■ မန်ယူကွင်းလယ်ကစားသမား မေဆန်မောင့် ကြွက်သားဒဏ်ရာကြောင့် (၅) ပတ်ခန့် နားရမည်     

■ မန်ယူကွင်းလယ်ကစားသမား မေဆန်မောင့် ကြွက်သားဒဏ်ရာကြောင့် (၅) ပတ်ခန့် နားရမည်     
Photo: Getty Images
Photo: Getty Images
Published 30 August 2024

မန်ယူကွင်းလယ်ကစားသမား မေဆန် မောင့်သည် ဘရိုက်တန်နှင့်ပွဲတွင် ရရှိခဲ့သည့် ကြွက်သားဒဏ်ရာကြောင့် လေးပတ်မှ ငါးပတ်ခန့်အထိ အနားယူရမည်ဖြစ်ကြောင်း သိရှိရသည်။ 

    

မေဆန်မောင့်သည် သြဂုတ်လ ၂၄ ရက်က ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ် ဘရိုက်တန် (၂-၁) မန်ယူပွဲ၌ အသေးစား ကြွက်သားဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်ပြီး ဒုတိယပိုင်းအစတွင် ဇက်ဇီနှင့် လူစားလဲခဲ့ရသည်။  

ယခုအခါ မေဆန်မောင့်က ဘရိုက်တန်နှင့်ပွဲတွင် ကြွက်သားဒဏ်ရာရရှိခဲ့ပြီး ရက်သတ္တပတ်အနည်းငယ် အနားယူရမည်ဖြစ်ကြောင်း ၎င်း၏ Instagram တွင် အတည်ပြုခဲ့သည်။ 

The Athletic သတင်းဌာနကမူ မေဆန်မောင့်အနေဖြင့် အဆိုပါကြွက်သားဒဏ်ရာကြောင့် လေးပတ်မှ ငါးပတ်ခန့်အထိ အနားယူရမည်ဖြစ်ကြောင်း ဖော်ပြခဲ့ခြင်းဖြစ်သည်။ 

    

အသက် ၂၅ နှစ်အရွယ်ရှိ မေဆန်မောင့်သည် ၂၀၂၃ နွေရာသီအပြောင်းအရွှေ့စျေး ကွက်တွင် ချယ်လ်ဆီးအသင်းမှ မန်ယူအသင်းထံသို့ Add-ons ကြေးအပါအဝင် ပေါင်သန်း ၆၀ ဖြင့် ပြောင်းရွှေ့လာခဲ့သည်။ 

သို့သော် ၎င်းသည် မန်ယူအသင်းတွင် ဒဏ်ရာပြဿနာများနှင့် ရင်ဆိုင်ခဲ့ရကာ ပြီးခဲ့သည့် ၂၀၂၃ -၂၄ ရာသီက ပြိုင်ပွဲစုံ ပွဲ ၂၀ သာ ပါဝင်ကစား နိုင်ခဲ့ပြီး တစ်ဂိုးသာ သွင်းယူနိုင်ခဲ့သည်။ 

ထို့ကြောင့် မေဆန်မောင့်မှာ ဝေဖန်မှုများနှင့် ရင်ဆိုင်နေရပြီး ယခုဒဏ်ရာရခြင်းမှာ ၎င်းအတွက် ထိုးနှက်ချက်ဖြစ်ကြောင်း သိရသည်။ 

Most Read

Most Recent