■ နာပိုလီသို့ ယူရိုသန်း(၃၀)ဖြင့် ပြောင်းရွှေ့ခဲ့ပြီးနောက် လူကာကူ၏ စုစုပေါင်းပြောင်းရွှေ့ကြေးတန်ဖိုး ယူရို(၃၆၉)သန်းအထိ ရှိလာ     

■ နာပိုလီသို့ ယူရိုသန်း(၃၀)ဖြင့် ပြောင်းရွှေ့ခဲ့ပြီးနောက် လူကာကူ၏ စုစုပေါင်းပြောင်းရွှေ့ကြေးတန်ဖိုး ယူရို(၃၆၉)သန်းအထိ ရှိလာ     
Photo: X
Photo: X
Published 30 August 2024

ဘယ်လ်ဂျီယံတိုက်စစ်မှူး လူ ကာကူသည် ချယ်လ်ဆီးအသင်းမှ နာပိုလီအသင်းသို့ ယူရိုသန်း(၃၀)ဖြင့် ပြောင်းရွှေ့ခဲ့ပြီးနောက် ကစားသ မားဘဝတစ်လျှောက် ၎င်းင်း၏စုစု ပေါင်း ပြောင်းရွှေ့ကြေးတန်ဖိုးမှာ ယူ ရို (၃၆၉)သန်းအထိ ရှိလာခဲ့ကြောင်း သိရသည်။

    

လူကာကူ(၃၁ နှစ်)သည် ပ ရော်ဖက်ရှင်နယ်ကစားသမားဘဝကို အန်ဒါလက်ချ်အသင်းတွင် စတင်ခဲ့ ပြီး ချယ်လ်ဆီး၊ အဲဗာတန်၊ မန်ယူ၊ အင်တာမီလန်၊ နာပိုလီ စသဖြင့် အသင်းများစွာထံ ပြောင်းရွှေ့ကစားခဲ့သည်။ 

၎င်းအနေဖြင့် အငှားဖြင့် ပြောင်းရွှေ့ကစားခဲ့သည့် ကလပ်အ သင်းများကိုပါ ထည့်တွက်ပါက ကလပ်အသင်း(၉)သင်းတွင် ကစားသူ အဖြစ် မှတ်တမ်းဝင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။ 

လူကာကူသည် အဲဗာတန်မှ မန်ယူ၊ မန်ယူမှ အင်တာမီလန်၊ အင်တာမီလန်မှ ချယ်လ်ဆီးသို့ ပြောင်းရွှေ့ခဲ့ရာတွင် တန်ဖိုးကြီးမား သည့် ထိပ်တန်းပြောင်းရွှေ့ကြေးများ ဖြင့် ပြောင်းရွှေ့ခဲ့သောကြောင့် ၎င်း၏ ကစားသမားဘဝတစ်လျှောက် စုစုပေါင်းပြောင်းရွှေ့ကြေးတန်ဖိုးမှာ ယူ ရို(၃၆၉)သန်းအထိ ရှိလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    

ချယ်လ်ဆီးအသင်းသည် လူကာကူကို ၂၀၂၆ ခုနှစ်အထိ စာချုပ် ချုပ်ဆိုထားသော်လည်း အသင်းတွင် ပြန်လည်အခွင့်အရေးပေးလို ခြင်းမရှိတော့သည့်အတွက် နာပိုလီအသင်းထံ ယူရိုသန်း(၃၀)ဖြင့် အပြီး သတ်ရောင်းထုတ်ခဲ့ခြင်းဖြစ်သည်။ 



နာပိုလီအသင်းက ၎င်းကို ၂၀၂၇ ခုနှစ်အထိ (၃)နှစ်စာချုပ် ချုပ်ဆိုခဲ့ ကြောင်း သိရသည်။ 

Most Read

Most Recent