Newtopia ဇွန်ဘီးဒရာမာဇာတ်လမ်းတွဲတွင် ဂျီဆူး ပါဝင်

Newtopia ဇွန်ဘီးဒရာမာဇာတ်လမ်းတွဲတွင် ဂျီဆူး ပါဝင်
Photo: Soompi
Photo: Soompi
Published 1 August 2024

အသစ်ထုတ်လွှင့်ပြသမည့် ဇွန်ဘီးဒရာမာရုပ်သံဇာတ်လမ်းတွဲ Newtopia တွင်ဂျီဆူးက မင်းသားပတ်ဂျောင်မင်နှင့် တွဲဖက်သရုပ်ဆောင်ထားသည်။

Deliver Us From Evil ၊ Smugglers  စသည့်ရုပ်ရှင်ကားများဖြင့် သရုပ်ဆောင်ပိုင်နိုင်ခဲ့သည့် ပတ်ဂျောင်မင်က Newtopia တွင် စစ်သားလီဂျယ်ယွန်းအဖြစ် ၊ Blackpink အဖွဲ့ဝင်ဂျီဆူးက ၎င်း၏ချစ်သူယောင်ဂျူးအဖြစ် မြင်ရမည်။ဇာတ်လမ်းပုံစံက ဇွန်ဘီးများလွှမ်းမိုးသွားသည့် ဆိုးလ်မြို့တွင် ချစ်သူနှစ်ဦး တစ်ဦးကိုတစ်ဦးလိုက်ရှာကြပုံကို ရိုက်ကူးထားသည်။

Newtopia ဇာတ်လမ်းတွဲကို ၂၀၂၅ ခုနှစ်တွင် ထုတ်လွှင့်ပြသမည်။ဇာတ်ညွှန်းပူးတွဲရေးသူ ဟန်ဂျင်ဝန်က Parasite ဇာတ်ကားတွင် ဒါရိုက်တာဘွန်ဂျွန်ဟိုနှင့်လက်တွဲခဲ့သူ ဖြစ်သည်။

ဂျီဆူးသည် ဂီတနယ်ပယ်တွင်သာမက သရုပ်ဆောင်နယ်ပယ်မှာပါ နေရာရထားပြီ ဖြစ်သည်။၎င်းသည် ၂၀၁၅ ခုနှစ်ကပြသသည့် The Producers ဇာတ်လမ်းတွဲတွင် ဧည့်သည်သရုပ်ဆောင်အဖြစ် ရုပ်ရှင်ဘက်သို့စတင်ခြေ ချခဲ့ပြီး JTBC ရုပ်သံမှပြသည့် Snowdrop ဇာတ်လမ်းတွဲတွင် အဓိကနေရာမှ ပါလာခဲ့ သည်။ယင်းဇာတ်လမ်းတွဲသည် ခေါင်းဆောင် မင်းသမီးနေရာမှ ဂျီဆူးပထမဆုံးရိုက်ထားသည့် ဇာတ်လမ်းတွဲဖြစ်သည်။၂၀၂၃ ခုနှစ် ၊ မတ်တွင် ME အယ်လ်ဘမ်ထွက်လာသည်။  ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီတွင် အောင်မြင်မှုကို နောက်တစ်လှမ်းတိုးသည့်အနေဖြင့်  Blissoo ကိုယ်ပိုင်အေဂျင်စီကို ထူထောင်လိုက်သည်။

Most Read

Most Recent