ပရိသတ်(၆၀၀၀၀)ကျော်သာ ဝင်ဆံ့သည့် အီမရိတ်စ်ကွင်းကို တိုးချဲ့တည်ဆောက်ရန် အာဆင်နယ်အသင်းတာဝန်ရှိသူများ စဉ်းစားနေ

ပရိသတ်(၆၀၀၀၀)ကျော်သာ ဝင်ဆံ့သည့် အီမရိတ်စ်ကွင်းကို တိုးချဲ့တည်ဆောက်ရန် အာဆင်နယ်အသင်းတာဝန်ရှိသူများ စဉ်းစားနေ
Photo: Getty Images
Photo: Getty Images
Published 2 August 2024

အာဆင်နယ်အသင်းတာဝန်ရှိသူများသည် အီမရိတ်စ်ကွင်းကို တိုးချဲ့တည်ဆောက်ရန် စဉ်းစားနေကြောင်း သိရသည်။

အာဆင်နယ်အသင်းသည် အီမရိတ်စ်ကွင်းကို ၂၀၀၆ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ပရိသတ်(၆)သောင်းကျော် ဝင်ဆံ့သည့်ကွင်းအဖြစ်  ရပ်တည်လျက်ရှိသည်။

သို့သော် လက်ရှိအချိန်တွင် ပရိသတ်များ၏ လက်မှတ်ဝယ်လိုအား မြင့်တက်လာခြင်းနှင့် နည်းပညာခေတ်၏ တောင်းဆိုမှုများ ရှိလာခြင်းကြောင့် တာဝန်ရှိသူများက အသင်းကို ခေတ်မီအဆင့်မြင့်ကွင်းအဖြစ် တိုးချဲ့တည်ဆောက်ရန် စဉ်းစားလာခြင်းဖြစ်ကြောင်း သိရသည်။

အာဆင်နယ်အသင်းသည် ကွင်းအမိုးထည့်သွင်းခြင်းနှင့် ကြီးမားသည့် ရုပ်သံပြစက် ထည့်သွင်းခြင်းများကို ပြုလုပ်ခဲ့ပြီးဖြစ်သော်လည်း ပရိသတ်များက ပြိုင်ဘက်အသင်းများနည်းတူ အဆင့်မြင့်ကွင်းတစ်ကွင်းအဖြစ် မြင်တွေ့ရစေရန် လိုလားနေကြောင်း သိရသည်။

ယင်းအခြေအနေနှင့် ပတ်သက်၍ အာဆင်နယ်အသင်း၏ ပူးတွဲဥက္ကဋ္ဌတစ်ဦးဖြစ်သူ ဂျို့ရှ်ကရွန်ကီက ''ကွင်းတိုးချဲ့ဖို့အတွက် ကျွန်တော်တို့ ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်နေပါတယ်။ လွယ်ကူတဲ့အရာမဟုတ်ပေမဲ့ ဖြစ်နိုင်ခြေရှိတဲ့အရာတွေ ကို ကျွန်တော်တို့ စဉ်းစားနေပါတယ်။ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ကတော့ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် အမြဲတမ်းပြိုင်ဆိုင်နိုင်ဖို့ပါ''ဟု ပြောကြားခဲ့သည်။

အာဆင်နယ်အသင်းသည် လာမည့်ရာသီ၌် ပရီးမီးယားလိဂ်ချန်ပီယံဆုရရှိရန် ဒုတိယရေပန်းအစားဆုံးဖြစ်နေသည်။

Most Read

Most Recent