သြဂုတ်လအတွက် ဆန်ကြမ်းစျေး တစ်အိတ်လျှင် ကျပ် ၆၈၀၀၀ မှ ၈၀၀၀၀ ကြားနှင့် ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ကျပ် ၁၄၀၀၀၀ မှ ၁၄၅၀၀၀ ကြား သတ်မှတ်ထားပြီး ယင်းအပေါ် ရှစ်-ရာခိုင်နှုန်းထက် ပို၍ရောင်းချခြင်းမပြုရန် အသိပေး

သြဂုတ်လအတွက် ဆန်ကြမ်းစျေး တစ်အိတ်လျှင် ကျပ် ၆၈၀၀၀ မှ ၈၀၀၀၀ ကြားနှင့် ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ကျပ် ၁၄၀၀၀၀ မှ ၁၄၅၀၀၀ ကြား သတ်မှတ်ထားပြီး ယင်းအပေါ် ရှစ်-ရာခိုင်နှုန်းထက် ပို၍ရောင်းချခြင်းမပြုရန် အသိပေး
MRF မှ ဆန်များ ရောင်းချပေးနေမှုကို တွေ့ရစဉ်(ဓာတ်ပုံ-ကြည်နိုင်)
MRF မှ ဆန်များ ရောင်းချပေးနေမှုကို တွေ့ရစဉ်(ဓာတ်ပုံ-ကြည်နိုင်)
Published 1 August 2024

သြဂုတ်လအတွက် သင့်တင့်မျှတသော ဆန်စျေးနှုန်းထုတ်ပြန်ထားပြီး ဆန်ကြမ်းအုပ်စုအတွက် တစ်အိတ်လျှင် ကျပ် ၆၈၀၀၀ မှ  ၈၀၀၀၀ ကြားနှင့် ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် ကျပ် ၁၄၀၀၀၀ မှ ၁၄၅၀၀၀ ကြား သတ်မှတ်ထားကာ ယင်းစျေးနှုန်းအပေါ်  ၈ ရာခိုင်နှုန်းထက်ပို၍ရောင်းချခြင်းမပြုရန် စားသုံးသူရေးရာဦးစီးဌာနက အသိပေးချက်ထုတ်ပြန်ထားသည်။

ပြည်ပတင်ပို့သည့် ဆန်ကြမ်းအုပ်စုဖြစ်သည့် (ဧည့်မထ/ငစိန်)၊ ဆင်းသုခ၊သီးထပ်ယဉ်၊ရတနာတိုး၊ ငစိန်ရာကျော်၊ ကရင်မ၊ ထွန်းပု၊GW-၁၁၊ စောရှုပ်၊ ၇၄၇၊ သီးပု၊ ရွှေမန်းစသော ဧည့်မထ/ငစိန် အုပ်စုဝင်ဆန် ကြမ်းများအတွက် ၁၀၈ ပေါင်/ ၂၄ ပြည်  ဆန်တစ်အိတ်လျှင် ကျပ် ၆၈၀၀၀ မှ ကျပ် ၈၀၀၀၀ ကြား သတ်မှတ်ထားသည်။

ပြည်ပတင်ပို့ခြင်းနှင့် ပြည်တွင်းစားသုံးမှုရှိသည့် ဆန်အုပ်စုဖြစ်သည့် ဇီယာ၊ငွေတိုး၊ မင်းဧရာ၊နှံကောက်၊နွေ-မနောသုခစသည်ပတို့အား တစ်အိတ်လျှင် ကျပ် ၈၇၀၀၀ သတ်မှတ်ထားသည်။

ဧရာဝတီ၊ပဲခူး၊ ရန်ကုန်တိုင်းဒေသကြီးမှထွက်သည့် စားသုံးမှုအရည်အသွေးကောင်းမွန်သော ပြည်တွင်းစားသုံးဆန်များဖြစ်သည့် ဧရာမင်း၊ အညာသား၊ပခန်းဆန်များ၊ မှော်ဘီ-၂၊မှော်ဘီ-၃၊ ဖန်သီးသုခ၊လုံးသွယ်မွှေးဆန်အတွက် တစ်အိတ်လျှင် ကျပ် ၉၈၀၀၀ သတ်မှတ်ထားသည်။

