တိုက်ပွဲများကို ချက်ချင်းရပ်တန့်ရန် တောင်းဆိုပြီး မရပ်တန့်ပါက ဖြစ်ပေါ်လာသည့် အကျိုးဆက်များကို တာဝန်ယူရမည်ဟု တရုတ်က TNLA အား  စာပို့ သတိပေး

တိုက်ပွဲများကို ချက်ချင်းရပ်တန့်ရန် တောင်းဆိုပြီး မရပ်တန့်ပါက ဖြစ်ပေါ်လာသည့် အကျိုးဆက်များကို တာဝန်ယူရမည်ဟု တရုတ်က TNLA အား  စာပို့ သတိပေး
Published 30 August 2024

တအာင်းအမျိုသားလွတ်မြောက်ရေး တပ်မတော်(TNLA)အနေဖြင့် တိုက်ပွဲများကို ချက်ချင်းရပ်တန့်ရန် တောင်းဆိုပြီး မရပ်တန့်ပါက ဖြစ်ပေါ်လာသည့် အကျိုးဆက်များကို တာဝန်ယူရမည်ဟု တရုတ်နိုင်ငံ ရွှေလီမြီု့ နိုင်ငံတော်လုံခြုံရေးကော်မတီက TNLA ထံ သြဂုတ် ၂၉ ရက်က စာပေးပို့ခဲ့ကြောင်း သိရသည်။

အဆိုပါတရုတ်နိုင်ငံက ပေးပို့သည့်စာတွင် မြန်မာ-တရုတ်နိုင်ငံဘက်ခြမ်းတွင် တရုတ် နိုင်ငံအနေဖြင့် စစ်ရေးလေ့ကျင့်မှုပြီးဆုံးတော့မည်ဖြစ်ပြီး TNLA သည် တိုက်ပွဲများကို ချက်ချင်းရပ်တန့်ကာ မြန်မာမြောက်ပိုင်းနှင့် တရုတ်-မြန်မာ နယ်စပ်ဒေသများတွင် အေးချမ်းတည်ငြိမ်မှုကို ထိန်းသိမ်းရန် တရုတ်နိုင် ငံနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု မျှော်လင့်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် TNLA အနေဖြင့် တရုတ်နယ်စပ်ဒေသ၊ နယ်စပ်အရပ်သူအရပ်သားများနှင့် မြန်မာပြည်တွင်းရှိတ ရုတ်ပြည်သား၊လုပ်ငန်းများနှင့်သက်ဆိုင်သောလုံခြုံမှုများကို အာမခံပေးရန် တရုတ်နိုင်ငံ၏နယ်စပ်ဒေသ အေး ချမ်းတည်ငြိမ်ရေးနှင့် တရုတ်နိုင်ငံသားအသက်၊ ပစ္စည်းဥစ္စာလုံခြုံရေးကို ထိခိုက်စေပြီး အန္တရာယ်ရှိ စစ်ရေးအပြုအမူကိုပပျောက် အောင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သို့မဟုတ်ပါက တရုတ်နိုင်ငံအနေဖြင့် TNLA  အပေါ်ကြောက်ရွံ့ကျိုးနွံ့ခြင်းနှင့် ဆုံးမသွန်သင်နည်းလမ်းများကို ပိုမိုလုပ်ဆောင်မည်ဖြစ်ပြီး ဖြစ် ပေါ်သည့်အကျိုးဆက်များအားလုံးကို TNLA  အဖွဲ့ကိုယ်တိုင်တာဝန်ယူရမည်ဖြစ်ကြောင်း ရွှေလီမြို့ နိုင်ငံတော်လုံခြုံရေးကော်မတီ၏စာတွင် ဖော်ပြထားသည်။

TNLA အနေဖြင့် အခြေအနေကိုရှင်းရှင်းလင်းလင်းနားလည်ပြီး တရုတ်နိုင်ငံနှင့် အတူငြိမ်းချမ်းရေးမြှင့်တင်ရန် ကြိုးပမ်းဆောင်ရွက်ပြီး ကွဲလွဲမှုများကိုညှိနှိုင်းဖြေရှင်းရန်အတွက် မှန်ကန်သောလမ်းကြောင်းသို့ အမြန်ဆုံးပြန်လာမည်ဟုမျှော်လင့်ကြောင်းနှင့် ယင်းအခြေခံပေါ်တွင် တရုတ်နိုင်ငံသည် အပြုသဘောဆောင်သောအခန်းကဏ္ဍမှ ဆက်လက်ပါဝင်၍မြန်မာနိုင်ငံမြောက်ပိုင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကိုကူညီမည်ဖြစ် ကြောင်း တရုတ်နိုင်ငံက ဆိုသည်။

ထို့အတူ တရုတ်နိုင်ငံအနေဖြင့် TNLA အတွက ်သင့်လျော်သည့် တရားဝင်အခွင့် အရေးများနှင့် အကျိုးစီးပွားများကိုရရှိစေရန်၊ ကျန်းမာစွာနေထိုင်ဖွံ့ဖြိုးရေးအကောင်အထည်ဖော်ဆောင်ရန် ကူညီပေးမည်ဖြစ်ကြောင်းနှင့်  မည်သည့်နေရာမည်သည့်ဒေသရောက်ရောက် တရုတ်နိုင်ငံကစောင့်မျှော် ကြည့်ရှုရမည်ဖြစ်ကြောင်း ရွှေလီမြို့ နိုင်ငံတော်လုံခြုံရေးကော်မတီကပေးပို့သည့်စာတွင် ဖော်ပြပါရှိသည်။

