္ဆာန်များနှင့်အတူ ဖမ်းဆီးရမိ

တာချီလိတ်မြို့နယ်တွင် တရားမဝင် ဝင်ရောက်နေထိုင်သည့် တရုတ်နိုင်ငံသားလေးဦးကို လက်နက်၊ ခဲယမ်းများ၊ စကားပြောစက်များ၊ မူးယစ်ဆေးဝါးများ၊ တောရိုင်းတိရစ္ဆာန်များနှင့်အတူ ဖမ်းဆီးရမိ
Published 22 June 2024

တာချီလိတ်မြို့နယ်တွင် တရားမဝင် ဝင်ရောက်နေထိုင်သည့် တရုတ်နိုင်ငံသား လေးဦးအား လက်နက်၊ ခဲယမ်းများ၊ ဆက် သွယ်ရေးစကားပြောစက်များ၊ မူးယစ်ဆေး ၀ါးများ၊ တရားမဝင်လက်ဝယ်ထားရှိသည့် တောရိုင်းတိရစ္ဆာန်များနှင့်အတူ ဖမ်းဆီးရမိ ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ၂၀၂၄ ခုနှစ်၊ ဇွန် ၁၉ ရက် မွန်းလွဲ ၃ နာရီ ၂၀ မိနစ်ခန့်တွင် တာချီလိတ်မြို့ နယ်၊ ဝမ်ကျောက်လုံကျေးရွာရှိ ဒေါ်အီလာ ခမ်း (ဘ) ဦးအိုက်ဟုန် ပိုင်ဆိုင်သည့် ခြံအမှတ် (ဝကလ-၀၆၄)ရှိ ငါးကန်ဟောင်းနေရာ၌ တ ရုတ်နိုင်ငံသားများ တရားမဝင်ရောက်ရှိနေထိုင်လျက်ရှိကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက ဝင်ရောက်စစ်ဆေးခဲ့ ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာ အဆိုပါနေရာ၌ တ ရားမဝင် ရောက်ရှိနေထိုင်လျက်ရှိသည့် တ ရုတ်နိုင်ငံသား အန်းဟွေးပြည်နယ်၊ ရှန်ရင် တုန့်ပိုင်မြို့နေ ရှောက်ဟူ (၃၄) နှစ် (ဘ) ဝမ်း လိ၊ ဖူးကျန့်ပြည်နယ်၊ လုံးရမ်မြို့နေ လောင် ရောင်း (၄၅) နှစ် (ဘ) လောင်ဖိန်း၊ ဟူနန် ပြည်နယ်၊ ဟိန်းရမ်မြို့နေ လောက်လျိုး (၃၄)နှစ် (ဘ) လျှိုးရှင်းယုံနှင့် ကွေ့ကျုံးပြည်နယ်၊ အန်းစွင့်မြို့နေ အားဖိန်း (၂၈) နှစ်  (ဘ) အား ကျင်းတို့ လေးဦးအား MK 12 အမျိုးအစား သေနတ် တစ်လက်၊ ၎င်းကျည်အိမ် တစ်ခု၊ ကျည် ၁၀ တောင့်၊ M 16 အမျိုးအစားသေနတ် တစ်လက်၊ ၎င်းကျည်အိမ် တစ်ခု၊ ကျည် ၁၉ တောင့်၊ CZ 512 အမျိုးအစားသေနတ် တစ် လက်၊ ၎င်းကျည်အိမ် တစ်ခု၊ ပွိုင့် ၂၂ ကျည် ၉၁ တောင့်၊  Glock – 19 ပစ္စတိုသေနတ် တစ်လက်၊ ၎င်းကျည်အိမ် တစ်ခု၊ ကျည်ရှစ် တောင့်၊ ှငါ sig sauer ပစ္စတိုသေနတ် နှစ်လက်၊ ၎င်းကျည်အိမ် နှစ်ခု၊ ကျည် ၂၁ တောင့်၊ ဆက်သွယ်ရေး စကားပြောစက် ရှစ်လုံး၊ ကတ်တ မင်း ၁၅၀ ဂရမ်ခန့်၊ မူးယစ်ဆေးဝါးမွှေစက် တစ်လုံးနှင့် တရားမဝင်လက်ဝယ်ထားရှိသည့် တောရိုင်းတိရစ္ဆာန် ခြင်္သေ့တစ်ကောင်၊ ကျား တစ်ကောင်၊ ဝက်ဝံနှစ်ကောင်တို့နှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဖမ်းဆီး ရမိသည့် တရုတ်နိုင်ငံသား လေးဦးနှင့် ၎င်းတို့ အား တရားမဝင်နေထိုင်ခွင့်ပြုထားသူ ခြံပိုင် ရှင်  ဒေါ်အီလာခမ်း (ဘ) ဦးအိုက်ဟုန်တို့အား တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင် ရွက်နိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက် လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent