ဘေရွတ်နှင့် တီဟီရန်တို့၌ လုပ်ဆောင်ခဲ့သော တိုက်ခိုက်မှုများက တင်းမာမှုများကို အထောက်အကူမပြုဟု အိမ်ဖြူတော် ပြောကြား

ဘေရွတ်နှင့် တီဟီရန်တို့၌ လုပ်ဆောင်ခဲ့သော တိုက်ခိုက်မှုများက တင်းမာမှုများကို အထောက်အကူမပြုဟု အိမ်ဖြူတော် ပြောကြား
သတင်းစာရှင်းလင်းပွဲ၌ ဂျွန်ကာဘီ ရှင်းလင်းပြောကြားနေပုံကို ဇူလိုင် ၃၁ ရက်တွင် တွေ့ရစဉ်(Photo: AFP)
သတင်းစာရှင်းလင်းပွဲ၌ ဂျွန်ကာဘီ ရှင်းလင်းပြောကြားနေပုံကို ဇူလိုင် ၃၁ ရက်တွင် တွေ့ရစဉ်(Photo: AFP)
Published 1 August 2024

ဘေရွတ်တွင် ဟစ်ဇဘိုလာတပ်မှူးကြီး သေဆုံးသွားခဲ့သည့် အစ္စရေးတိုက်ခိုက်မှုနှင့် တီဟီရန်၌ ဟားမာ့စ်၏နိုင်ငံရေး ခေါင်းဆောင်သေဆုံးမှုတို့သည် ဒေသတွင်း တင်းမာမှုများကို အထောက်အကူမပြုသော်လည်း  ပိုမိုကျယ်ပြန့်သော ပဋိပက္ခဖြစ်ပွားတော့မည့် အရိပ်လက္ခဏာများမရှိဟု ဇူလိုင် ၃၁ ရက်တွင် အိမ်ဖြူတော်က ပြောကြားခဲ့သည်။

“လွန်ခဲ့တဲ့ ၂၄ နာရီနဲ့ ၄၈ နာရီမှာ ထွက်ပေါ်လာတဲ့ အဲဒီသတင်းတွေဟာ တင်းမာမှုလျော့ကျသွားဖိုု့ အထောက်အကူမပြုပါဘူး” ဟု အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရ ဂျွန်ကာဘီက ပြောကြားခဲ့သည်။ အထက်ပါတိုက်ခိုက်မှုများအကြောင်းကို သတင်းထောက်က မေးမြန်းရာတွင် ဂျွန်ကာဘီကယင်းသို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ဟာ ပဋိပက္ခအရှိန်မြင့် တက်လာမှာကို အမှန်တကယ် စိုးရိမ်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

အောက်တိုဘာ ၇ ရက်တွင် ဟားမာ့စ်က အစ္စရေးကိုဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းကြောင့် ဂါဇာစစ်ပွဲ စတင်ဖြစ်ပွားကတည်းက အရှေ့အလယ်ပိုင်းဒေသက စိုးရိမ်နေသော မီးကုန်ယမ်းကုန်စစ်ပွဲ ဖြစ်ပွားလာမည့် အန္တရာယ်ကို ကာဘီက မှေးမှိန်ပစ်ခဲ့သည်။

“ပဋိပက္ခအရှိန်မြင့်တက်လာတာဟာ ရှောင်လွှဲလို့မရတဲ့ကိစ္စဖြစ်ပါတယ်။ အဲဒီပဋိပက္ခဟာ မကြာမီဖြစ်လာတော့မယ်ဆိုတဲ့ လက္ခဏာတွေ မရှိပါဘူး”ဟု ၎င်းက ပြောကြားခဲ့သည်။

သို့သော်လည်း ၀ါရှင်တန်သည် ဖြစ်ပေါ်တိုးတက်မှုများကို သတိရှိရှိ စောင့်ကြည့်နေသည်ဟု ဂျွန်ကာဘီက ပြောကြားခဲ့သည်။

“ကျွန်တော်တို့က စိုးရိမ်ပူပန်မှုတွေကို လုံးလုံးခါထုတ်ပစ်လိုက်တာမျိုးတော့မဟုတ်ပါဘူး။ ကျွန်တော်တို့က အဲဒီပူပန်မှုတွေကို အနီးကပ်စောင့်ကြည့်နေတာဖြစ်ပါတယ်။ အဲဒါဟာ သမ္မတရဲ့အဓိက စိုးရိမ်စရာကိစ္စ ဖြစ်နေပါတယ်”ဟု ကာဘီက ပြောကြားခဲ့သည်။

ဂါဇာ အပစ်အခတ်ရပ်စဲရေးကို တွန်းအားပေးရန် ရည်ရွယ်ခဲ့သော သမ္မတ ဂျိုးဘိုင်ဒင်ကို အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက အိမ်ဖြူတော်တွင် သွားရောက်တွေ့ဆုံခဲ့ပြီးနောက် တစ်ပတ်မပြည့်မီ အစ္စ ရေး၏ခါးသီးသော ရန်သူတော်နှစ်ဦးကို တိုက်ခိုက်မှုများ ဖြစ်ပေါ်လာခြင်းဖြစ်သည်။

ဟားမာ့စ်၏နိုင်ငံရေးခေါင်းဆောင် အစ္စရေးဟာနီယက် တီဟီရန်တွင် သေဆုံးသွားခြင်းမှာ အစ္စရေးတိုက်ခိုက်မှုကြောင့်ဖြစ်သည်ဟု ဟားမာ့စ် အပြစ်တင်ထားသည်။

ပါလက်စတိုင်းစစ်သွေးကြွအုပ်စု ဟားမာ့စ်၏အကြီးအကဲ အစ္စမေးလ်ဟာနီယက်သည် ၎င်း၏သက်တော်စောင့်တစ်ဦးနှင့် အတူ တီဟီရန်မြို့တွင် သေဆုံးသွားခဲ့သည်ဟု ဇူလိုင် ၃၁ ရက်တွင် အီရန်တော်လှန်ရေးအ စောင့်တပ်ကထုတ်ပြန်ခဲ့သည်။

ဟားမာ့စ်အဖွဲ့၏နိုင်ငံရေးဆိုင်ရာ ခေါင်းဆောင်အစ္စမေးလ်ဟာနီယက်သည်  အီရန်သမ္မတသစ်ကျမ်းကျိန်ပွဲကိုတက် ရောက်ခဲ့ရာနေရာဖြစ်သော အီရန်နိုင်ငံတွင် အစ္စရေးတိုက်ခိုက်မှုအတွင်း သေဆုံးသွားခဲ့သည်ဟု ဇူလိုင် ၃၁ ရက်တွင် ဟားမာ့စ်က ပြောကြားခဲ့ပြီး ယင်းလုပ်ရပ်ကို မတုံ့ပြန်ဘဲ နေမည်မဟုတ်ဟု သတိပေးပြောကြားခဲ့သည်။

ဟာနီယက်ကို တိုက်ခိုက်မှုနှင့်ပတ်သက်၍ အစ္စရေးဘက်က ဖြေကြားခြင်းမရှိပေ။ အစ္စရေးက ၎င်း၏ရန်သူများကို လက်သီးပြင်းများဖြင့် ထိုးနှက်ခဲ့သည်ဟုသာ ဝန်ကြီးချုပ်နေတန်ယာဟုက ပြောကြားခဲ့သည်။

ဟားမာ့စ်ထိန်းသိမ်းထားသော ဓားစာခံများ လွတ်မြောက်ရေးနှင့် အပစ်အခတ်ရပ်စဲရေးတို့ သဘောတူညီချက်ရရှိရေးအတွက် တိုက်ခိုက်မှုများက ဆွေးနွေးပွဲများအပေါ်မည်သည့် သက်ရောက်မှုများရှိသလဲဆိုသည်ကိုပြောရန် စောလွန်းနေသည်ဟု ကာဘီက ပြောကြားခဲ့သည်။

“အဲဒီကိစ္စတွေ ဆောင်ရွက်နေတာကို ကျွန်တော်တို့က ရပ်တော့မယ်ဆိုတဲ့သဘော မဟုတ်ပါဘူး။ အခု ကျွန်တော်တို့ စကားပြောနေချိန်မှာပဲ အရှေ့အလယ်ပိုင်းမှာ ကျွန်တော် တို့ရဲ့ကိုယ်စားလှယ်အဖွဲ့ရှိနေပါတယ်”ဟု ၎င်းက ရှင်းလင်းပြောကြားခဲ့သည်။

Ref: AFP

Most Read

Most Recent