■ မိမိသည် အသင်းကစားသမားဖြစ်ပြီး အသင်းလိုက်ကစားရသည်ကို နှစ်သက်သူဖြစ်ကြောင်း မယ်ရီနို ဆို     

■ မိမိသည် အသင်းကစားသမားဖြစ်ပြီး အသင်းလိုက်ကစားရသည်ကို နှစ်သက်သူဖြစ်ကြောင်း မယ်ရီနို ဆို     
Published 30 August 2024

အာဆင်နယ်ကွင်းလယ်ကစားသမားသစ် မယ်ရီနိုက မိမိသည် အသင်းကစားသမားဖြစ်ပြီး အသင်းလိုက်ကစားရသည်ကို နှစ်သက်သူဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

ပြီးခဲ့သည့် (၂) ရာသီဆက်တိုက် ပရီးမီးယားလိဂ်တွင် ဒုတိယနေရာဖြင့်သာ ကျေနပ်ခဲ့ရသည့် အာဆင်နယ်အသင်းသည် ကွင်းလယ်တွင် ဒက်ကလန်ရိုက်နှင့် တွဲဖက်ကစားရန်အတွက် ဆိုစီဒက်အသင်းမှ စပိန်ကွင်းလယ်အဖျက်ကစားသမား မယ်ရီနိုအား ခေါ်ယူခဲ့ခြင်းဖြစ်သည်။ 

မယ်ရီနိုက ၎င်းသည် အလုပ်ကြိုးစားသူဖြစ်ပြီး အသင်းနှင့်အတူ ကစားရသည်ကို ကြိုက်နှစ်သက်သူဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ 

"ကျွန်တော်ဟာ ငယ်ငယ်ကတည်းက ဘောလုံးကို ရယူဖို့ အမြဲတိုက်ပွဲဝင်နေသူပါ။ ဘောလုံးယှဉ်လုရာမှာ အနိုင်ရတာ ရှိသလို၊ အနိုင်မရတဲ့အခါမျိုးလည်း ရှိပါတယ်။ ကျွန်တော့်အနေနဲ့ တစ်ဦးချင်း ဘောလုံးယှဉ်လုမှုတိုင်းမှာ အနိုင်ရမယ်လို့ ကတိမပေးနိုင်ပါဘူး။ ဒါပေမဲ့ ပြိုင်ဘက်နဲ့ ဘောလုံးယှဉ်လုချိန်တိုင်းမှာ အနိုင် ရအောင် (၁၀၀) ရာခိုင်နှုန်း ကြိုးစားသွားမှာကိုတော့ ကတိပေးနိုင်ပါတယ်။ ကျွန်တော့်ကို ကျွန်တော် အလုပ်ကြိုးစားသူလို့ ထင်ပါတယ်။ ကျွန်တော်ဟာ ဘောလုံးကိုင်ထားချိန်မှာရော၊ ဘောလုံးမရှိတဲ့အချိန်မှာပါ အသင်းနဲ့အတူ ကစားရတာကို နှစ်သက်သူပါ"ဟု မယ်ရီနိုက ပြောကြားခဲ့သည်။ 

မယ်ရီနိုသည် အာဆင်နယ်အသင်းတွင် ကျောနံပါတ် (၂၃) ကို ဝတ်ဆင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။ 

Most Read

Most Recent