တရုတ်နိုင်ငံ၏ ပေးပို့စာနှင့်ပတ်သက်၍ TNLA အဖွဲ့က တစ်စုံတစ်ရာ တုံ့ပြန်ခြင်းမရှိသေးသည်ကို တွေ့ရသည်။

လက်ရှိတွင် TNLA အဖွဲ့သည် နောင်ချိုမြို့နယ်ရှိ တပ်မတော်၏ အမြောက်တပ် စခန်းကို တိုက်ခိုက်လျက်ရှိသဖြင့် တပ်မတော်နှင့်  TNLA အကြား တိုက်ပွဲများ ဖြစ်ပွားနေဆဲဖြစ်သည်။

TNLA အဖွဲ့သည် ၂၀၂၃ ခုနှစ်အောက်တိုဘာ ၂၇ ရက်တွင် မြောက်ပိုင်း မဟာမိတ်အဖွဲ့များနှင့်ပူးပေါင်းကာ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများဖော်ဆောင်ခဲ့ပြီး ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ မြို့များအပါအဝင် မြို့အချို့ကိုသိမ်းယူခဲ့သည်။

ထို့နောက် တရုတ်နိုင်ငံက ရှမ်းမြောက်တိုက်ပွဲများအား နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးကို ထိန်းသိမ်းရန်နှင့် အမြန်ဆုံးအပစ်အခတ်ရပ်စဲပြီး နှစ်ဖက်တွေ့ဆုံဆွေးနွေးရန် တိုက်တွန်းခဲ့ပြီးနောက် ၎င်းင်းတို့၏ကြားဝင်ဆောင်ရွက်မှုဖြင့် နစက၏ကိုယ်စားလှယ်အဖွဲ့နှင့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့တို့သည် တွေ့ ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ၂၀၂၄ ဇန်နဝါရီလအတွင်း ဟိုင်ဂင်သဘောတူညီချက်ဖြင့် အပစ်အခတ်ရပ်စဲရေးပြုလုပ်ထားခဲ့သည်။

သို့သော် ၂၀၂၄ ခုနှစ် ဇွန်လကုန်ပိုင်း တွင် ၁၀၂၇ စစ်ဆင်ရး ဒုတိယပိုင်းပြန်စသည် ဆိုကာ TNLA နှင့်  MDY PDF များပူးပေါင်း မိုးကုတ် နောင်ချို ကျောက်မဲ၊ မိုးမိတ်၊ စဉ့်ကူး၊ မတ္တရာ၊ သီပေါမြို့များတွင်လည်း ကောင်း၊ MNDAA အဖွဲ့က ဇူလိုင် ရက်မှ စတင်၍ လားရှိုးမြို့အနီးတဝိုက်တွင် လည်းကောင်း တိုက်ပွဲများဖော်ဆောင်ခဲ့ပြီး မြို့သိမ်း ယူမှုများပြုလုပ်ခဲ့သည်။

ထို့နောက် တရုတ်နိုင်ငံက မြန်မာ့တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့များ တရုတ်နိုင်ငံတွင် ဟိုင်ဂင်ဆွေးနွေးပွဲထပ်မံ ပြုလုပ်ရန် စီစဉ်ခဲ့သော်လည်း မြန်မာ့တပ်မတော်ဘက်မှ အဆိုပါဆွေးနွေးပွဲကို တက် ရောက်ခြင်းမရှိခဲ့ပေ။

ထို့အတူ အခြားတစ်ဖက်တွင်လည်း မြန်မာ့တပ်မတော်က ယင်းဒေသများတွင် လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်ပြု လုပ်ခဲ့သဖြင့် MNDAA ၊ TNLA၊ AA မြောက်ပိုင်းသုံးဖွဲ့က ၎င်းင်းတို့ထိန်းချုပ်ရယူထား သည့်နေရာများတွင် တပ်မတော်က လေကြောင်းတိုက်ခိုက်မှုများနှင့်ပတ်သက်၍ ဟန့်တားပေးရန် တရုတ်နိုင်ငံအား အဓိကထားပြီး နိုင်ငံတကာမိသားစုများအားလုံးကို ယုံကြည်အားကိုးစွာဖြင့် တောင်းဆိုကြောင်း သြဂုတ် ရက်စွဲဖြင့် ထုတ်ပြန်သည်။

တရုတ်ကွန်မြူ နစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ သည် နေပြည်တော်သို့ သြဂုတ် ၁၄ ရက်က လာရောက်ခဲ့ပြီး  နစကဥက္ကဋ္ဌနှင့် တွေ့ဆုံရာ တွင် တရုတ်နိုင်ငံအနေ ဖြင့် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲ မှုကို အခိုင်အမာထောက်ခံပြီး ရှမ်းပြည်နယ်မြောက်ပိုင်းတွင် EAO အဖွဲ့ များ၏ တိုက်ခိုက်မှုဖြစ်စဉ်များကို ဆန့်ကျင် ကြောင်း ထည့်သွင်းပြောကြားမှုရှိခဲ့သည်။

               

Most Read

Most Recent