ဂီတာဖေးအသင်း၏ ၂၀၂၃-၂၄ ရာသီ အကောင်းဆုံးကစားသမားဆုကို ဂရင်းဝုဒ် ရရှိ

ဂီတာဖေးအသင်း၏ ၂၀၂၃-၂၄ ရာသီ အကောင်းဆုံးကစားသမားဆုကို ဂရင်းဝုဒ် ရရှိ
Photo: Getafe
Photo: Getafe
Published 1 July 2024

မန်ယူအသင်းမှ ဂီတာဖေးအသင်းသို့ ပြောင်းရွှေ့ကစားခဲ့သည့် အင်္ဂလန်တိုက်စစ်ကစားသမား ဂရင်းဝုဒ်သည် ၂၀၂၃-၂၄ ရာသီအတွက် ဂီတာဖေးအသင်း၏ အကောင်းဆုံးကစားသမားဆု ရရှိခဲ့ကြောင်း သိရသည်။

ဂရင်းဝုဒ်(၂၂ နှစ်)သည် မန်ယူအသင်း၏ အနာဂတ်ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရသော်လည်း ဆိုးရွားသည့် လူမှုရေးပြဿနာနှင့် ကြုံတွေ့ခဲ့ရသည့်အတွက် ပြီးခဲ့သည့်ရာသီတွင် ဂီတာဖေးအသင်းထံ အငှားသွားရောက်ကစားခဲ့ရခြင်းဖြစ်သည်။

သို့ သော် ဂီတာဖေးအသင်းနှင့်အတူ လာလီဂါပြိုင်ပွဲ၌ (၈)ဂိုးသွင်း၊ (၆)ဂိုးဖန်တီးကာ ခြေစွမ်းပြနိုင်ခဲ့သည့်အတွက် အကောင်းဆုံးကစားသမားဆု ရရှိခဲ့ခြင်းဖြစ်သည်။

ဂီတာဖေးအသင်းသည် ခြေစွမ်းပြနိုင်ခဲ့သည့် ဂရင်းဝုဒ်ကို အပြီးသတ်ခေါ်ယူရန် ဆန္ဒရှိသော်လည်း မန်ယူအသင်း အလိုရှိသည့် ပြောင်းရွှေ့ကြေးပမာဏကို ပေးချေနိုင်ခြင်းမရှိသည့်အတွက် လမ်းခွဲရတော့မည် ဖြစ်ကြောင်း သိရသည်။

မန်ယူအသင်းသည် ဂရင်းဝုဒ်ကို အသင်းတွင် ပြန်လည်နေရာပေးရန် မဖြစ်နိုင်တော့သည့်အတွက် ယခု နွေရာသီတွင် အပြီးသတ်ရောင်းထုတ်ရန် စီစဉ်နေပြီး ၎င်းအတွက် ပြောင်းရွှေ့ကြေးကို ပေါင်သန်း(၅၀)ဝန်းကျင် ရရှိရန် လိုလားနေကြောင်း သိရသည်။

ဂရင်းဝုဒ်သည် ငယ်ရွယ်ပြီး ခြေစွမ်းခြေစရှိသည့်ကစားသမား ဖြစ်သောကြောင့် ခေါ်ယူလိုသည့်အသင်းများစွာရှိနေပြီး ဂျူဗင်တပ်စ်၊ လာဇီယို၊ ဗလင်စီယာနှင့် မာဆေးလ်အသင်းတို့က ချိန်ရွယ်နေကြောင်း သိရသည်။

Most Read

Most Recent