မန္တလေး၊မကွေး၊စစ်ကိုင်း၊နေပြည်တော်နှင့် မြန်မာနိုင်ငံအထက်ပိုင်းမှထွက်သည့် အရည်အသွေးအထူးကောင်းမွန်သည့် ဆန်များဖြစ်သည့် ဧရာမင်း၊ ဧရာပဒေသာ၊ မဂျမ်းတောဆန်များအတွက် တစ်အိတ်လျှင် ကျပ် ၁ဝဝဝဝဝမှ ၁၃၀၀၀၀ ကြားသတ်မှတ်ထားသည်။

ဧရာဝတီပေါ်ဆန်းဆန်များအတွက် ပထမတန်း(အဆင့်မြင့်)ဆန်တစ်အိတ်လျှင်  ကျပ် ၁၂၀၀၀၀၊ ဒုတိယတန်း တစ်အိတ်လျှင် ကျပ် ၁၁၅၀၀၀ မှ ၁၃၀၀၀၀ ကြားသတ်မှတ်ထားသည်။ ပေါ်ဆန်းအုပ်စုဖြစ်သည့် ခွံနီ/ ပေါ်ကျွဲ တစ်အိတ်လျှင် ကျပ်၁၁၀၀၀၀၊ ဘေးကြား/ ကြားပျံတစ်အိတ်လျှင် ကျပ် ၁၃၀၀၀၀ သတ်မှတ်ထားသည်။

ရွှေဘိုပေါ်ဆန်းအတွက် ပထမတန်း(အဆင့်မြင့်)တစ်အိတ်လျှင် ကျပ် ၁၄၅၀၀၀၊ ဒုတိယတန်းတစ်အိတ်လျှင် ကျပ် ၁၄၀၀၀၀ သတ်မှတ်ထားသည်။

စျေးကွက်အတွင်း ထုတ်လုပ်ရောင်းချမှု အနည်းငယ်သာရှိသည့် ရှမ်းဆန်များ၊ ကောက်ညှင်းဆန်များ၊ ရေကြည်ပေါ်ဆန်း၊ ဘာစမာတီဆန်၊ နမာ့သလေးဆန်၊ ခေါက်နမ်းခမ်းဆန်၊ ဆန်နီ၊ ဆန်ညို(Rice Berry)၊ပေါင်းဆန်၊ စံပယ်ဆန်မွှေး(Jasmine) အစရှိသော အမြောက်အများ ထုတ်လုပ်မှုမရှိသည့် ဆန်အမျိုးအစားများကို စျေးနှုန်းထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြခြင်း မရှိပေ။

စျေးကွက်အတွင်းရောင်းချရာတွင် အထက်ဖော်ပြပါ သင့်တင့်မျှတသော ရည်ညွှန်းစျေးများအပေါ် ၈ ရာခိုင်နှုန်း ထက်ပို၍ ရောင်းချခြင်း မပြုရန်ဖြစ်သည်။

အထက်ပါ သင့်တင့်မျှတသော စျေးကွက်စျေးနှုန်းတွက်ချက်မှုများမှာ အောက်ပါအချက်များကို အခြေခံ၍ ညှိနှိုင်းဆောင် ရွက်ခြင်းဖြစ်သည်-(က)စိုက်ပျိုးသူ တောင်သူများ၊ ဆန်စက်လုပ်ငန်းများ၊ သို လှောင်ဖြန့်ဖြူးရောင်းချသူများနှင့် စားသုံးသူပြည်သူများအတွက် သင့်တင့်မျှတသော ဆန်စျေးနှုန်းဖြစ်စေရန် ထည့်သွင်းစဉ်းစားမှု(ခ)ယခင်နှစ်စျေးနှုန်းများ၊ နိုင်ငံတကာ စျေးနှုန်းများ၊ ပြည်တွင်းစျေးကွက်ရှိ အခြား ကုန်စျေးနှုန်းများနှင့် ချင့်ချိန်ဆက်စပ် တွက်ချက်ထားခြင်းဖြစ်သည်။

ဝယ်ယူရန်အခက်အခဲရှိပါက မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF)သို့ ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် သင့်တင့်မျှတသော စျေးနှုန်းများနှင့်ရောင်းချခြင်းမပြုသော အခြေအနေများကို သိရှိပါက စားသုံးသူ ရေး ရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအ သင်းချုပ်တို့ထံ အသိပေးတိုင်ကြားနိုင်ကြောင်း သိရသည်။

Most Read

Most Recent